Wednesday, July 30, 2014

သိပ္ပံပညာရပ်ဆိုင်ရာကဏ္ဍ အဆင့်မြှင့်တင်နိုင်ရန် စံချိန်မီလက်တွေ့ ခန်းသုံးပစ္စည်းများ ပြည့်စုံအောင်ဖြည့် ဆည်းပေးလျက်ရှိ


၂၉-၇-၂၀၁၄

သိပ္ပံပညာရပ်ဆိုင်ရာကဏ္ဍ အဆင့်မြှင့်တင်နိုင်ရန် စံချိန်မီလက်တွေ့
ခန်းသုံးပစ္စည်းများ ပြည့်စုံအောင်ဖြည့် ဆည်းပေးလျက်ရှိ

ဇူလိုင်လ ၂၉ ရက်နေ့တွင် ကျင်းပသော ပြည်သူ့လွှတ်တော်အစည်း
အဝေးတွင် ကမာရွတ်မဲဆန္ဒနယ်မှ ဒေါက်တာစိုးရင်က တက္ကသိုလ်ကျောင်း
များရှိ လက်တွေ့ခန်းများ၌ သိပ္ပံပစ္စည်းများ ဝယ်ယူရန် ဘတ်ဂျက် ခွဲဝေသုံးစွဲမှု အခြေအနေကို သိလိုခြင်းနှင့် သိပ္ပံကျောင်းသားများအား လက်တွေ့စာမေးပွဲ
များ စစ်ဆေးခြင်း၊ အကဲဖြတ်ခြင်း၊ Credit သတ်မှတ်ခြင်းရှိ/မရှိ နှင့် စပ်လျဉ်း၍ မေးမြန်းခဲ့သည်။

အဆိုပါမေးခွန်းနှင့် စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာနမှ ဒု-ဝန်ကြီး
ဒေါက်တာဇော်မင်းအောင် က တက္ကသိုလ်ရှိ လက်တွေ့ခန်းများကို
Class Size အလိုက်(၁၀)ဦးမှ (၂၅)ဦးအထိ အုပ်စုဖွဲ့၍ အဖွဲ့လိုက်ဖြင့် လည်းကောင်း၊ ကျောင်းသား၊ ကျောင်းသူတစ်ဦးချင်းစီဖြင့် လည်းကောင်း သိပ္ပံပစ္စည်းများကို လက်တွေ့ကိုင်တွယ် အသုံးပြုခြင်း၊ စမ်းသပ်မှုပြုလုပ်ခြင်း၊ လက်တွေ့စစ်ဆေးခြင်း၊ အကဲဖြတ်ခြင်း၊ Credit သတ်မှတ်ခြင်းများကို
ဆောင်ရွက်လျက် ရှိပါကြောင်း၊ တက္ကသိုလ်များတွင် Credit System ကို ၂၀၁၄-၁၅ ပညာသင်နှစ်မှစ၍ အသုံးပြုခဲ့ပါကြောင်း၊ Credit Bank စနစ်ကို ကျင့်သုံးလျက်ရှိပြီး နိုင်ငံတကာတက္ကသိုလ်များနှင့် အပြန်အလှန်ဖလှယ်
ဆောင်ရွက် နိုင်ရန်အတွက် Credit Transfer များလည်း ဆောင်ရွက်နိုင်ရန်
ပြင်ဆင်လျက်ရှိပါကြောင်းဖြင့် ဖြေကြားခဲ့သည်။
 

မေးမြန်းဖြေကြားချက်အပြည့်အစုံသို့ - http://goo.gl/JBXvhT

No comments:

Post a Comment