ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန လက်အောက်ရှိ အခြေခံပညာအဆင့် စာသင်ကျောင်းများကို အဆင့်တိုးမြှင့် သင်ကြားခွင့်ပေးလျက်ရှိသော်လည်း ပညာရေးဝန်ကြီးဌာနမှ အဆင့်တိုးအတန်းများနှင့် သက် ဆိုင်သောဆရာ၊ ဆရာမများ ခန့်ထားစေလွှတ်ပေးခြင်း မရှိသည့်အတွက် ကျောင်းအကျိုးတော်ဆောင် အဖွဲ့နှင့် ကျောင်းသားမိဘများ စုပေါင်း၍ ပြင်ပမှဆရာ၊ ဆရာမများအား လစာပေးငှားရမ်းနေရကြောင်း ဧရာဝတီ တိုင်းဒေသကြီး ဖျာပုံခရိုင်အတွင်းရှိ အဆင့်တိုးမြှင့်သင်ကြားခွင့်ရ အခြေခံပညာကျောင်းများမှ
ကျောင်းအုပ် ဆရာများနှင့် ကျောင်းသားမိဘများက မြန်မာသံတော်ဆင့်သို့ပြောသည်။
အစိုးရသစ်လက်ထက်တွင် ကျေးလက်ဒေသများနှင့်မြို့ပေါ်ရှိ အခြေခံပညာအဆင့် စာသင်ကျောင်းများကို
နှစ် စဉ်ကျောင်းအဆင့်တိုးမြှင့် သင်ကြားခွင့်များ ချထားပေးလျက်ရှိရာ အခြေခံပညာမူလတန်းကျောင်းအား မူလ တန်းလွန် အဆင့်တိုးမြှင့်ကာ ပဉ္စမတန်းမှ သတ္တမတန်းအထိ သင်ကြားခွင့်ပြုခြင်း၊
အခြေခံပညာမူလတန်းလွန် ကျောင်းနှင့် အခြေခံပညာအလယ်တန်း ကျောင်းခွဲအဆင့်ရှိကျောင်းများကို
အလယ်တန်းကျောင်းခွဲအဖြစ် အဋ္ဌ မတန်းအထိ သင်ကြားခွင့်ပြုခြင်း၊ အလယ်တန်းအဆင့်ကျောင်းများကို အထက်တန်းကျောင်းခွဲအဖြစ် အဆင့် တိုးမြှင့်ပြီး န၀မတန်းနှင့် ဒသမတန်း (တက္ကသိုလ်ဝင်တန်း)အထိ တိုးမြင့်သင်ကြားခွင့်ပြုခြင်းများ လုပ်ဆောင်ခဲ့ သော်လည်း ယင်းတိုးမြှင့်ပေးခံရသည် ကျောင်းများအတွက် သင်ကြားပေးမည့် ဆရာများ ခွဲဝေခန့်ထားမှုမှာ လုံလောက်မှု မရှိသည့်အတွက် ပြင်ပမှ ဆရာများ ငှားရမ်းနေရခြင်းအပေါ် ယခုကဲ့သို့ပြောဆိုကြခြင်းဖြစ်သည်။…
““မူလွန်ကနေ အလယ်တန်းကျောင်းခွဲတိုးတယ်။ ကလေးတွေ ကိုယ့်ရပ်ရွာမှာပဲအလယ်တန်းပညာကို သင်ခွင့်ရ တော့ဝမ်းသာတာပေါ့။ ဒါပေမဲ့ အခုလို အဆင့်တိုးစနှစ်မှာ လိုအပ်တဲ့ ၀န်ထမ်းချ မပေးဘူး။ ကိုယ့်ဘာသာ စုပြီး အပြင်ကငှားရတယ်။ လက်ရှိမူလတန်း ၀န်ထမ်းတွေလည်း အလယ်တန်းကိုတက်ပြီး ၀ိုင်းသင်ကြရတယ်။ ပင် ပန်းကြတာပေါ့။ နောက်နှစ်တွေဆို အလယ်တန်းပြတွေ ခန့်ပေးမယ်လို့တော့ပြောတယ်”” ဟု ဧရာဝတီတိုင်း အတွင်းရှိ မူလတန်းလွန်းကျောင်းမှ အလယ်တန်းကျောင်းခွဲအဆင့်သို့ တိုးမြင့်သင်ကြားခွင့်ရသော ကျောင်း တစ်ကျောင်းမှ ကျောင်းအုပ် ဆရာတစ်ဦးက မြန်မာသံတော်ဆင့်သို့ပြောသည်။
ကျေးလက်ဒေသများရှိ အဆင့်တိုးမြှင့်ထားသည့် ကျောင်းများတွင် အစိုးရစစ်အတန်းများဖြစ်သည့် အဋ္ဌမတန်း နှင့် တက္ကသိုလ်ဝင်တန်းများတွင် ဆရာ၊ ဆရာမလုံလောက်မှု မရှိသည့်အတွက် သင်ကြားရေးတွင် အခက်အခဲ များ ဖြစ်ပေါ်နေပြီး သင်ကြားမှုထောက်ကူပစ္စည်းများ လုံလောက်မှုမရှိသည့် အခက်အခဲများလည်း ကြုံတွေ့နေရ သည်။
ယင်းသို့အခြေခံပညာ ကျောင်းများအား အရေအတွက်များစွာ အဆင့်တိုးမြှင့်သင်ကြားခွင့်၊ ကျောင်းအဆင့်တိုး ခွင့်ပြုနေခြင်းနှင့် ပတ်သက်၍ “အမည်ခံချင်တာ၊ တကယ်ပေးချင်တာမှ မဟုတ်တာလေ။ ရှင်းရှင်းပြောရ ရင် မြန်မာနိုင်ငံမှာ ပညာရေးကို ဘယ်လောက်တောင် အစိုးရကစိတ်ဝင်စားတယ်၊ အဲဒီလို ကျောင်းတွေကို အများ ကြီးပဲ ကျွန်တော်တို့က လုပ်ပေးထားပါတယ်လို့ အမည်ခံချင်တာလေ။ ဆရာမလုံလောက်တာ။ ဆရာတွေငှားရ တာ နဂိုကတည်းက ဒါတွေတွေးပြီး လုပ်တာမှမဟုတ်တာ။ နဂိုကတည်းက စီမံခန့်ခွဲမှုအမှားဆိုတဲ့ စကားလုံးကို ပြောခဲ့တာပေတေ လိပ်နေပြီ။ နောက်ဆုံးဖြစ်တဲ့ ပြဿနာက ဆရာတွေငှားရတယ်။ မခက်သေးဘူး။ ဒါပေမဲ့ထိ ရောက်တဲ့ သင်ကြားမှုမရတော့ ကျောင်းသားတွေ စာမတတ်ဘူး”” ပညာရေးဌာနတွင် လက်ထောက် မြို့နယ် ပညာရေးမှူးနှင့် အထက်တန်းကျောင်းအုပ်ကြီး တာဝန်များ ထမ်းဆောင်ခဲ့ဖူးသူ ဦးသန်းဦး(အငြိမ်းစား)က ပြောသည်။
ဇော်နိုင်ဝင်း
မြန်မာသံတော်ဆင့်သတင်းဌာန – https://www.facebook.com/myanmarherald
No comments:
Post a Comment