ရေခဲရေပုံးကို ခေါင်းကနေ
လောင်းချိုးပြရင်း တယောက်ကိုတယောက် စိန်ခေါ်တဲ့ လုပ်ရပ်တမျိုး အခု တလော
ကမ္ဘာတလွှားမှာ လှုံ့ဆော်မှု တခုအဖြစ် အလွန်ပဲ ခေတ်စားလာနေပါတယ်။
ဖေ့စ်ဘုတ်တည်ထောင်သူ မာ့ခ် ဇူကာဘတ် ကလည်း ရေခဲရေပုံး ခေါင်းကလောင်းချိုးပြရင်း မိုက်ကရို
ဆော့ဖ်သူဋ္ဌေးကြီး ဘီလ်ဂိတ်ကို
စိန်ခေါ်တာကအစ ထိုင်း ဝန်ကြီးချုပ်ဟောင်း အဘီဇစ် က အလယ်၊ နာမည်ကြီး မင်းသား
မင်းသမီးတွေ အပြန်အလှန် စိန်ခေါ်မှုတွေနဲ့ အာရှတခွင်လည်း အလားတူ
စိန်ခေါ်မှုတွေ၊ လှုံ့ဆော်မှုတွေက လူမှုကွန်ရက်တွေမှာ အတော်ပဲ ခေတ်စား
လာနေပါတယ်။
အင်္ဂလိပ်ဘာသာနဲ့ Ice Bucket
Challenge လို့ ခေါ်ဆိုတဲ့ အဲဒီ စိန်ခေါ်မှုဟာ amyotrophic lateral sclerosis
(ALS) ရောဂါသတိပေးလှုံ့ဆော်မှုနဲ့ သုတေသနဆိုင်ရာ အလှူအတန်းကိစ္စအပေါ် အားပေးတဲ့
သဘောနဲ့ လှုံ့ဆော်တဲ့ လုပ်ရပ်လို့ ဝီကီပီဒီးယားက ရေးထားပါတယ်။
ဗြိတိန်မှာ လူတွေက Motor Neurone
Disease Association အတွက် စိန်ခေါ်မှုမှာ ပူးပေါင်းပါဝင်ဖို့ သူတို့ ခေါင်း
ပေါ် ရေခဲရေပုံးလိုက်လောင်းချပြီး အမည်နဲ့တကွ ဘယ်သူ့ကို အလားတူလုပ်ဖို့
စိန်ခေါ်တဲ့ ဗွီဒီယိုတွေ ရိုက်ကြတယ်တဲ့။
တဖက်က အမည်ထုတ်ပြောပြီး
စိန်ခေါ်ခံရသူကလည်း ၂၄ နာရီအတွင်း အကြောင်းပြန်ပြီး အလားတူ လုပ်ပြတယ်။
ငွေကြေး အလှူအတန်း တုံ့ပြန်မှုတွေရဖို့ လုပ်ကြတာပါဘဲ။
ရေခဲရေ ပုံးလိုက်ခေါင်းက လောင်းချပြတဲ့ လုပ်ရပ်မျိုးဟာ အမေရိကန်မြောက်ပိုင်းမှာ လည်း
ခေတ်စားပြီး အဓိက သုတေသန ဒါမှ မဟုတ် ရံပုံငွေ ရှာဖွေရေး နှိုးဆော်တဲ့လုပ်ရပ်ဖြစ်တယ်လို့ ဝီကီပီဒီယားက ရေးထားပါတယ်။
Credit - The Irrawaddy (Burmese Version)
No comments:
Post a Comment