Wednesday, July 30, 2014

လူမှုကွန်ရက်မှသည် ဆိုရှယ်မီဒီယာဆီသို့


မြင့်ကျော်လှိုင်

လူသားနှစ်ဦး အသက်ဆုံးရှုံးခဲ့ရသည့် မန္တလေးပဋိပက္ခ၏ အဓိက တရားခံမှာ ဖေ့စ်ဘုတ်ဖြစ်သည်ဟု ပညာရှင်တစ်ချို့က ယူဆခဲ့ကြပြီး ပညာရှင်တစ်ချို့ကမှု အဆိုပါ ပဋိပက္ခသည် အင်တာနက် အသုံးပြုသူများ၏ ပညာရေးရေချိန်နှင့်သာ သက်ဆိုင်သည်ဟု ယူဆခဲ့ကြသည်။ လွန်ခဲ့သည် ၁၀ နှစ်ခန့်က စတင်ပေါ်ပေါက် လာခဲ့သည့် ဖေ့စ်ဘုတ်ကို လူမှုကွန်ရက်ဟု အသုံးပြုသူများက နာမည်ပေးခဲ့သည်။ ၁၀ နှစ်ကြာမြင့်ခဲ့ပြီး ယနေ့ မျက်မှောက်ခေတ်သို့ ရောက်ရှိလာခဲ့သည့်အခါ အဆိုပါ ဖေ့စ်ဘုတ်ဟူသည်ကို ဆိုရှယ်မီဒီယာဟု အသုံးပြုသူများက ပြောင်းလဲ ခေါ်ဆိုခဲ့သည်ကို လေ့လာတွေ့ရှိရသည်။
ဖေ့စ်ဘုတ်ကို မီဒီယာတစ်ခု အဖြစ်သက်မှတ်မည်ဆိုပါက မီဒီ ယာတို့၏ ကျင့်ဝတ်အရ တာဝန်သိ မှုနှင့် တာဝန်ယူမှုကို နေ့စဉ်ဖေ့စ်ဘုတ်အသုံးပြုသူများက လိုက်နာရ တော့မည်ဖြစ်သည်။ မည်သူ မည် ၀ါ ဖြစ်ကြောင်း ဖော်ပြလိုခြင်းမရှိ သည့် ဖေ့ဘုတ်အကောင့်များသည် အများအားဖြင့် အဆိပ်အတောက် ဖြစ်စေသည့် အမုန်း စကားများနှင့် သတင်းအမှားများကို ဖော်ပြလေ့ရှိ သည်ဟု ရန်ကုန်မြို့၌ ပထမဦးဆုံး အကြိမ်ကျင်းပသည့် ဆိုရှယ်မီဒီယာ ဖိုရမ်မှ သိရသည်။သတင်းအမှားများနှင့် အမုန်း စကားများကြောင့် လက်တွေ့နယ် ပယ်၌ မဖြစ်သင့်သည်များ ဖြစ်ပွား ရသည်မှာ သတင်းအမှန်များကို အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်ပေး ခြင်းမရှိ သောကြောင့် ဖြစ်သည်ဟု မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ် e Government ကော်မတီ ဥက္ကဋ္ဌ
ဦးသောင်းစုငြိမ်းကပြောသည်။ ဒါ့အပြင် ပုံနှိပ်မီဒီယာများ ပိုင်ဆိုင်နိုင် ခြင်းမရှိသေးသည့် စာဖက်သူအရေ အတွက်ကို ဆိုရှယ်မီဒီယာက ပိုင် ဆိုင်ထားသည်ဟုလည်း ၎င်းင်းက ထပ်မံပြောဆိုခဲ့သည်။
““ဒီနိုင်ငံမှာ အစိုးရကလည်း ဖေ့စ်ဘုတ် ၊ ရဲတွေကလည်း ဖေ့ ဘုတ်ဆိုတော့ ကျွန်တော်ထင်တယ် တစ် ခုခုတော့ မှားယွင်းနေပြီ””ဟု US x ASEAN Business Council မှ အကြံပေးဖြစ်သူ ဦးချစ်ထွန်းဖေက ပြောသည်။ မြန်မာပြည်သူလူထု အနေဖြင့်လည်း အစိုးရမီဒီယာမှ ပြောကြားသည် များကို ယုံကြည်ခြင်းမရှိဘဲ ဆိုရှယ်မီဒီယာမှပြော ကြားသည် များကို ယုံကြည်နေကြသည်မှာ အမှားအယွင်းတစ်ခုဖြစ် နေသည်ဟု
၎င်းင်းကထပ်မံပြောဆိုသည်။သတင်းလွတ်လပ်ခွင့်ကို နှစ် ပေါင်းကြာမြင့်စွာ ပိတ်ပင်ခြင်းခံခဲ့ ရသည့် ပြည်သူလူထုသည် ဒီဂျစ် တယ်ခေတ်ရေစီးကြောင်း၌ လွတ် လပ်စွာ ပြောဆိုရေးသားခွင့်ရရှိလာ သည်ကို သဘောကျနှစ်သက်လာ ခဲ့သည်။ ““သတင်းက အစဉ်ငတ် လာခဲ့တာ။ ငတ်နေတဲ့လူကို အစာ
တစ်ခုချကျွေးလိုက်ရင် ဖြစ်တဲ့ထုံး စံအတိုင် စားကောင်းမှန်းမသိ ၊ မစား ကောင်းမှန်းမသိ စားတော့တာပဲ”” ဟု Myanmar ICT Development Organization မှ အမှု ဆောင်ဒါရိုက်တာ ကိုနေဘုန်းလတ် ကပြောသည်။
မြန်နှုန်းမြင့်ခေတ်ကြီး၌ ဆင် ခြင်တုံတရားအတွက် နေရာမရှိဟူ သောစကားအတိုင်း ခံစားချက်များ ၊ ဒေါသများကို တုန့်ပြန်ရာတွင် အလွန်လျှင်မြန်နေသည်ဟု ကိုနေဘုန်းလတ်ကဆိုသည်။
““ကျွန်တော်တို့ဆီမှာဖြစ်နေတာက ကိုယ်ကသူများကိုပြောရင် ဒီမိုကရေ စီဖြစ်ပါတယ်။
ကိုယ်ကပြန်ပြောခံ ရရင် အာဏာရှင်ဖြစ်သွားပါတယ်။ ဆိုရှယ်မီဒီယာမှာ ဒီလိုမျိုးတွေးခေါ်မှု အလေ့အထလည်းရှိနေတယ်”” ဟု ရန်ကုန်မီဒီယာဂရု(ပ်) မှ အကြီး အကဲဖြစ်သူ ဦးကိုကို (စက်မှု) က ပြောသည်။ဖေ့စ်ဘုတ်ကို မြန်မာနိုင်ငံ၌ လူ ဦးရေ ၁.၇ ကျော်အသုံးနေကြ သည်။ အဆိုပါအရေအတွက်၌ အမည်မဖော်သူများပါဝင်နေသည့် အပြင် ရည်ရွယ်ချက်ရှိစွာဖြင့် အမုန်း စကားများ ၊ သတင်းအမှားများကို ဖော်ပြပေးနေသည့် လူပုဂ္ဂိုလ်များ လည်းပါဝင်သည်။ နိုင်ငံတော်သမ္မ တရုံးမှတာဝန်ရှိသူကိုယ်တိုင်ကပင် ဖေ့စ်ဘုတ်၌ အမုန်းစကားများကို ရေးသားခဲ့ဖူးကြောင်း ၊ နောက်နှစ် နှစ်အတွင်း ဖေ့စ်ဘုတ်၌ လူမှုရေး
ပြဿနာများ ယခုထက်ပင်ပိုမို များပြားလာမည်ဖြစ်ကြောင်း ဘလော့ဂါတစ်ဦး အဖြစ်အမည် ကျော်ကြားခဲ့သူ ကိုညီလင်းဆက် ပြောသည်။
ဖေ့စ်ဘုတ်ကြောင့် လူသက်မှု များနှင့် ရာဇ၀တ်မှုများဖြစ်ပွားခဲ့ကြ သည်မှာ မြန်မာနိုင်ငံ၌သာမဟုတ် ဘဲ အခြားသောနိုင်ငံများ၌လည်း ရှိ ကြသည်ဟု သိရသည်။ ““ဒီမှာ ဆွေးနွေးနေတာက အစိုးရက ဖေ့စ် ဘုတ်ပေါ်က ဒီအကြောင်းအရာကို ဖြုတ်ပေးပါလို့ပြောရင် ဖေ့စ်ဘုတ်က လည်းဖြုတ်ပေးမယ်။
အဖွဲ့အစည်းက ပြောရင်လည်း ဖေ့စ်ဘုတ်က ဖြုတ် ပေးမယ်။ တစ်ဦးတစ်ယောက်အနေ နဲ့ဆိုရင်လည်း Report တွေလုပ်လို့ ရတယ်ပေါ့။ ကျွန်တော်မြင်တာက တော့ ဒါကအကျိုးသက်ရောက်မှု အများကြီးဖြစ်မလာဘူး”” ဟု ဦး ချစ်ထွန်းဖေက ပြောသည်။ဖေ့စ်ဘုတ်ပေါ်၌ ပျံ့နှံ့နေသည့် အမုန်းစကားများ၊ သတင်းအမှား များနှင့် ပတ်သက်၍ အဓိကတာ ၀န်ရှိကြသည်မှာ အဖွဲ့အစည်းအသီး သီး၏ ခေါင်းဆောင်များဖြစ်ကြပြီး အဆိုပါခေါင်းဆောင်များမှ တစ်ဆင့် အဖွဲ့ဝင်အသီးသီးဆီသို့ အမုန်း စကားများနှင့် သတင်းအမှားများ
ပြောဆိုရေးသားခြင်းမပြုလုပ်ကြရန် ပညာပေးခြင်းများပြုလုပ်၍ လမ်းမှန် ရောက်ရှိအောင် စွမ်းဆောင်သင့် သည်ဟု ပထမဦးဆုံးအကြိမ်ကျင်း ပသည့် ဆိုရှယ်မီဒီယာဆွေးနွေးပွဲ သို့တက်ရောက်လာကြသည့် ပညာ ရှင်တစ်ချို့ကပြောသည်။ဆွေးနွေးပွဲသို့ တက်ရောက်လာ ကြသည့် ပညာရှင်တစ်ချို့ကမှု ယ ခုကဲ့သို့ ဦးဆောင်ပြီး အင်တာနက် အသုံးပြုသူများကို ပညာပေးပြော ဆိုမည်ဆိုပါ ရိုင်းစိုင်းသည့် ပြန် လည်တုန့်ပြန်မှုနှင့်သာ ရင်ဆိုင်ရ မည်ဖြစ်ပြီး အကျိုးသက်ရောက်မှု ရှိမည်ဟုတ်ကြောင်း ပြောဆိုခဲ့သည်။
ဖေ့စ်ဘုတ်ပေါ်၌ အမုန်းစကားများ နှင့် သတင်းအမှားများပြန်နှံ့နေရ သည်နှင့် ပတ်သက်၍ ၈၈ ကျောင်း သားဟောင်းတစ်ဦးဖြစ်သူ ဦးကိုကို ကြီးက လွယ်ကူနေသည်ကို ခတ် အောင်လုပ်နေကြသည်ဟု ပြောဆို ခဲ့သည်။““ဒါကို ကျွန်တော်တို့ နည်း ပညာနဲ့ တားလို့ရတယ်လို့ မြင် တယ်။ စကားလုံးတွေနဲ့ စစ်ထုတ် ပြီးလုပ်မယ်ဆိုရင် အဆင်ပြေမယ် လို့ထင်တယ်။ အိမ်နီးချင်းနိုင်ငံတွေ မှာ အကုန်ရနေကြပြီ။ ပြောရင် ကျွန်တော်တို့ဆီမှာ လက်နှီးစုတ် ကိုပဲ ပြန်ကိုင်ရမှာပဲ။ ယူနီကုဒ် ပြဿနာဆီကိုပဲ ပြန်ရောက်မှာပဲ။ ကျွန်တော်တို့ဆီမှာ ပညာရှင်တွေရှိ နေရဲ့သားနဲ့ ဒါကို မလုပ်နိုင်သရွှေ့ ဒါတွေကို ကျွန်တော်တို့ကြုံနေကြမှာ ပဲ။
ဘယ်စကားလုံးကတော့ အမုန်း စကားဖြစ်တယ်ဆိုပြီး ကျွန်တော်တို့ စစ်ထုတ်တာမျိုးလုပ်သင့်ပါတယ်”” ဟု ဦးကိုကိုကြီးကပြောသည်။
မြန်မာ့နိုင်ငံ၌ သက်မှတ်ထား သည့် စကားလုံးကိုစစ်ထုတ်၍ အမုန်းစကားများ ၊ သတင်းအမှား များကို ဖော်ထုတ်ပြီး အင်တာနက် ပေါ်မှ ဖယ်ရှားရန်
ယူနီကုဒ်ပြဿ နာတည်ရှိနေသည်မှာ မှန်ကန်သော် စကားလုံးကြယ်ဝသည့် မြန်မာစာ ပေအရ အမုန်းစကားများကို အင် တာနက်စာမျက်နှာ၌ ဖယ်ရှားရန်မှာ ဖြစ်နိုင်ဖွယ်မရှိကြောင်း Developer များကပြောသည်။အမုန်းစကားများနှင့် ပတ်သက် ၍ အင်တာနက်အသုံးပြုသူများ အပေါ် လိုက်လံ၍ပိတ်ပင်ပြောဆို နေမည့်အစား မိမိကိုယ်တိုင် အမုန်း စကားများနှင့်ပတ်သက်၍ မည်သို့ ရှောင်ရှားနေသည်ကို ဦးဆောင်ပြ သသည်က ပိုမိုကောင်းမွန်ကြောင်း အဆိုပါအစီအစဉ်၌ အင်တာနက်
အသုံးပြုနေကြသည့် Celebrity များ ပါဝင်လာလျှင် ပိုမိုကောင်းမွန် ကြောင်း Zwenexsys International ကုမ္ပဏီမှ မန်နေးဂျင်းဒါရိုက် တာဖြစ်သူ ကိုသာထက်က အကြံ ပြုပြောကြားသည်။Techonomation မှ စီအီးအို ဖြစ်သူ ကိုထူးမြင့်နောင်က ဖေ့စ် ဘုတ်သည် ကောင်းကျိုးထက် ဆိုး ကျိုးပိုများလာပါက အသုံးပြုခွင့်ကို
ပိတ်ပင်လိုက်သင့်ပြီး အိမ်နီး ချင်းတရုတ်နိုင်ငံကဲ့သို့ ကိုယ်ပိုင်ပေါ်တယ်ဖြင့် ဆိုရှယ်မီဒီယာကို အသုံးပြုသင့် သည်ဟု အကြံပြုပြောကြားခဲ့သည်။
ဦးကိုကိုကြီးကမှု ပြဿာနာတိုင်း သည် ဖေ့စ်ဘုတ်ကြောင့်ဖြစ်သည် ဟူ ယူဆနေကြခြင်းသည် အလွယ် တကူ ပစ်မှတ်ရှာဖွေနေကြခြင်းသာ ဖြစ်ပြီး ဖေ့စ်ဘုတ်ကိုပိတ်ပစ်ရန် သဘောတူညီမှုမရှိဘဲ နည်းပညာ ဖြင့် ပြေလည်အောင် ပြန်လည်ဖြေ ရှင်းသင့်သည်ဟု ပြောဆိုသည်။အင်တာနက်ပေါ်မှ အမုန်းစ ကားများ ၊ သတင်းအမှားများနှင့် ပတ်သက်၍ ပညာရှင်များဝိုင်းဝန်း အဖြေရှာကြရာတွင် (၁) ဖေ့စ်ဘုတ်
အကောင့်များကို မိုဘိုင်းဖုန်းမှတစ် ဆင့် SMS ကိုအသုံးပြု၍ အတည် ပြုစစ်ဆေးပြီးမှသာ အကောင့်ပိုင် ဆိုင်ခွင့်ရှိရန် (၂) သတင်းအမှား များ အင်တာနက်ပေါ်သို့ရောက်ရှိ လာပါက သတင်းအမှန်ကို သက် ဆိုင်ရာဌာနဆိုင်ရာများက ချက်ခြင်း အလျှင်အမြန် ထုတ်ပြန်ပေးရန် (၃) အမုန်းစကားများနှင့် ပတ်သက်သည့် အသိပညာဖြန့်ဝေပေးမှုများကို အဖွဲ့ အစည်းအသီးသီးက လုပ်ကိုင် ဆောင်ရွက်ပေးကြရန် စသည် အ
ဖြေများထွက်ရှိလာခဲ့သည်။ဖေ့စ်ဘုတ်အနေဖြင့် ၎င်းင်းတို့၏ အကောင့်များကို မိုဘိုင်းဖုန်းနံပါတ် မှတစ်ဆင့် အတည်ပြုစစ်ဆေးပြီးမှ သာ ဖွင့်လှစ်ခွင့်ပေးမည်ဆိုပါက အကောင့်တုများနှင့်အတူ အမုန်း စကားများ ၊ သတင်းအမှားများ ဖြန့်ချိနေကြသည့် အင်တာနက် အသုံးပြုသူများ လျော့ကျသွားမည် ဟု
ပညာရှင်များက ယုံကြည်ကြ သည်။ ဖေ့စ်ဘုတ်အသုံးပြုနေသူ သည် မည်သူမည်ဝါ ဖြစ်ကြောင်း သိရှိနေပါက အသုံးပြုသူသည် အင် တာနက်ပေါ်၌ ပြောဆိုရေးသားနေ သည်များကို တာဝန်ယူရတော့မည် ဖြစ်သည်။ ဒါ့အပြင်အသုံးပြုမှု ရင့် ကျက်လာပါ တာဝန်သိသောဆိုရှယ် မီဒီယာအကောင့်ပိုင်ရှင်အဖြစ်သို့ပါ ကူးပြောင်း လာမည်ဟု ၎င်းင်းတို့က ယုံကြည်ခဲ့သည်။ဖေ့စ်ဘုတ်သည် လူမှုကွန်ရက် တစ်ခုမှ ဆိုရှယ်မီဒီယာ အဖြစ်သို့ မကြာသေးမီက ကူးပြောင်းသွားခဲ့ သည်ကို အသုံးပြုသူများ လက်မခံ ၍ မရတော့ပြီ။
တည်းဖြတ်ထား ခြင်းမရှိ ၊ နည်းစနစ်တစ်ခုမရှိသော မီဒီယာသည် ဆိုရှယ်မီဒီယာပင် ဖြစ်သည်။ မီဒီယာဟုခေါ်ဆိုလိုက် သည့်အတွက် မီဒီယာတို့၏ထုံးစံ အတိုင်းတာဝန်သိရမည်ဖြစ်သည်။ အလားတူ တာဝန်သိ၍လုံလောက် မည်မဟုတ်။ တာဝန်ယူမှုကိုပါ ဖေ့စ် ဘုတ်အသုံးပြုသူက လက်ခံပေးရန် လိုအပ်လာသည်။ဆိုရှယ်မီဒီယာဆွေးနွေးပွဲ၌ ထပ် ခါတစ်လဲလဲ ကြားနေရသည်မှာ လည်း တာဝန်ယူမှု ၊ တာဝန်ယူမှုပင်ဖြစ်သည်။

No comments:

Post a Comment