
ရန်ကုန်၊ ဇူလိုင် ၂၆
ပဋိပက္ခများ မကြာခဏ ဖြစ်ပွားနေသည့် မြန်မာနိုင်ငံတွင် လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခများ ဖြစ်စေသည့် သွေးထိုးလှုံ့ဆော်မှုများ၊ အမုန်းပွားမှုများကို စနစ်တကျ တားဆီးရန် ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Ms.Yanghee Lee က ပြောကြားသည်။
ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံးက ချမှတ်ထားသည့် အမျိုးသားရေး၊ လူမျိုးရေး၊ ဘာသာရေး လှုံ့ဆော်မှု တားဆီးရေး အစီအစဉ်ကို လိုက်နာလုပ်ဆောင်ရန် လိုအပ်ကြောင်း ၎င်းက တိုက်တွန်းသည်။
Ms.Yanghee Lee ၏ ပထမဆုံး ခရီးစဉ်အဖြစ် မြန်မာနိုင်ငံသို့ လာရောက်သည့် ၁၀ ရက်ကြာ ခရီးစဉ်အပြီး ဇူလိုင်လ ၂၆ ရက်နေ့က ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ၎င်းက ယင်းသို့ ပြောဆိုခြင်း ဖြစ်သည်။
ဘင်္ဂါလီများ နိုင်ငံသားဖြစ်ခွင့်ကို အဟန့်အတား ဖြစ်စေသည့် ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေကို ပြင်ဆင်ပေးရန်၊ ဘင်္ဂါလီများကို ခရီးသွားလာခွင့်၊ လက်ထပ်ခွင့်များကို မကန့်သတ်ရန်၊ INGO များ၏ လုပ်ပိုင်ခွင့်များကို မကန့်သတ်ရန် ၎င်းက တိုက်တွန်းခဲ့သည်။
ရခိုင်ပြည်နယ်အရေးနှင့် ပတ်သက်၍ Ms.Yanghee Lee ပြောဆိုရာတွင် မွတ်ဆလင် လူ့အဖွဲ့အစည်းဟုသာ သုံးနှုန်းသွားသည်။
ရခိုင်ပြည်နယ်သည် အစိုးရ၏ လျှစ်လျူရှုမှု၊ ဖွံ့ဖြိုးရေးစီမံကိန်းများ အကောင်အထည် မဖော်ပေးမှုတို့ကြောင့် ဖွံဖြိုးမှု နိမ့်ကျနေခြင်း ဖြစ်ပြီး လက်ရှိတွင် ရခိုင်လူထုသည့် လျှပ်စစ်မီး မရရှိ၊ အစိုးရ၏ ထောက်ပံ့ကူညီမှု အနည်းငယ်ဖြင့် ရပ်တည်နေရကြောင်း ၎င်းက ပြောဆိုသည်။
“အမျိုးမျိုးသော ယူဆချက်နဲ့ နစ်နာချက်တွေကို တင်ပြကြတယ်” ဟု ရခိုင်နှင့် ဘင်္ဂါလီ နှစ်ဖက် လူ့အဖွဲ့အစည်းများနှင့် တွေ့ဆုံမှု အခြေအနေကို Ms.Yanghee Lee က ရှင်းပြသည်။
မြန်မာနိုင်ငံတွင် ပညာရေးနှင့် ကျန်မားရေးကဏ္ဍများ ဖွံဖြိုးတိုးတက်လာရန် ဦးစားပေး လုပ်ဆောင်သင့်ပြီး ယင်းကဏ္ဍများအတွက် အသုံးစရိတ်များကို တိုးမြှင့်လာပြီ ဆိုသော်လည်း အခြား အသုံးစရိတ်များနှင့် နှိုင်းယှဉ်ပါက နည်းနေသေးကြောင်း Ms.Yanghee Lee က ဆိုသည်။
မီဒီယာများ၊ အင်တာနက် စာမျက်နှာများတွင် ဖော်ပြန်နေကြသည့် ခွဲခြားဆက်ဆံမှုများ၊ သွေးထိုး လှုံဆော်မှုများကြောင့် ပဋိပက္ခ ထပ်မံစိုးရိမ်ကြောင်း၊ Hite Speech များကို တားမြစ်ရန် တိတိကျကျ ပြဋ္ဌာန်းဖို့ လိုအပ်ကြောင်း မန္တလေး ပဋိပက္ခနှင့် ပတ်သက်၍ ပြောကြားရာတွင် ၎င်းက ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင် အမျိုးသမီးများကို ပိုမိုနေရာပေးရန် လိုကြောင်း Ms.Yanghee Lee က ဆိုသည်။
တာဝန်ထမ်းဆောင်ခွင့် သက်တမ်း ခြောက်နှစ် ကုန်ဆုံးခဲ့သည့် ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် သောမတ်ဟိုဟေး ကင်တားနားနေရာကို Ms.Yanghee Lee က ဆက်လက်တာဝန်ယူခြင်း ဖြစ်သည်။
Ms.Yanghee Lee သည် လူ့အခွင့်အရေး ကိုယ်စားလှယ်အဖြစ် တာဝန်ယူစဉ် ပထမဆုံး ခရီးစဉ်အဖြစ် မြန်မာနိုင်ငံသို့ ဇူလိုင်လ ၁၆ ရက်နေ့တွင် ရောက်ရှိလာခြင်း ဖြစ်ပြီး လတ်တလော ပဋိပက္ခ ဖြစ်ပွားခဲ့သည့် မန္တလေးမြို့တော် အပါအဝင် ရခိုင်၊ ကချင်ပြည်နယ်တို့ကို သွားရောက်ခဲ့သည်။
Ms.Yanghee Lee သည် ပြည်ထောင်စုတရားသူကြီးချုပ်
No comments:
Post a Comment