နိုင်ငံလုံးဆိုင်ရာ
အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုး မှုနှင့် နိုင်ငံရေး ဆွေးနွေးပွဲများ
ပြုလုပ်ရာတွင် ဒေါ်အောင်ဆန်စုကြည် တက်ရောက် ပါဝင်ရန်
တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ၏ ခေါင်းဆောင်များက
လိုလားလျက်ရှိကြောင်း NCCT ခေါင်းဆောင် နိုင်ဟံသာက ပြောကြားခဲ့သည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် အား ပြည်သူ့ကိုယ်စားလှယ် အဖြစ် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် ပိုမို ပါဝင်လာရန် နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (NCCT) ခေါင်းဆောင် ဦးနိုင်ဟံသာက ပြောကြားသည်။ ဒေါ်အောင်ဆန်းစုကြည်သည် သြဂုတ် ၁၈ က သူမ၏နေအိမ်တွင် တိုင်းရင်းသားအဖွဲ့ခေါင်းဆောင်များနှင့် တွေ့ဆုံခဲ့ပြီး ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များနှင့် အခြေခံဥပဒေပြင်ဆင်ရေး ကိစ္စရပ်များအား ဆွေးနွေးခဲ့သည်။
“ဒေါ်စုက ကျွန်တော်တို့ရဲ့ ငြိမ်းချမ်းရေးလုပ်ငန်း အစီအစဉ်ကို
အလွန်စိတ်ဝင်စားပြီး ဖိတ်ခေါ်ခံရတာနဲ့ ပါဝင်ဖို့အသင့်ရှိနေတယ်လို့ ကတိပေးခဲ့ပါတယ်”ဟု ဦးနိုင်ငံဟာကဆိုသည်။
ဒေါ်စုနှင့် တွေ့ဆုံဆွေးနွေးမှုတွင် အခြေခံဥပဒေ ပြင်ဆင်ရေးနှင့် ရွေးကောက်
ပွဲတွင် အချိုးကျကိုယ်စားပြုစနစ် (PR) အသုံးပြုနိုင်သည့် အလား အလာတို့နှင့်
ပတ်သက်သည့် အကြောင်းအရာများ ပါဝင်သည်ဟုဆိုသည်။
“ရွေးကောက်ပွဲကို ဘယ်လိုချဉ်းကပ် ရမယ်။ PR စနစ်ရဲ့ပြဿနာတွေကို
ဘယ်လိုဖြေရှင်းရမယ်ဆိုတာ အခြေခံဥပဒေပုဒ်မ ၄၃၆ ပြင်ဆင်ရေး လက်
မှတ်ထိုးတောင်းဆိုမှုတွေအကြောင်း မေးမြန်းဆွေးနွေးခဲ့ပါတယ်”ဟု ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) အတွင်းရေးမှူး ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောကြားသည်။
ဒေါ်အောင်ဆန်းစုကြည် ထံမှ အကြံဥာဏ်ရယူခဲ့ခြင်း ရှိ/မရှိ မေးမြန်းမှုကို တိုင်းရင်းသားခေါင်းဆောင်များက ဖြေကြားရန် ငြင်းဆန်ခဲ့ သည်။
ငြိမ်းချမ်းရေးဆွေးနွေးပွဲတွင်
ဒေါ်အောင်ဆန်းစုကြည် ပါဝင်နိုင်ရန် အစိုးရ၏ ဖိတ်ခေါ်မှု လိုအပ်လျက်ရှိသည်။
ဒေါ်အောင်ဆန်းစုကြည်က ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် ပါဝင်လိုကြောင်း
ထုတ်ဖော်ပြောကြားခဲ့သော်လည်း အစိုးရက ဖိတ်ခေါ်ခြင်းမရှိဟု NLD ပြောခွင့်ရပုဂ္ဂိုလ် ဦးဥာဏ်ဝင်းက ပြော ကြားသည်။
အပြစ်အခတ်ရပ်စဲရေးစာချုပ်တွင်
အသိသက်သေအဖြစ် ပါဝင် လက်မှတ်ရေး ထိုးစေ လိုသည့် အမည် စာရင်းအား NCCT က
အဆိုပြုထားပြီး အမေရိကန်၊ ယူကေ၊ ဂျပန်၊ တရုတ်၊ ပြင်သစ်၊ နော်ဝေနှင့်
ကုလသမဂ္ဂ တို့ ပါဝင်သည်။
သဘောတူညီချက် ဒုတိယမူကြမ်းအား
စက်တင်ဘာတွင် ဆွေးနွေး ညှိနှိုင်းပြီး အောက်တိုဘာ တွင်
သဘောတူလက်မှတ်ရေးထိုးနိုင် ရန် မျှော်လင့် ထားကြသည်။
ဓါတ်ပုံ - NLD Credit - The Ladies News Journal
No comments:
Post a Comment