Monday, July 28, 2014

ဇူလိုင်လ ၂၈ရက်နေ့တွင် ကျင်းပသော ပြည်သူ့လွှတ်တော် အစည်း အဝေးတွင်


၂၈-၇-၂၀၁၄

ဇူလိုင်လ ၂၈ရက်နေ့တွင် ကျင်းပသော ပြည်သူ့လွှတ်တော် အစည်း
အဝေးတွင် မလှိုင်မဲဆန္ဒနယ်မှ ဦးအေးမောက် က အိမ်ခြံမြေ ရောင်းဝယ်၊ ငှားရမ်းခြင်းများအပေါ် အခွန်ငွေ တွက်ချက်ရန် အိမ်ခြံမြေ ဈေးနှုန်းသတ်
မှတ်ခြင်းအား ထုတ်ပြန်ပေးနိုင်ခြင်း ရှိ/မရှိ နှင့် စပ်လျဉ်း၍ မေးမြန်းခဲ့သည်။

အဆိုပါ မေးခွန်းနှင့် စပ်လျဉ်း၍ ဘဏ္ဍာရေးဝန်ကြီးဌာနမှ ဒု-ဝန်ကြီးဒေါက်တာ
လင်းအောင် က အိမ်၊ ခြံ၊ မြေ ငှားရမ်းခြင်းအပေါ် အတည်ပြုစံနှုန်းများဖြင့် သတ်မှတ်ဆောင်ရွက်နိုင်ခြင်းမရှိသေးသော်လည်း တိုင်းဒေသကြီး/
ပြည်နယ်အတွင်းရှိ မြို့နယ်အလိုက် ငှားရမ်းခတန်ဖိုး အနီးစပ်ဆုံးအပေါ် အခြေပြု၍ အခွန်တွက်ချက် ကောက်ခံလျက် ရှိပြီး အိမ် ခြံ မြေ ဝယ်ယူ၊ ရောင်းချခြင်းများကဲ့သို့ စံနှုန်းများ ထားရှိနိုင်ရေး စီစဉ်လျက်ရှိပါကြောင်း၊ ၂၀၁၃-၁၄ ဘဏ္ဍာရေးနှစ်မှစ၍ စံနှုန်းသတ်မှတ်နိုင်ရေးအတွက် စီစဉ်ဆောင် ရွက်လျက်ရှိပါကြောင်း၊ မြေ၊ အဆောက်အဦ၊ တိုက်ခန်း အစရှိသည့် အခြေပစ္စည်းများဝယ်ယူခြင်း၊ ရောင်းချခြင်း၊ တည်ဆောက်ခြင်း၊
ပြုပြင်ခြင်းများအပေါ် ဝင်ငွေခွန်နှင့် တံဆိပ်ခေါင်းခွန်ပေးဆောင်ရာတွင် လွယ်ကူအဆင် ပြေစေရေးအတွက် အခွန်ထမ်းများ လိုက်နာဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို သက်ဆိုင်ရာတိုင်းဒေသကြီး/ ပြည်နယ်/မြို့နယ် အခွန်ဦးစီးဌာနမှူုးရုံးများတွင် အခွန်ထမ်းဆောင်ရွက်ရမည့် နည်းလမ်းများကို ချိတ်ဆွဲ ကြေညာ ထားပြီးဖြစ်ပါကြောင်း၊ အဆိုပါလုပ်ငန်းစဉ်များကို နိုင်ငံပိုင် သတင်းစာများတွင် ထည့်သွင်းကြေညာပြီး ဖြစ်ပါကြောင်း ဖြေကြားခဲ့ပါသည်။


မေးမြန်းဖြေကြားချက်အပြည့်အစုံသို့ -  http://goo.gl/FKQNi1

 

No comments:

Post a Comment