Wednesday, July 30, 2014

PR စနစ်အတွက် ကော်မရှင်ဖွဲ့စည်းရေး ယနေ့လွှတ်တော် အာဂျင်ဒါတွင် မပါဝင်သော်လည်း အတည်ပြု


ယနေ့ပြည်သူ့လွှတ်တော်တွင် လွှတ်တော်ဥက္ကဌသူရရွှေမန်းက PR စနစ်ကျင့်သုံးရေးနှင့် ပတ်သက်၍ ကော်မရှင်ဖွဲ့စည်းပြီး ဆောင်ရွက်မည်ဟု သဘောတူ မတူ ၃ ကြိမ် မေးမြန်းပြီးနောက် ကော်မရှင် ဖွဲ့စည်းရေးသည် ယနေ့ အာဂျင်ဒါတွင် မပါရှိသဖြင့် လွှတ်တော်အမတ်များအကြား ရှုပ်ထွေးမှုဖြစ်ခဲ့ရသဖြင့် ဒေါ်အောင်ဆန်းစုကြည်က မေးခွန်းထုတ်ခဲ့သည်။
“ဥက္ကဌကြီးရှင့် ကျမကနေပြီးတော့ အဆိုကိုကန့်ကွက်တာ၊ ထောက်ခံတာဆိုတာထက် ဘယ်အဆိုကိုကန့်ကွက်နေတာလဲ ထောက်ခံနေတာလဲ မရှင်းလို့ပါ။ ဦးအောင်ဇင်ရဲ့ ကျမတို့အာဂျင်ဒါထဲမှာ ရေးထားတဲ့အဆိုမှာဆိုလို့ရှိရင် ကော်မရှင်ဖွဲ့ရေးဆိုတာ လုံးဝမပါပါဘူး။ ဒီထဲပါတာကကတော့ 'ဒီမိုကရေစီစနစ်ကိုပိုမိုဖော်ဆောင်နိုင်သော အချိုးကျကိုယ်စားပြုစနစ်ကိုအခြေခံသည့် ရွေးကောက်ပွဲနည်းလမ်းကို ပြည်သူ့လွှတ်တော်က ရွှေးချယ်တင်မြှောက်ပွဲအတွက် စီစဉ်ဆောင်ရွက်ပေးရေး' ဖြစ်ပါတယ်။ အဲဒီဟာနဲ့ ဥက္ကဌကြီးပြောတာက ကော်မရှင်ဖွဲ့ရေးကိစ္စကို သဘောတူလားဆိုတာ နဲနဲကွဲပြားမှုရှိနေလို့ပါ၊ ဒါကြောင့် ကျမတို့ဟာဘာအတွက်ဆန္ဒပြုနေလဲဆိုတာ သိချင်ပါတယ်၊ ကျမတို့ထောက်ခံနေလား ကန့်ကွက်နေလားဆိုတာ အခုအာဂျင်ဒါ ၁၂မှာဆိုရင် ပြထားတဲ့ ဦးအောင်ဇင်ရဲ့အဆိုကိုလား ဥက္ကဌကြီးပြောထားတဲ့ သင့်တော်သောရွေးကောက်ပွဲစနစ်ကို ဆွေးနွေးရမယ့်ကော်မရှင်ဖွဲ့စည်းရေးအဆိုကိုလားဆိုတာ ကျမတို့မရှင်းလို့ပါ၊ ဒါကိုမရှင်းဘဲနဲ့ ကန့်ကွက်ဖို့ရော ထောက်ခံဖို့ရော ခက်ပါတယ်” ဟု မေးခွန်းထုတ်ခဲ့သည်။
ထို့နောက် အချိန်အတန်ကြာ ရှင်းလင်းမေးမြန်းပြီး လွှတ်တော်ဥက္ကဌက ယနေ့ မဲခွဲခြင်းသည် ကော်မတီ/ကော်မရှင်ဖွဲ့စည်းရေးသာဖြစ်ကြောင်း ထက်မံဆန္ဒသဘောထားကောက်ယူ၍ ဦးအောင်ဇင်၏အဆိုကို အတည်ပြုခဲ့သည်။

No comments:

Post a Comment