သတင်းမီဒီယာလွတ် လပ်ခွင့် ဥပဒေနှင့်အညီ ရရှိရေး အတွက် ပြန်လည်ကျင်းပမည့်
လွှတ်တော်အစည်းအဝေးသို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ
တင်ပြမည်ဖြစ်ကြောင်း သတင်းရ ရှိသည်။
လက်ရှိကြုံတွေ့နေရသည့် သတင်းမီဒီယာများ၏ အခက်အခဲ အကျပ်အတည်းများ၊ သတင်းမီ ဒီယာသမားများအား ဖမ်းဆီးအ ရေးယူခြင်းတို့ကိုလည်း ထည့်သွင်းတင်ပြသွားမည်ဟု အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖြိုးမင်းသိန်းက ပြောသည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်အနေဖြင့် သတင်းမီဒီယာ လွတ်လပ်ခွင့် ဥပဒေနှင့်အညီ ရရှိရေးကို လွှတ်တော်တွင် ဆွေး နွေးနိုင်ရန် သတင်းမီဒီယာသမားနှင့် တွေ့ဆုံဆွေးနွေးမှုလည်း ပြုလုပ်သွားမည် ဖြစ်သည်။
ယခုလ ၂၈ ရက်တွင် သတင်းမီဒီယာသမားများနှင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ လွှတ်တော်ကိုယ်စားလှယ်များ သတင်း မီဒီယာလွတ်လပ်ခွင့်အတွက် တွေ့ဆုံဆွေးနွေးနိုင်ရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ လွှတ်တော်ရေးရာ ကော်မတီက သတင်းမီဒီယာများကို ဖိတ်ကြားထားသည်။
ပြီးခဲ့သည့် ဇူလိုင်အတွင်းက ကျင်းပပြီးစီးခဲ့သည့် လွှတ်တော်အစည်းအဝေးသို့ သတင်းမီဒီယာလွတ်လပ်ခွင့်အတွက် ဆွေးနွေးရန် တင်ပြခဲ့သော်လည်း ယင်း လွှတ်တော်တွင် ဆွေးနွေးခွင့်မရခဲ့ ကြောင်း၊ လာမည့် လွှတ်တော် အစည်းအဝေးတွင် ဆွေးနွေးခွင့် ရရန်ရှိကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖြိုးမင်းသိန်းက ဆိုသည်။
သတင်းမီဒီယာများအား တည်ဆဲဥပဒေအချို့ဖြင့် ဖမ်းဆီး အရေးယူနေခြင်းမှာ နိုင်ငံတကာ စံချိန်စံညွှန်းများနှင့် မကိုက်ညီ တော့သဖြင့် ပြုပြင်ပြောင်းလဲရ မည့် ဥပဒေများကိုလည်း တာဝန် ရှိ ဥပဒေပြုလွှတ်တော်မှ ပြုပြင် ပြောင်းလဲရန် လိုအပ်ကြောင်း မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ)အတွင်းရေးမှူး ဦးကျော် မင်းဆွေက ပြောကြားထားသည်။
လာမည့် စက်တင်ဘာ ၁၁ ရက်တွင် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးများ ပြန်လည်ကျင်းပမည် ဖြစ်သည်။
Credit - 7DAY DAILY
No comments:
Post a Comment