မင်းမင်း နေပြည်တော်၊ ဇွန် ၂၇
ယခုနှစ်ကုန်ပိုင်းအတွင်းကျင်းပမည့် ၂၀၁၅ရွေးကောက်ပွဲသည် တိုင်းပြည်အတွက် အလွန်အရေးကြီးသောကြောင့် လူတစ်ဦးစီတိုင်းက မဲပေးဖြစ်အောင် ပေးကြဖို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းပြောဆိုလိုက်သည်။
မဲပေးပိုင်ခွင့်ရှိသူအားလုံး မဲပေးခွင့်ရရှိရန်လိုအပ်ပြီး မဖြစ်မနေမဲပေးကြရန် အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က အစိုးရရုံးစိုက်ရာ နေပြည်တော် ပုဗ္ဗသီရိမြို့နယ်ရှိ ကျည်တော်ကန်ကျေးရွာရှိ အိမ်ခြေပေါင်း အနည်းဆုံး ၁၀အိမ်တွင် ဇွန် ၂၇ ညနေပိုင်းက တစ်အိမ်တက်၊ တစ်အိမ်ဆင်း လိုက်လံတိုက်တွန်းခဲ့ခြင်းဖြစ်သည်။
ဗွီဒီယိုဖိုင်ကြည့်ရန် - ဒီမှာနှိပ်ပါ
Credit - Mizzima - News in Burmese
No comments:
Post a Comment