
ရန်ကုန်၊ ဇူလိုင် ၂၉
- မြန်မာနိုင်ငံမသန်စွမ်းသူများ ရှေ့ဆောင်အဖွဲ့မှ'မသန်စွမ်းသူများဆိုင်ရာ စီးပွားရေး ပျိုးထောင်စင်တာဖွင့်ပွဲနှင့် အကျုံး ဝင်စီးပွားရေးလုပ်ငန်းများ မိတ်ဆက် ခြင်းအခမ်းအနားကို သြဂုတ် ၅ ရက်တွင် ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါပွဲကို မြန်မာနိုင်ငံ မသန်စွမ်းသူများရှေ့ဆောင်အဖွဲ့ (ရုံးချုပ်)တွင် ပြုလုပ်သွားမည်ဖြစ်ပြီး ယင်းကဲ့သို့ ပြုလုပ်ခြင်းမှာ မြန်မာ နိုင်ငံတွင် ပထမဆုံးအကြိမ်ပြုလုပ် ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံမသန် စွမ်းသူများေ ရှ့ဆောင်အဖွဲ့မှ သိရ သည်။
''အလုပ်လုပ်ကိုင်နိုင်တဲ့ အရွယ် ရောက်သူမသန်စွမ်းသူတိုင်း ဒီစင်တာကို ဗဟိုပြုပြီးတော့ အလုပ်အကိုင် နဲ့ပတ်သက်တဲ့ သင်တန်းတွေတက် လို့ရမယ်။ ကွန်ပျုတာနဲ့ပတ်သက်တာတွေကိုလဲအခမဲ့သင်ယူလေ့ကျင့် နိုင်တယ်။ တခြားအသက်မွေးဝမ်း ကျောင်းပညာတွေကိုလဲ သင်ယူနိုင် မှာဖြစ်ပါတယ်'' ဟု ယင်းအဖွဲ့မှလုပ် ငန်းဆောင်ရွက်ရေးဒါရိုက်တာ ဦး အောင်ကိုမြင့်က ပြောသည်။
မြန်မာနိုင်ငံအနှံ့တွင် ရှိသည့် မသန်စွမ်းသူအားလုံးအတွက် အသက် မွေးဝမ်းကျောင်း လုပ်ကိုင်နိုင်စေ ရန် လိုအပ်သည့်သင်တန်းများကို အခမဲ့တက်ရောက်နိုင်သော စီးပွား ရေးပျိုးထောင်စင်တာဖြစ်ပြီး မသန် စွမ်းသူများအလုပ်အကိုင်အခွင့်အ လမ်းများအတွက်လည်း လုပ်ဆောင် သွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါစင်တာသို့တက်ရောက် မည့်မသန်စွမ်းများအတွက် သက် ဆိုင်ရာ ကျန်းမာရေးမှူးများထား ရှိပေးထားသော်လည်း တက်ရောက် မည့် မသန်စွမ်းသူများမှာ မိမိတို့နေ ထိုင်စရိတ်ဖြင့်သာ တက်ရောက်ရ မည်ဖြစ်ကာအဆိုပါစင်တာကို မြန်မာ နိုင်ငံမသန်စွမ်းသူများ ရှေ့ဆောင် အဖွဲ့(ရုံးချုပ်)တွင် ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း သိရသည်။
ွှ
TGT
#Democracytoday
No comments:
Post a Comment