ပြည်ထောင်စုလွှတ်တော်က ဇူလိုင်လ ၃၁ ရက်နေ့တွင် အတည်ပြုလိုက်သော အမျိုးသားပညာရေး ဥပဒေကို ကန့်ကွက်သည့် အနေနှင့် မုံရွာမြို့ပေါ်တွင် တက္ကသိုလ် ကျောင်းသားများက ဘွဲ့ရ ဆိုက်ကားနင်းသူ၊ ဘွဲ့ရ ရေစည်လှည်းတွန်းသူ စသဖြင့် သရုပ်ပြ၍ သြဂုတ်လ၂၉ ရက်နေ့ ညနေပိုင်းက ဆန္ဒထုတ်ဖော်ခဲ့ကြသည်။
တက္ကသိုလ်ကျောင်းသား ကျောင်းသူများ၏ သရုပ်ပြ ဆန္ဒထုတ်ဖော်မှုကို မုံရွာစီးပွားရေးတက္ကသိုလ်မှ
“လက်ရှိ အတည်ပြုလိုက်တဲ့ အမျိုးသားပညာရေး ဥပဒေပါ အချက်တွေမှာ ပညာရေး စနစ်တစ်ခုလုံးကို ဗဟိုက ချုပ်ကိုင်နိုင်အောင် အခွင့်အလမ်းတွေ ပေးထားတာ တွေ့ရသလို၊ ပညာရေးစနစ်ကောင်း တစ်ခုရဲ့အသက်ဖြစ်တဲ့ ကိုယ်ပိုင်စီမံခန့်ခွဲခွင့်
မုံရွာမြို့ပေါ်ရှိ တက္ကသိုလ်ပေါင်းစုံမှ တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူ တစ်ရာခန့်သည် မုံရွာမြို့ပေါ်တွင် အမျိုးသားပညာရေး ဥပဒေမူကြမ်း ပြန်လည်ရေးဆွဲပေးရန် သြဂုတ်လ ၂၄ ရက်နေ့က မုံရွာခရိုင် ကျောင်းသားသမဂ္ဂ ဗကသများအဖွဲ့ချုပ်နှင့် ကျောင်းသားပရဟိတ အသင်းများ ပူးပေါင်း၍ ဆန္ဒထုတ်ဖော်ခဲ့ပြီး ယင်းဆန္ဒထုတ်ဖော်မှုတွင် ပါဝင်သည့် ကျောင်းသား ၄ ဦးကို ပုဒ်မ ၁၈ ဖြင့် နယ်မြေရဲစခန်းက အမှုဖွင့် အရေးယူထားကြောင်း ယင်းရဲစခန်းထံမှ သိရသည်။
ယခု ဆန္ဒထုတ်ဖော်မှုသည် ပညာရေး ဥပဒေကြမ်းနှင့် ပတ်သက်၍ ဒုတိယမြောက် ဆန္ဒထုတ်ဖော်မှု ဖြစ်ပြီး ပါဝင်သူများကို အရေးယူရန် အစီအစဉ် ရှိ၊ မရှိ မသိရသေးပေ။
Credit - The Voice Weekly

No comments:
Post a Comment