ရန်ကုန်၊ ဇွန် ၂၉
လက်ပံတောင်းတောင် ကြေးနီစီမံကိန်းတွင် မီးလောင်ဗုံးဖြင့် ဖြိုခွဲခံရမှု ၂၈ လပြည့်အဖြစ် ၂၀၁၅ ခုနှစ် မတ်လ ၂၉ ရက်က လမ်းလျှောက် ဆန္ဒထုတ်ဖော်ခဲ့ကြသူများ၏ ဇွန်လ ၂၉ ရက်ရုံးချိန်းတွင် မီးလောင်ဗုံးဖြင့် ဖြိုခွဲခံရမှု ၃၁ လပြည့်အဖြစ် ပန်းဘဲတန်းမြို့နယ် တရားရုံးရှေ့တွင် ဆန္ဒထုတ်ဖော်မှုတစ်ရပ် ပြုလုပ်ခဲ့ကြောင်း တရား စွဲဆိုမှုဖြင့် ရုံးချိန်းလာရောက်သည့် ကိုဌေးအောင်က မြန်မာသံတော်ဆင့်သို့ ပြောသည်။
လက်ပံတောင်းတောင်တွင် မီးလောင်ဗုံးဖြင့် ဖြိုခွဲခံရမှု ၂၈ လ ပြည့် လမ်းလျှောက်မှုတွင် ပါဝင်မှုဖြင့် ပန်းဘဲတန်း မြို့နယ် ဒုရဲစခန်းမှူး အောင်နိုင်မြင့်က ပုဒ်မ ၁၈ ဖြင့် တရားလိုပြုလုပ်ကာ လမ်းလျှောက်ပွဲတွင် ပါဝင်ခဲ့သည့် ကိုဌေးအောင်နှင့် ကိုစိုးသော်တို့အား တရားစွဲဆိုခံရမှု၏ ၅ ကြိမ်မြောက်ရုံးချိန်းတွင် လက်ပံတောင်းတောင် ကြေးနီ စီမံကိန်းတွင် မီးလောင်ဗုံးဖြင့် ဖြိုခွဲခံရမှု ၃၁ လပြည့် ဆန္ဒထုတ်ဖော်မှု ပြုလုပ်ခဲ့ခြင်းအပေါ် ယခုကဲ့ သို့ ပြောကြားခြင်းဖြစ်သည်။
““လက်ပံတောင်းတောင် ဖြစ်စဉ်နဲ့ ပတ်သက်ပြီး တရားစွဲဆိုခံထားရပြီး ဒဂုံမြို့နယ်က ထောင်ဒဏ်ချမှတ် ခံထားရတာပါ။ လက်ပံတောင်းတောင် ကိစ္စ၊ ဒေါ်ခင်ဝင်းသေဆုံးမှုတွေကလည်း ဒီနေ့အထိ တရားခံ မပေါ် သေးဘူး။ ဒီနေ့ဆိုရင်လည်း ၃၁ လပြည့်ပြီ။ ကြေးနီစီမံကိန်း ဖျက်သိမ်းပေးဖို့နဲ့ ၀မ်ပေါင် ကုမ္ပဏီ အမြန်ဆုံး ထွက်သွားဖို့ကိုလည်း ဒီမိုကရေစီ အင်အားစုတွေနဲ့ ထပ်ပြီး တောင်းဆိုသွားမှာပါ”” ဟု ထောင်ဒဏ်ချမှတ် ခံထားရသူ ကိုဌေးအောင်က ပြောသည်။
လက်ပံတောင်းတောင် ကြေးနီစီမံကိန်းတွင် မီးလောင်ဗုံးဖြင့် ဖြိုခွဲခံရမှု ၂၈ လပြည့် လမ်းလျှောက် ဆန္ဒ ထုတ်ဖော်မှုကို ပြီးခဲ့သည့်မတ်လ ၂၉ ရက်က ကျောက်တံတားမြို့နယ်မှ တရုတ်သံရုံးရှေ့အထိ လမ်းလျှောက် ဆန္ဒထုတ်ဖော်ရာတွင် ပါဝင်သော ကိုဌေးအောင်နှင့် ကိုစိုးသော်တို့ကို ဒဂုံမြို့နယ် တရားရုံးက ပုဒ်မ ၁၈ ဖြင့် ထောင်ဒဏ် ၄ လ ချမှတ်ခဲ့ပြီး ပန်းဘဲတန်းမြို့နယ် ရဲစခန်းမှ ဒုတိယစခန်းမှူး အောင်နိုင်မြင့်နှင့် ကျောက် တံတားမြို့နယ် ရဲစခန်းမှူး ဦးတင်ဝင်းတို့ကလည်း ပုဒ်မ ၁၈ ဖြင့် တရားစွဲဆိုထားသည်။
လက်ပံတောင်းတောင် မီးလောင်ဗုံးဖြင့် ဖြိုခွင်းခံရမှု ၃၁ လ ပြည့် ဆန္ဒထုတ်ဖော်မှုအဖြစ် ပန်းဘဲတန်းမြို့နယ် တရားရုံးရှေ့၌ ပြုလုပ်ခဲ့ရာတွင် ““လက်ပံတောင်းတောင် ဖြိုခွဲမှုတွင် တရားခံဖော်ထုတ်ပေးရေး၊ ကြေးနီ စီမံကိန်း ဖျက်သိမ်းပေးရေးနှင့် ၀မ်ပေါင်ကုမ္ပဏီ မြန်မာပြည်မှ ထွက်ခွာပေးရေး”” ကြွေးကြော်သံများဖြင့် လူအင်အား ၂၀ ကျော်က ၀ိုင်းဝန်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။
လက်ပံတောင်းတောင် ၃၁ လပြည့် ဆန္ဒထုတ်ဖော်မူနှင့် ပတ်သက်၍ ““လက်ပံတောင်းတောင် မီးလောင်ဗုံးနဲ့ ဖြိုခွင်းခံရမူ၊ ဒေါ်ခင်ဝင်း သေဆုံး မူတွေမှာ အခုထိတရားခံကို မဖော်ထုတ်နိုင်သေးဘူး။ ဒီနေ့ အဖမ်းခံထားရတဲ့ သူတွေ လွတ်မြောက်ဖို့ရယ် ဒေါ်ခင်ဝင်း သေဆုံးမှုကြောင့် တရားခံဖော်ထုတ်ပေးဖို့ မြန်မာနိုင်ငံထဲက ၀မ်ပေါင် ကုမ္ပဏီ အပြီးအပိုင် ထွက်သွားပေးဖို့နဲ့ ကြေးနီစီမံကိန်း ရပ်ဆိုင်းပေးဖို့ကို မရမချင်း တောင်းဆိုသွားမှာပါ””ဟု ဆန္ဒထုတ်ဖော်ပွဲတွင် ပါဝင်သည့် ဒီမိုကရေစီအင်အားစုအဖွဲ့မှ ဦးခင်မောင်က ပြောသည်။
သူရိန်ကျော်
မြန်မာသံတော်ဆင့်သတင်းဌာန – https://www.facebook.com/myanmarherald
No comments:
Post a Comment