Saturday, August 30, 2014

"အမျိုးသားပညာရေးဥပဒေ အား တက္ကသိုလ်ကျောင်းသားသမဂ္ဂကွန်ယက်(မုံရွာ) မှ ကျောင်းသား၊ကျောင်းသူ(၂၀၀)ခန့်က ဆန္ဒပြ"

ပြည်ထောင်စုလွှတ်တော် မှ အတည်ပြုပြဌာန်းထားရှိလိုက်တဲ့ အမျိုးသားပညာရေး ဥပဒေ ကို မုံရွာတက္ကသိုလ်ကျောင်းသားများသမဂ္ဂ၊မုံရွာစီးပွားရေးတက္ကသိုလ်
ကျောင်းသားများသမဂ္ဂ၊မုံရွာနည်းပညာတက္ကသိုလ် ကျောင်းသားများသမဂ္ဂ များ မှ စုပေါင်းပြီး ကျောင်းသား၊ကျောင်းသူအင်အား နှစ်ရာခန့်ဖြင့် သြဂုတ်လ(၂၉)ရက်နေ့
ညနေ(၃)နာရီ အချိန် တွင် ဇလုပ် ဆွမ်းအုပ် အ၀ိုင်းပတ် မှ ဗိုလ်ချု ပ်အောင်ဆန်း မြင်းစီးကြေးရုပ် အထိ ဆန္ဒထုတ်ဖော်ခဲ့ကြပါသည်။


“ကျနော်တို့ က ဗဟိုချုပ်ကိုင်မှုပပျောက်ဖို့ရယ်၊ဗဟိုချုပ်ကိုင်မှု လျှော့ချရေး၊
ကျောင်းသားထု အခွင့်အရေး အပြည့်အ၀ ရရှိရေး၊ သမဂ္ဂတွေ လွတ်လပ်စွာ ဖွဲ့စည်းဖို့၊ မိခင်ဘာသာစကား၊ တိုင်းရင်းသားဘာသာစကားတွေကို မဏ္ဍိုင်ပြုပြီး သင်ကြားတဲ့စနစ် အဲဒီအချက်တွေ မပါခဲ့တဲ့အတွက် ဒီလိုဆန္ဒ ထုတ်ဖော်ရတာပါ။” ဟု ဆန္ဒထုတ်ဖော်မှု မှာပါဝင်တဲ့ ကျောင်းသား ခေါင်းဆောင် က ပြောပါတယ်။

ပြီးခဲ့သည့် သြဂုတ်လ(၂၄)ရက်နေ့ က ဗကသ အဖွဲ့များတောင်းဆို သည့် အချ က် များ နှင့် ယနေ့ တကသ များတောင်းဆိုချ က်များသည် အားလုံးအတူတူဖြစ်နေ
ကြောင်းလည်း မုံရွာမြို့ခံများ က သုံးသပ်ပြောဆိုလျှက်ရှိသည်။
Credit - ThanLarWaddy Times

 
 
 
 
 
ဓာတ်ပုံ - Aung Nay Myo


 
 
 
 
 
 
 

 


 
 
 
ဓာတ်ပုံ - Nay Thiha
 
 
 
 
 
  
 
 

No comments:

Post a Comment