ရန်ကုန်၊ ဇွန် ၃၀
ဗိုလ်ချုပ်ရာပြည့်ပွဲကျင်းပပြီးသည့် နောက်တွင် ဗိုလ်ချုပ်အောင်ဆန်း ဖောင်ဒေးရှင်း ထူထောင်ရန် ဆွေးနွေးထား မှုများရှိသော်လည်း ၂၀၁၅ ရွေးကောက်ပွဲကျင်းပပြီးမှသာ ယင်းဖောင်ဒေးရှင်းကို တည်ထောင်နိုင်မည်ဖြစ် ကြောင်း ဇွန်လ ၃၀ရက်နေ့တွင် ဗိုလ်ချုပ်အောင် ဆန်း၏တူလည်းဖြစ်၊ ဗိုလ်ချုပ် အောင်ဆန်းဖောင်ဒေးရှင်း၏ ဒုတိယဥက္ကဋ္ဌဖြစ်သူ ဦးချိုအောင်သန်းက မြန်မာသံတော်ဆင့်သို့ပြောသည်။
““ဗိုလ်ချုပ်အောင်ဆန်းရာပြည့်ပွဲကို နတ်မောက်မှာ လုပ်တယ်။ ရာပြည့်ကော်မတီဝင်တွေအနေနဲ့ ရာပြည့်ပွဲမှာပို တဲ့ ငွေသိန်း ၁၁၀၀ နဲ့ဗိုလ်ချုပ်အောင်ဆန်း ဖောင်ဒေးရှင်းလုပ်မယ်လို့ ဆုံးဖြတ်ချက် ချလိုက်တယ်။ ၁၃ ရက်နေ့ မှာ ဒေါ်အောင်ဆန်းစုကြည် နတ်မောက်ကို ရောက်လာ တဲ့အချိန်ကလည်း သူ့ကို ဖောင်ဒေးရှင်း လုပ်မယ့် အ ကြောင်းပြော လိုက်တော့ သူကကောင်းပါတယ်တဲ့။ ဗိုလ်ချုပ်အောင်ဆန်းကို တစ်နိုင်ငံလုံးကပိုင်တာ ဖြစ်တဲ့ အတွက် ဖောင်ဒေးရှင်းကို တစ်နိုင်ငံလုံးအတိုင်အတာနဲ့ ဖွဲ့စည်းထားပါတယ်။ ဘယ်လိုဆုတွေ ပေးရမယ် ဘယ် လိုရွေးချယ်ရမယ်ဆိုတာ မဆုံးဖြတ်ရသေးပါဘူး။ လူတိုင်းရဲ့ အကြံဉာဏ်ပေးမှုများကို လက်ခံနေပါ တယ်။ ရွေး ကောက်ပွဲ ကိစ္စတွေကလည်း ရှုပ်နေတော့ ရွေးကောက်ပွဲပြီးမှပဲ စတင်လုပ်ဆောင် မယ်ပေါ့””ဟု ဦးချိုအောင် သန်းက ပြောကြားသည်။…
ဗိုလ်ချုပ်အောင်ဆန်းဖောင်ဒေးရှင်း ဖြစ်မြောက်ရေးအတွက် ယာယီကော်မတီဖွဲ့စည်းထားပြီး ရာပြည့်ဥက္ကဋ္ဌဖြစ် သည့် ဦးဟန်ဇော်ကဥက္ကဋ္ဌအဖြစ် တာဝန်ယူထားပြီး မိမိကဒုတိယဥက္ကဋ္ဌ တာဝန်ယူထားကြောင်း၊ အမှန်တကယ် လုပ်ကိုင်တတ်သည့်သူများရှိပါက ဥက္ကဋ္ဌအဖြစ် လွှဲပေးသွားမည်ဖြစ်ကြောင်း ၎င်းကထပ်မံပြောကြားခဲ့သည်။
ပြိုင်ပွဲဝင်ခြင်းနှင့် ဆုရွေးချယ်ရာတွင် မြန်မာနိုင်ငံသားကတ် ကိုင်ဆောင်သူ၊ အသက် ၁၈နှစ်မှ ၃၂နှစ်အတွင်း လူငယ်များ လျှောက်ထားနိုင်ပြီး အတ္တနည်းမှု၊ အကျင့်စာရိတ္တကောင်းမွန်မှု၊ အများအကျိုး ဆောင်ရွက်တတ်မှု၊ အဂတိကင်းရှင်းပြီး အမှန်တရားဘက်မှ ရပ်တည်ရဲသည့် သတ်္တိရှိမှု၊ အများပြည်သူကောင်းကျိုးကို မြင့်မြတ်သည့် စိတ်ဓာတ်ဖြင့် ဆောင်ရွက် ဖူးသည့် ထူးခြားဖြစ်စဉ်ရှိမှုများအပြင် ဉာဏ်ရည်ဉာဏ်သွေး စမ်းသပ်ခြင်းစသည့် အမှတ်ပေး စည်းမျဉ်းများဖြင့် ရွေးချယ်မည်ဖြစ်သည်။ ပြိုင်ပွဲဝင်လိုသူများအနေဖြင့် အင်္ဂလိပ်စာ၊ မြန်မာစာမေး ခွန်း၊ စာစီစာကုံးများ ဖြေဆိုယှဉ်ပြိုင်ရမည့် အပြင်ဆုရွေးချယ်ရေးအဖွဲ့ ၏ နှုတ်ဖြေမေးခွန်း များကို ဖြေဆိုရမည် ဖြစ်သည်။ ထို့အပြင် အနစ်နာခံနိုင်မှုနှင့် သတ်္တိရှိမှုတို့အတွက် ထူးခြားဖြစ်စဉ်များကို သက်ဆိုင်ရာမြို့နယ် အထောက်အကူပြုအဖွဲ့အစည်းများက စောင့်ကြည့် မှတ်တမ်းယူပြီး ဆုရွေးချယ်ရေးအဖွဲ့သို့ အဆင့်ဆင့်တင်ပြ မည်ဟူ၍ အဖွဲ့အစည်းအသီးသီးမှ ဆုရွေးချယ်ရေးနှင့် ပတ်သက်၍ အကြမ်းဖျင်း တင်ပြထားမှုများရှိသည်။
ဗိုလ်ချုပ်ဖောင်ဒေးရှင်း အခမ်းအနားတွင် ကြွရောက်၍ သြ၀ါဒပေးခဲ့သော ရွှေပေါ်ကျွန်းသာသနာပြုစခန်း ပဓာန နာယကဆရာတော် ဘဒ္ဒန္တကုမာရက ““၂၇ ရက်နေ့ တုန်းကတော်ဝင်နှင်းဆီကို ဘုန်းဘုန်းရောက်တယ်။ ဗိုလ် ချုပ်ဖောင်ဒေးရှင်းလုပ်ဖို့ဆိုပြီးတော့ ၂၇ရက်နေ့တုန်းက ရေနံချောင်း တုန်းကပင့် ခဲ့တဲ့ဆရာတော်တွေကို လိုက် ပင့်တယ်။ ဘုန်းဘုန်းက လည်းလာခဲ့ပါမယ် ပြောလိုက်ပြီးတော့၊ သြ၀ါဒပေးဖို့။ ခန္ဓာကိုယ်ကို အရင်းအနှီးပြု ပြီး တော့ ဂုဏ်တွေရတယ်။ ခန္ဓာကိုယ်ကတော့ သေမျိုးမို့လို့၊ ပျက်တဲ့မျိုးမို့လို့။ ဒါပေမဲ့ ဒီခန္ဓာကိုယ်နဲ့ ရင်းနှီးတဲ့ ဂုဏ်ကတော့ မပျက်တတ်ဘူး။ မပျက်ဘူး။ အဲဒီဂုဏ်ကိုပဲ ချီးကျူးရတာပဲ။ အဲလိုပြောလိုက်တယ်။
နောက်ပြီးတော့မှ ဖောင်ဒေးရှင်းဆိုတော့ အင်္ဂလိပ်စကားနဲ့ပဲ ဖောင်ဒေးရှင်း ဆိုတာ အောက်ခြေလို့ပြောတာ။ အောက်ခြေ မပြီးသေးဘူး။ ဖောင်ဒေးရှင်း လုပ်ပြီးရင် တည်ဆောက်ပြီးဖြစ်ရမယ်။ တည် ဆောက်ဖို့ရာအတွက် ဘာလိုလဲဆိုတော့ ယုံကြည်မှုလိုတယ်။ ယုံကြည်မှုမရှိဘဲနဲ့ ဘယ်လိုနည်းနဲ့မှမအောင်မြင်ဘူး။ အဲဒါလေးပြော လိုက်တယ်။ ဘုန်းကြီးတို့ မြန်မာနိုင်ငံမှာ ဘာဖြစ်နေလဲဆိုတော့ အစိုးရကလည်း ပြည်သူကို မယုံကြည်ဘူး၊ ပြည်သူကလည်း အစိုးရကို မယုံ ကြည်ဘူး။ နောက်တစ်ခါ အစိုးရ ကလည်းကျောင်းသားတွေကို မယုံကြည်ဘူး၊ ကျောင်းသားတွေ ကလည်း အစိုးရကိုမ ယုံကြည်ဘူး။ အစိုးရကလည်း ဘုန်းကြီးတွေကို မယုံကြည်ဘူး၊ ဘုန်း ကြီးတွေကလည်း အစိုးရကိုမယုံကြည်ဘူး။ အဲဒီတော့ ဒီလိုသံသယတွေနဲ့ ဒီနိုင်ငံဘယ်လို တိုးတက်မလဲ။ နိုင်ငံ တိုးတက်ချင်ရင် သံသယဖျောက်၊ သံသယဖျောက်ပြီးတော့ မှ မေတ္တာရောက်အောင်လုပ်။ မေတ္တာရောက်လာပြီ ဆိုရင်တော့ ဒီနိုင်ငံတိုးတက်တော့မယ်။ အဲဒါပဲပြောလိုက်တာ။ ဒါကြောင့်မို့လို့ မေတ္တာရောက်ပြီးတော့ တစ် ယောက်နဲ့ တစ်ယောက် မေတ္တာရှေ့ ထားပြီးတော့ အောင်မြင်ေ အာင် ဆောင်ရွက်ကြပါလို့တိုက် တွန်းရင်းနိဂုံး ချုပ်လိုက်တယ်”” ဟု မြန်မာသံတော်ဆင့်သို့ မိန့်ကြား သည်။ ရွှေပေါ်ကျွန်း ပဓာနနာယက ဆရာတော်သည် ဖေဖော်ဝါရီ ၁၃ရက် ဗိုလ်ချုပ်ရာပြည့်အခမ်းအနားတွင်လည်း ကျင်းပရေးကော်မတီ၏ ပင့်ဖိတ်ချက် အရကြွ ရောက်ကာ ရေစက်ချ အနုမောဒနာတရား ဟောကြားခဲ့သည်။
ဗိုလ်ချုပ်အောင်ဆန်း၏ ရိုးသားဖြောင့်မတ်သော စာရိတ္တ၊ အဂတိကင်းရှင်းစွာဖြင့် အမှန်တရားဘက်မှ အစဉ် အမြဲရပ်တည်ရဲသော သတ်္တိ၊ ကိုယ်ကျိုးအတ္တထက် နိုင်ငံနှင့် ပြည်သူကောင်းစားရေးကို အမြဲဦးစားပေးအနစ် နာခံသော စိတ်ဓာတ်၊ ထူးချွန်ထက်မြက်သော ဉာဏ်အရည်အသွေးတို့ကို စံပြအတုယူလိုသော စိတ်ဓာတ်များ မျိုးဆက်သစ် လူငယ်များတွင် ဖြစ်ပေါ်စေရန် စသည့်ရည်ရွယ်ချက်ဖြင့် ဖောင်ဒေးရှင်းဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။
ယင်းဖောင်ဒေးရှင်းဖွဲ့စည်း တည်ထောင်ရခြင်းနှင့် ဗိုလ်ချုပ်ရာ ပြည့်ငွေစာရင်းရှင်းတမ်းများ ကြေညာခြင်း အခမ်း အနားကို ဇွန်လ ၂၇ ရက်နေ့က ရန်ကုန်မြို့တော်ဝင်နှင်းဆီခန်းမတွင် ကျင်းပခဲ့သည်။ အဆိုပါအခမ်းအနားသို့ နတ်မောက်ဆရာတော်၊ ရွှေပေါ်ကျွန်း ဆရာတော်နှင့် ရာပြည့်ကော်မတီမှ တာဝန်ရှိသူများ၊ အဖွဲ့အစည်းများ တက်ရောက်ခဲ့ကြသည်။
တင်ဇာအောင်
မြန်မာသံတော်ဆင့်သတင်းဌာန – https://www.facebook.com/myanmarherald



No comments:
Post a Comment