မုံရွာမြို့ပေါ်တွင် သြဂုတ်လ ၂၄ ရက်နေ့ ညနေပိုင်းက အမျိုးသားပညာရေး ဥပဒေမူကြမ်း ပြန်လည်ရေးဆွဲပေးရန် ဆန္ဒထုတ်ဖော်ခဲ့သည့် ကျောင်းသားများထဲမှ ဦးဆောင်ကျောင်းသား လေးဦးကို မုံရွာမြို့ နယ်မြေရဲစခန်းက ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့်နှင့် ငြိမ်းချမ်းစွာစုဝေးခွင့် ဥပဒေပုဒ်မ ၁၈ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း မုံရွာမြို့နယ် ရဲတပ်ဖွဲ့မှူး ရုံးထံမှ သိရသည်။
“ဆန္ဒထုတ်ဖော်တဲ့ နေ့ကတည်းက တစ်ခါတည်း အမှုဖွင့်ထားတာပါ” ဟု မုံရွာမြို့နယ် ရဲတပ်ဖွဲ့မှူး ဦးစိန်မင်းက ပြောဆိုသည်။
ပညာရေး ဥပဒေမူကြမ်းနှင့် ပတ်သက်၍ စီတန်း လှည့်လည်ခဲ့ရာတွင် ခွင့်ပြုချက်ကို ငါးရက် ကြိုတင် အကြောင်းကြားခြင်းမရှိဘဲ လှည့်လည်ခြင်း၊ မြို့နယ်စီမံခန့်ခွဲရေးအဖွဲ
“ကျွန်တော်တို့ကို အမှုဖွင့်ထားတယ်ဆိုပြီး အကြောင်းကြားလာတာတော့ မရှိသေးပါဘူး။ ဖွင့်ရင်လည်း ရင်ဆိုင်သွားမှာပါ။ အခုကိစ္စက တစ်မျိုးသားလုံးနဲ့ဆိုင်တဲ့
ပညာရေး အဆင့်အတန်းကို ဟန်ပြသဘော မဟုတ်ဘဲ အမှန်တကယ် စေတနာရှိရှိဖြင့် ဖွံ့ဖြိုးတိုးတက်စေလိုပါက ပညာရေးစနစ် တစ်ခုလုံးကို အမိန့်အာဏာများဖြင့် လွှမ်းမိုးချုပ်ကိုင်မှုမှ ကင်းလွတ်ရန် လိုအပ်သည်ဟူသည့် အချက်အပါအဝင် အမျိုးသားပညာရေး ဥပဒေမူကြမ်းနှင့် ပတ်သက်၍ အချက်ကိုးချက်ပါ ကြေညာချက် တစ်စောင်ကို သြဂုတ်လ ၂၃ ရက်နေ့က မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ/ဆရာမများ အဖွဲ့ချုပ် (ယာယီ) က ထုတ်ပြန်ထားသည်။
ဇူလိုင်လ ၃၁ ရက်နေ့က ပြည်ထောင်စုလွှတ်တော်၌ အတည်ပြုခဲ့သော အမျိုးသားပညာရေး ဥပဒေသည် ပညာရေးလွတ်လပ်မှု (Academic Freedom) ကို အာမခံထားခြင်း မရှိကြောင်း တွေ့ရပြီး ပုဒ်မ ၅၇ (က) အရ အခြေခံပညာကျောင်းများ၏ စီမံခန့်ခွဲပိုင်ခွင့်ကို ဝန်ကြီးဌာနသို့ ပေးအပ်ထားကြောင်း တွေ့ရှိရသည်ဟူသည့် အချက်များကိုလည်း ယင်းကြေညာချက်တွင် ဖော်ပြထားသည်။
သြဂုတ်လ ၂၄ ရက်နေ့ ညနေပိုင်းတွင် တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူများက တက္ကသိုလ်များကို ဖြတ်သန်း၍ ကျောက္ကာလမ်းမကြီး တစ်လျှောက် ဆန္ဒထုတ်ဖော်ခဲ့ပြီး အမျိုးသားပညာရေး ဥပဒေမူကြမ်း ပြန်လည်ရေးဆွဲရေး၊ ပညာရေးဥပဒေ ရေးဆွဲရာတွင် အားလုံး ပါဝင်နိုင်ရေးနှင့် ကျောင်းသားထု အခွင့်အရေး အပြည့်အဝရရှိရေး စသည့် အချက်များကို တောင်းဆိုခဲ့ကြသည်။
Credit - The Voice Weekly

No comments:
Post a Comment