
နေပြည်တော်၊ ဇူလိုင် ၂၉
PR စနစ်ကို ရွေးကောက်ပွဲများတွင် ကျင့်သုံးရေးအဆိုကို ကော်မတီ သို့မဟုတ် ကော်မရှင်တစ်ရပ် ဖွဲ့စည်းစိစစ်၍ ပြည်ထောင်စုလွှတ်တော်၏ အဆုံးအဖြတ် ရယူရန် ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်း၏ ဆုံးဖြတ်ချက်သည် ရှင်းလင်းတိကျမှု မရှိသောကြောင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်က မေးခွန်းထုတ်ခဲ့ကြောင်း လွှတ်တော်ကိုယ်စားလှယ် များက ပြောသည်။
ပုဇွန်တောင်မဲဆန္ဒနယ်မှ တင်သွင်းသော လာမည့်ရွေးကောက်ပွဲများတွင်
“ကော်မရှင် ဖွဲ့ရေးဆိုတာ Agenda မှာ လုံးဝ မပါပါဘူး၊ အဆိုထဲမှာ ပါတာနဲ့ ဥက္ကဌပြောတဲ့ ဆုံးဖြတ်ချက်ဟာ ကွဲလွဲမှု ရှိနေပါတယ်" ဟု ၄င်းကပြောသည်။
တိုင်းဒေသကြီးများ၏ ရွေးကောက်ပွဲများတွင် PR စနစ် ကျင့်သုံးနိုင်ရေး အဆိုကို တိုင်းရင်းသားပါတီများနှင့်
"မူလအဆိုတင်တုန်းက ပါပါတယ်ခင်ဗျ။ ဒီ Agenda (အစီအစဉ်) စာရွက်မှာ မပါတာပါ" ဟု အဆိုတင်သွင်းခဲ့သူ ဦးအောင်ဇင်က ပြောသည်။
အဆိုပါစနစ် ကျင့်သုံးရေးကို ပြည်ထောင်စုလွှတ်တော်တွင် တင်ပြ ဆုံးဖြတ်နိုင်ရန် ကော်မတီ၊ ကော်မရှင် အဖွဲ့မှ အားသာချက် အားနည်းချက်များကို ပြန်လည် တင်ပြသွားရမည် ဖြစ်ကြောင်း ၄င်းက ထပ်လောင်းပြောသည်။
ယင်းဆုံးဖြတ်ချက်ကို လွှတ်တော်ကိုယ်စားလှယ်များက သဘောတူညီမှု ရှိသဖြင့် ဦးအောင်ဇင်၏ အဆိုကို အတည်ပြုပြီး ကော်မတီ သို့မဟုတ် ကော်မရှင် ဖွဲ့စည်းသွားမည် ဖြစ်ကြောင်း ၄င်းက ကြေညာခဲ့သည်။
"အန်တီက PR သုံးဖို့ ထောက်ခံခဲ့တာ မဟုတ်ဘူး၊ ဥက္ကဌရဲ့ ဆုံးဖြတ်ချက်ကို ထောက်ခံခဲ့တာပါ" ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။
ယင်းအဆိုကို ကန့်ကွက်ဆွေးနွေးသူ ၁၈ ဦး၊ ထောက်ခံဆွေးနွေးသူ ၁၈ ဦး၊ ကြားနေဆွေးနွေးသူ တပ်မတော်သားကိုယ်စားလှယ် ၃ ဦးနှင့် ကန့်ကွက်သူ တပ်မတော်သား ကိုယ်စားလှယ် တစ်ဦး ရှိခဲ့ကြောင်း လွှတ်တော် ကိုယ်စားလှယ်များက ပြောသည်။
No comments:
Post a Comment