လက်ပံတောင်းတောင်
ကြား စေတီတော်ထီးတော်တင် လှူပွဲနှင့် ဗုဒ္ဓဘိသေကအနေကဇာ
တင်လှူပွဲအခမ်းအနားသို့ ဘုရားဖူးရန်လာရောက်သည့် တုံကျေးရွာ
ဒေသခံတောင်သူအချို့ကို သြဂုတ် ၂၂ ရက်နံနက်က ကျော်ကျေး ရွာအနီး
ညောင်ပင်ကြီး-ယင်းမာပင်လမ်းပေါ်ရှိ ကျော်ရွာတံတား တွင်
သက်ဆိုင်ရာကတားမြစ်ခဲ့ ကြောင်း ဒေသခံများက ပြော သည်။
‘‘လက်ပံတောင်းတောင် ကြားစေတီ ဖူးမြော်ချင်လို့ မနက်၈ နာရီလောက် ရွာကထွက်လာ ခဲ့တာ။ ကျော်ရွာတံတားကို ရောက်တော့ လုံခြုံရေးရဲတွေက ဘုရားဖူးခွင့်ကိုတားခဲ့တယ်။ ဘုရားကိုရောက်တော့လည်း ဝင်ခွင့်မရတဲ့အတွက် ခြံစည်းရိုးအပြင်ဘက်ကနေ ဖူးမြော်ခဲ့ရပါတယ်’’ဟု လက်ပံတောင်းတောင်ကြားစေ တီသို့ လာရောက်ဖူးမြော်စဉ်သက်ဆိုင်ရာ၏ တားမြစ်ခြင်းခံရသော ဆားလင်းကြီးမြို့နယ် တုံကျေးရွာ ဒေသခံတစ်ဦးက ပြောသည်။
ကျော်ရွာအနီး လက်ပံ တောင်းတောင်ကြားစေတီတော် ပရိဝုဏ်ပြင်ပ အဝင်ပေါက်အနီး တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ တားမြစ်ခဲ့သဖြင့် အဆိုပါဝင်ပေါက်အ နီးတွင် တုံကျေးရွာသား ၃၀ ခန့်က ကန်တော့ပွဲဖြင့် ဘုရားအားပူဇော်ခြင်း၊ ဆုတောင်းခြင်းနှင့် လက်ပံတောင်းတောင် ဖျက်ဆီးသူများ အား ကျိန်စာတိုက်ခဲ့ကြောင်း တုံကျေးရွာဒေသခံများပြောပြချက် အရသိရှိရသည်။
ဘုရားဖူးလာရောက်သည့် တုံကျေးရွာဒေသခံများက စုံစမ်း စစ်ဆေးရေးအစီရင်ခံစာအတိုင်း မလုပ်ဆောင်ဘဲ လယ်တီသိမ် ကျောင်း ဖြိုဖျက်ခဲ့သော လုပ်ငန်း ဖော်ဆောင်ရေးကော်မတီ ကျဆုံးပါစေ၊ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကြောင့် ငါတို့ တစ်တွေရဲ့မြေတွေ အသိမ်းခံနေ ရသည် စသည့်တောင်းဆိုချက် ပါစာသားများကိုင်ဆောင်၍ ဝတ် ပြုဆုတောင်းပွဲအခမ်းအနားကို မိနစ် ၃၀ ခန့်အကြာ ကျင်းပပြုလုပ်၍ နေရပ်အသီးသီးသို့ ပြန်လည်ထွက်ခွာသွားကြောင်းသိရှိရသည်။
Credit - 7Day Daily

No comments:
Post a Comment