SCG မှ ပညာရေးမှတ်တမ်း ကောင်းများရှိသူ၊ မိသားစုအပေါ် ကျေးဇူး သိတတ်ပြီး ရပ်ရေးရွာရေး လူမှုပတ်ဝန်း ကျင်တွင် တာဝန်သိ တတ်သော မြန်မာကျောင်းသား၊ ကျောင်းသူအယောက်၂၀၀အတွက် ပညာသင်ထောက်ပံ့ ကြေးများပေး အပ်ရန်အတွက် SCG Sharing the Dream 2015 ကို ပြန်လည်စတင်နေ ပြီဖြစ်ပါသည်။ ၄နှစ် တိုင်တိုင် ပညာသင်ဆုများ ပေးအပ်ချီးမြှင့်ခဲ့ရာ ယခုနှစ်တွင် SCG မှ ပညာသင်နှစ် တစ်နှစ်အတွက်လိုအပ်သော ကုန်ကျစရိတ်များကိုကာမိစေရန် ပညာသင်ထောက်ပံ့ကြေး တစ်ဦးလျှင်ကျပ် ငွေ ၂၂၀,၀၀၀ အထိတိုးမြှင့်ပေးခဲ့ သည်။
၂၀၁၅ခုနှစ်ကျောင်းသားများအပါအ၀င်၂၀၁၄ခုနှစ်မှ စတင်သော SCG Sharing the Dream အစီအစဉ်မှ မြန်မာကျောင်းသား၊ ကျောင်းသူနှင့် ထူးချွန်ကျောင်းသား၊ ကျောင်းသူများ အပါအ၀င် ကျောင်းသား၊ ကျောင်း သူ ပေါင်းအယောက် ၇၀၀ကျော်တို့အား ပညာသင်ထောက်ပံ့ကြေးများ ချီးမြှင့်ပေးခဲ့ပါသည်။…
ယခုနှစ်တွင်လည်း ရန်ကုန် တိုင်းဒေသမှ ကျောင်းသား/သူများအတွက် ပညာသင်ထောက်ပံ့ ဆု၁၀၀နှင့် မွန်ပြည်နယ်မှ ကျောင်းသား၊ ကျောင်းသူ များအတွက် ပညာသင်ထောက်ပံ့ဆု ၁၀၀ စသည်တို့ကိုပေးအပ် ချီးမြှင့်ပေးသွားမည်ဖြစ်သည်။ SCG မှ ဆုပေးအပ်ချီးမြှင့်သည့် အခမ်းအနားအား ရန်ကုန် နှင့်မော်လမြိုင်မြို့ များတွင် စက်တင်ဘာလ၌ ကျင်းပပြုလုပ်ပေးသွားမည်ဖြစ်သည်။
ရန်ကုန်နှင့် မွန်ပြည်နယ်တို့တွင် အမြဲတမ်းနေထိုင်သော ကိုးတန်း (Grade 10) သို့မဟုတ် ဆယ်တန်း(Grade 11) ကျောင်းသူကျောင်းသားများ အနေဖြင့် SCG Sharing the Dream ပညာသင်ဆုကို ဇွန်လ ၂၃ ရက်နေ့မှ ဇူလိုင်လ ၁၈ ရက်နေ့အတွင်း လျှောက်ထားနိုင်ပါသည်။ လျှောက်ထားသော ကျောင်းသူ၊ ကျောင်းသားများ အနေဖြင့် မိမိတို့၏ သက်ဆိုင်ရာ ကျောင်းရုံး ခန်းမှာရရှိနိုင်မည့် စစ်တမ်းမေးခွန်းလွှာကို ပြည့်စုံစွာဖြည့် စွက်ပြီး လျှောက်ထားရ မည်ဖြစ်ပါသည်။ ပြည့်စုံစွာဖြည့်စွက်ထားသော စစ်တမ်းမေးခွန်းလွှာနှင့်အတူ လျှောက်ထား သော ကျောင်းသူ သို့မဟုတ်ကျောင်းသားအနေဖြင့် မိမိ၏မိဘများအပေါ်တွင် မည်ကဲ့သို့ကျေးဇူးသိတတ် ကြောင်းနှင့် မိမိ၏အိမ်တွင် မည်ကဲ့သို့ အကူအညီပေးနေမှု အကြောင်းအရာကို ရေးသားထားသော စာပိုဒ် တစ် ပိုဒ်ပါဝင်ရမည် ဖြစ်သည်။ ပညာသင်ဆု လျှောက်လွှာတင်သည့်အခါ တွင် လျှောက်ထားသူ၏ ဓာတ်ပုံ တစ်ပုံ၊ ဆက်သွယ်ရမည့် လိပ်စာ အပြည့်အစုံနှင့်မိမိ၏ ဆရာသို့မဟုတ် ဆရာမ၏ ထောက်ခံစာနှင့်တကွ ထည့်သွင်း လျှောက်ထားရမည်ဖြစ်ပါသည်။
SCG Sharing the Dream ၂၀၁၄ ခုနှစ် ပညာသင်ဆုပေး အပ်ခြင်းအစီအစဉ်နှင့်ပတ်သက် ၍ မေးမြန်းလိုသော ကျောင်း သူ/ ကျောင်းသားများအနေဖြင့် Myan-mar Business Executives Assoc-iation (MBE) အား တယ်လီဖုန်း ၀၁-၅၁၆၆၃၉၊ ၀၉၄၂၀၀၆ ၉၉၀၂ သို့လည်းကောင်း၊ MBE ရုံးခန်း တည်ရှိရာ အမှတ်(၈) အခန်းနံပါတ် ၆၀၄၊ ပန်းခြံတာဝါ၊ ဗားကရာလမ်း၊ ဗားကရာလမ်းနှင့် ဓမ္မစေတီလမ်းထောင့်၊ စမ်းချောင်းမြို့နယ်၊ ရန်ကုန် မြို့သို့ ဆက်သွယ်စုံစမ်းနိုင်သည်။
KKM
မြန်မာသံတော်ဆင့်သတင်းဌာန – https://www.facebook.com/myanmarherald
No comments:
Post a Comment