
လှိုင်သာယာ၊ ညောင်တုန်း၊ ဟင်္သာတ ရထားလမ်းစီမံကိန်းအတွက် သိမ်းခံထားရတဲ့ လယ်ယာမြေနဲ့ သီးနှံလျော်ကြေးတွေပေးဖို့ တောင်သူတွေက ဒီနေ့ ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့မှာ သတင်းစာ ရှင်းလင်းပွဲ ကျင်းပပြီး တောင်းဆိုခဲ့ကြပါတယ်။
ရထားလမ်းဖောက်လုပ်ရာမှာ ပျက်စီးသွားခဲ့တဲ့ လယ်ယာမြေနဲ့ သီးနှံလျော်ကြေးတွေကို ပေးပြီး ပြီဆိုပြီး သတင်းစာတွေမှာ အစိုးရ၀န်ကြီးဌာနတွေက တရားဝင်ကြေညာခဲ့ပေမယ့် အခုချိန် အထိ လယ်သမားတွေ လျော်ကြေးငွေ မရသေးကြောင်း လယ်သမား ဦးစိုးသူက ပြောပါတယ်။
"ကျနော်တို့ တောင်သူလယ်သမားတွေရဲ့ မြေယာတွေကို သိမ်းဆည်းသွားပြီး ရထားလမ်း ကြီးဖောက်လုပ်တယ်၊ ဖောက်လုပ်ပြီးတော့ မြေယာလျော်ကြေး၊ သီးနှံလျော်ကြေးများ ပေးပါ့ မယ်ဆိုပြီးတော့ လူကြီးတွေကနေပြီးတော့ ပြောဆိုစီစဉ်ကြတယ်ပေါ့၊ ယနေ့တိုင်ထိကို ဖြစ်မ လာပဲနဲ့ လယ်သမားတွေဆိုလို့ရှိရင်လည်
လွန်ခဲ့တဲ့ ၂၀၀၉ ခုနှစ်က စတင်ဖောက်လုပ်ခဲ့တဲ့ လှိုင်သာယာ၊ ညောင်တုန်း၊ ဟသာင်္တ ရထားလမ်းစီမံကိန်း ကြောင့် ညောင်တုန်းမြို့နယ်၊ စက္ကော့တောင်ကျေးရွာအုပ်စုက လယ်ယာမြေဧက ၁၀၀ နီးပါး ပျက်စီးသွားခဲ့တယ်လို့ လယ်သမားတွေက ပြောပါတယ်။
အဲဒီ လှိုင်သာယာ၊ ညောင်တုန်း၊ ဟသာင်္တ ရထားလမ်းကို ဒီနှစ် ၂၀၁၄ ခုနှစ် မေလမှာ စတင်ပြေးဆွဲခဲ့ပြီး ရထားလမ်းမြေတွေ ပြိုကျတာကြောင့် အခုချိန်မှာ ပြေးဆွဲမှုကို ရပ်နားထားခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် ညောင်တုန်းမြို့နယ်၊ ငပျောကျွန်းကျေးရွာအုပ်စုမှ
လွန်ခဲ့တဲ့ ၁၉၉၆ လောက်က မအူပင်မြို့အခြေစိုက် ခ.လ.ရ (၂၇) က တပ်ပိုင်မြေဆိုပြီး ဧက ၁၀၀ နီးပါးကို သိမ်းယူခဲ့ပြီး ၂၀၀၀ ခုနှစ်လောက်မှာ ဝါဝါဝင်းကုမ္ပဏီက မြေလွတ်မြေရိုင်း ဖော် ထုတ်ရေးနဲ့ စိုက်ပျိုးမွေးမြူရေး စီမံကိန်းအတွက်ဆိုပြီး လယ်ယာမြေ ဧက ၃၀၀ ကျော် ကို လျော်ကြေးမပေးပဲ သိမ်းဆည်းထားခဲ့တယ်လို့ သိရပါတယ်။
အဲဒီလယ်ယာမြေတွေထဲမှာ တချို့ကို သီးစားချငှားရမ်းထားပြီး ၀ါဝါ၀င်းကုမ္ပဏီက သိမ်းယူထားခဲ့တဲ့ လယ်ယာမြေတွေမှာ ငါးမွေးမြူရေးလုပ်ငန်းတွေ လုပ်ကိုင်နေတယ်လို့ သိရပါတယ်။
No comments:
Post a Comment