Sunday, August 24, 2014

ငြိမ်းချမ်းရေးဆွေးနွေးပွဲ တိုးတက်မှုရှိသော်လည်း တိကျခိုင်မျာသည့် ထုတ်ပြန်ချက်များမရှိသေးဟု ဗိုလ်ချုပ်ဂွမ်မော်ပြော

ဇွဲမာန် - Flower News Journal အတွဲ(၁၀)၊ အမှတ် (၃၃)။

ရန်ကုန်၊

ငြိမ်းချမ်းရေးဆွေးနွေးပွဲရလဒ် အနေဖြင့် တိုးတက်မှုရှိသော်လည်း တိကျခိုင်မာစွာထုတ် ပြန်ရမည့်အချက် မရှိသေးကြောင်း တစ်နိုင်ငံလုံးအပစ် အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့(NCCT)မှ ဒုတိယအဖွဲ့ခေါင်းဆောင်(၂) ဗိုလ်ချုပ်ဂွမ်မော်ကပြော သည်။



ယင်းက ''လက်ရှိအချိန်အထိတော့ တိကျ ခိုင်မာတဲ့ ထုတ်ပြန်ချက်တွေ မရှိသေးပေမယ့် ဆွေးနွေး ပွဲရလဒ်တွေကတော့ တိုးတက်လာနေတယ်လို့ထင်ပါ တယ်''ဟု ပြောသည်။

သြဂုတ် ၁၈ရက် မြန်မာ့ငြိမ်းချမ်းရေးစင်တာ တွင်ပြုလုပ်သော အစိုးရ၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် နိုင်ငံရေးပါတီများ ပြည်တွင်းငြိမ်း ချမ်းရေးအတွက် သုံးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးပွဲတွင် ဗိုလ်ချုပ်ဂွမ်မော်က ပြောကြားခဲ့ခြင်းဖြစ်သည်။

''အရင်ကဆို ကျွန်တော်တို့က ဘယ်လိုတိုက် ရမလဲစဉ်းစားတယ်။ ခုဆိုရင် တိုက်ပွဲတွေ ဘယ်လိုတား ရမလဲဆိုတာ စဉ်းစားတဲ့အဆင့် ရောက်နေပြီ။ နှစ်နှစ် သုံးနှစ်အတွင်းမှာ သွားနေတဲ့အဆင့်ပဲဖြစ်ပါတယ်'' ဟု ဗိုလ်ချုပ်ဂွမ်မော်က ဆိုသည်။

မန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးဖြစ်စဉ်တစ်ခုလုံးသည် ကောင်းမွန်သည့် တိုးတက်ပြောင်းလဲမှုများ ရှိနေပြီး လက်ရှိငြိမ်းချမ်းရေးဖြစ်စဉ်တွင် ပါဝင်ဆွေးနွေး လျက်ရှိသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ ပုံစံသည် ယခင်နှင့် ကွာခြားမှုများရှိကြောင်း ယင်းက ဆက်လက်ပြောကြားသည်။

ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC) ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စု ဝန်ကြီးဦးအောင်မင်းက ''လွန်ခဲ့တဲ့ငါးနှစ်အချိန်ကဆိုရင် ဒီနေ့ဒီလိုဆွေးနွေးပွဲမျိုး မပြောနဲ့ တောင့်တဖို့တောင် မဖြစ်နိုင်ဘူးဆိုတာ အားလုံးသိကြမှာပါ'' ဟု ဆွေးနွေးပွဲ ရလဒ်နှင့်ပတ်သက်၍ ပြောကြားခဲ့သည်။

အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်းများ၊ နိုင်ငံရေး ပါတီများနှင့် တွေ့ဆုံဆွေးနွေးမှု အပြီးတွင် ပြည်တွင်းငြိမ်းချမ်းရေးရရှိရန် အဓိကအားဖြင့် အရေးကြီးဆုံးအချက်ဟု တိုင်းရင်းသားများ ခံယူထား သော ဒီမိုကရေစီအရေး၊ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကိုအခြေခံသော ဖက်ဒရယ်ပြည်ထောင် စုတည်ဆောက်ရန် အစိုးရမှ သဘောတူလိုက်ခြင်း သည် နှစ် ၆ဝအတွင်း ဖြစ်ပွားလျက်ရှိသော ပြည်တွင်းစစ်ပြဿ နာကို ဖြေရှင်းရန် လမ်းစတစ်ခုဖြစ်ကြောင်း တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့(NCCT)မှ အဖွဲ့ခေါင်းဆောင်ဦးနိုင်ဟံသာက ပြောသည်။

#FlowerNewsJournal

 
 

No comments:

Post a Comment