Sunday, August 24, 2014

ဗောရောဗုဒ္ဓဘုရားကျောင်းအား ISIS နောက်လိုက်များ အကြမ်းဖက်တိုက်ခိုက်မည်ကို စိုးရိမ်ရ

ISIS နောက်လိုက်များက ကမ္ဘာကျော်ရှေးဟောင်းအမွေအနှစ်တခုဖြစ်သော ဗောရောဗုဒ္ဓဘုရားကျောင်းအား တိုက်ခိုက်မည်ဆိုသော အင်တာနက်ပေါ်မှတဆင့် ခြိမ်းခြောက်မှုကြောင့် အင်ဒိုနီးရှားနိုင်ငံ ဂျာဗားအလယ်ပိုင်းမှ ရဲတပ်ဖွဲ့များသည် ဘုရားကျောင်းအနီး လုံခြုံရေး တိုမြှင့်ထားသည်။


ယင်းကဲ့သို့ လုံခြုံရေးတိုးမြှင့်ထားသည့်အပြင် ဂျာဗားအလယ်ပိုင်းရဲတပ်ဖွဲ့က မည်သို့မည်ပုံတိုက်ခိုက်လာနိုင်ကြောင်းကိုလည်း အင်တာနက်သတင်းများအား စောင့်ကြည့်လျှက်ရှိကြောင်း ရဲတပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူ ရော်နီအက်ဖ်ဆွန်ပီ က ပြောသည်။

ဗောရောဗုဒ္ဓဘုရားကျောင်းအား တိုက်ခိုက်လိုသည့် ခြိမ်းခြောက်မှုကို ယခုလ ၁၆ရက်နေ့က ဖေ့စ်ဘွခ်ပေါ်သို့ တတ်လာခဲ့ခြင်းဖြစ်သည်။
“ကျွန်ုပ်တို့သည် အစ္စလာမ့်နိုင်ငံတော်ဖြစ်သည်၊ အာလ္လာ့အလိုအရ အစ္စလာမ့်နိုင်ငံတော်မူဂျာဟစ်တွေက ဗောရောဗုဒ္ဓကို ဖြိုဖျက်ပစ်လိုက်မယ်” ဟု ၀က်ဆိုဒ်တခုပေါ် ရေးသားခဲ့ခြင်းဖြစ်သည်။

အဆိုပါ သတင်းကြောင့် ဘုရားကျောင်းအတွင်းနှင့် ပတ်ဝန်းကျင်တွင် လုံခြုံရေးများ ပိုချထားရသည်ဟု ဗောရောဗုဒ္ဓဘုရားကျောင်း ထိန်းသိမ်းစောင့်ရှောက်ရေးအေဂျင်စီအကြီးအကဲဖြစ်သူ မာစစ်ဆူတိုပိုက ပြောသည်။

၉ ရာစုနှစ်များက တည်ဆောက်ခဲ့သော ဗောရောဗုဒ္ဓဘုရားကျောင်းသည် ကမ္ဘာအကြီးဆုံသော ဗုဒ္ဓဘုရားကျောင်းဖြစ်သည်။ ဗောရောဗုဒ္ဓဘုရားကျောင်းအား ယခင်ကလည်း ဗုံးခွဲတိုက်ခိုက်မှုပစ်မှတ်ဖြစ်ခဲ့ရသည်။ ၁၉၈၅ ခုနှစ်က အစွန်းရောက်တို့ ဗုံးခွဲတိုက်ခိုက်မှုကြောင်း ဗောရောဗုဒ္ဓဘုရားကျောင်းအတွင်းရှိ စေတီ ၉ ခု ပျက်စီးခဲ့ရသည်။ ၂၀၁၃ ခုနှစ် သြဂုတ်လက ဂျာကာတာရှိ ဧကယာနကျောင်းတော်ဗုံးခွဲတိုက်ခိုက်ခံခဲ့ရပြီးနောက်တွင်လည်း ဗောရောဗုဒ္ဓဘုရားကျောင်းအတွက် လုံခြုံရေး တိုးမြှင့်ခဲ့ရသေးသည်။

Ref ; The Straits Times

Credit - News Watch(စောင့်ကြည့်သတင်းဂျာနယ်)

 
 

No comments:

Post a Comment