လက်ဖက်ရည်ဆိုင်၊ ကွမ်းယာဆိုင်များနှင့် စာသင် ကျောင်းများအနီးတွင် မူးယစ်
ဆေးဝါးကို လွယ်ကူစွာဝယ်ယူနိုင် သဖြင့် ကျောင်းသားလူငယ်များ အတွက် မိဘများ
အထူးစိုးရိမ်စရာဖြစ်နေကြောင်း နိုင်ငံတော် သမ္မတဦးသိန်းစိန်က ၂၀၁၄-၁၅
ဘဏ္ဍာနှစ်ပထမလေးလပတ် အစည်းအဝေးတွင် ပြောကြား သည်။
မူးယစ်ဆေးဝါးများသည် ကျောင်းသားလူငယ်များအလွယ် တကူလက်လှမ်းမီသည့် နေရာသို့
ရောက်လာသဖြင့် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးကို ပြည်သူပါ ၀င်သော
အဖွဲ့အစည်းများဖွဲ့ စည်း၍ ထိထိရောက်ရောက် ဆောင်ရွက်ရန်လိုအပ်ကြောင်း
နိုင်ငံတော်သမ္မတက ပထမလေး လပတ်အစည်းအဝေးနိဂုံးချုပ် အမှာစကားပြောကြားရာတွင်
ထည့်သွင်းပြောကြားခဲ့သည်။
ထို့အပြင်လယ်ယာမြေများ ရောင်းချနေမှုနှင့် ပတ်သက်၍လည်း ဖွဲ့စည်းပုံအရ
နိုင်ငံတော်ကမြေအားလုံးကို ပိုင်ဆိုင်သဖြင့် ပုဂ္ဂလိကအနေဖြင့် ဟိုတယ်၊
ဓာတ်ဆီဆိုင်များ၊ စက်ရုံများ တည် ဆောက်ချင်တိုင်း တည်ဆောက်
ခွင့်မရှိကြောင်း၊ အထူးသဖြင့် လယ်ယာမြေများကို အခြားနည်း လမ်းအရ
အသုံးမပြုရန် ဥပဒေ အရကန့်သတ်ထားကြောင်း လည်းပြောသည်။
မြို့ကြီးများတွင် လူဦးရေထူ ထပ်လာသဖြင့် အထပ်မြင့်အ ဆောက်အအုံများ၊
ဝင်ငွေနည်း သည့် အခြေခံလူတန်းစားများနေ ထိုင်မည့် တန်ဖိုးနည်းအိမ်ရာ
စနစ်များ ဦးစားပေးအကောင်အထည်ဖော်ပြီး အရစ်ကျနှစ်ရှည် ချေးငွေစနစ်ဖြင့်
ဆင်းရဲနွမ်းပါးသူ၊အငြိမ်းစားဝန်ထမ်းများ၊ စစ်မှု ထမ်းဟောင်းများ၊
မသန်စွမ်းသူ၊ ကျဆုံးစစ်သည်မိသားစုများကို ဦးစားပေးရောင်းချရန်လိုအပ်
ကြောင်း ပြောကြားသွားသည်။
အစိုးရလက်ကျန်ကာလ တစ်နှစ်ခွဲသည် အချိန်ကန့်သတ် ချက်ဖြစ်နေသဖြင့်
များစွာသော လုပ်ငန်းများထဲမှပြည်သူများအား အမြန်ဆုံး အကျိုးပြုနိုင်မည့်
(QUICK WIN) ရရှိနိုင်မည့် လုပ် ငန်းများကို ရွေးချယ်ပြီး (Third Wave)
တွင် အရှိန်မြှင့်တင်ဆောင်ရွက်ပေးရန် တိုက်တွန်းခဲ့သည်။
Credit - 7Day Daily
No comments:
Post a Comment