ရန်ကုန်၊ ဇူလိုင် ၁
ရခိုင်ပြည်နယ်အတွင်းရှိနေရာ အနှံ့အပြားတွင် မိုးသည်းထန် ရေကြီး မှုနှင့်ကြုံတွေ့ခဲ့ရသော ပြည်သူများအား ကူညီထောက်ပံ့ရန် အတွက် ပြည်နယ်အစိုးရအဖွဲ့၏ သဘာဝဘေးအန္တရာယ်ရန်ပုံငွေထဲမှ ကျပ် ၅ ဘီလီယံကို ထုတ်နုတ်သုံးစွဲလျက်ရှိကြောင်း ပြည်နယ် အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးတင်မောင်ရွှေက ဇူလိုင် ၁ရက်တွင် မြန်မာ သံတော်ဆင့်သို့ပြောသည်။
ဇွန်လ ၂၂ ရက်နောက်ပိုင်းတွင် မိုးသည်းထန်စွာရွာသွန်းခဲ့မှုကြောင့် ရခိုင်ပြည်နယ်အတွင်းရှိ အမ်း၊ တောင် ကုတ်၊ မြောက်ဦး၊ စစ်တွေ အပါအ၀င်နေရာအနှံ့အပြားတွင် ရေကြီးရေလျှံမှုများဖြစ်ပေါ်ခဲ့ပြီး အချို့သောနေရာများ တွင် နေအိမ်များပါ မျောပါခဲ့မှုများရှိခဲ့ရာ ၎င်းတို့အား ပြည်နယ်အစိုးရအဖွဲ့များက သွားရောက်ကူညီထောက်ပံ့ မှုများ ပြုလုပ်ခဲ့ရသည်။ စစ်တွေမြို့တစ်ခုတည်းတွင်ပင် ဇွန်လ ၂၅ရက် နံနက် ၉ နာရီမှ ဇွန်လ ၂၆ရက် နံနက် ၉ နာရီအထိ တစ်ရက်တည်းတွင်ပင် မိုးရေချိန် ၁၄ ဒသမ ၈၄ လက်မအထိ ရွာသွန်းခဲ့သည်။…
““ရခိုင်မှာရှိတဲ့ ၀န်ကြီးချုပ်အပါအ၀င် အစိုးရအဖွဲ့ဝင်ဝန်ကြီးတွေ အားလုံးက ရေဘေးထိတယ်ဆိုတဲ့ နေရာ အားလုံးကို ကွင်းဆင်း သွားရောက်ပြီးတော့ ကူညီပေးနေတာပါ။ စဖြစ်ဖြစ်ချင်းတော့ ဘာမှလုပ်ပေးလို့မရ ဘူး။ ရေကျပြီးနောက် ပိုင်းမှာ တော့ ထောက် ပံ့ပေးတာတွေ၊ ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေကို လုပ်ပေးနေပါ တယ်။ ပျက်စီးဆုံးရှုံးမှုက အများကြီးမရှိပါဘူး။ အိမ် တွေမျောပါတာတော့ ရှိတော့ရှိတယ်။ ဆိုးဆိုးဝါးဝါးမရှိပါ ဘူး။ ရေဘေးဒုက္ခသည်ဆိုတာ မရှိဘူး။ ရေကြီးတာကတော့ မှန်တယ်။ ရေကျသွားတော့ ပုံမှန်ပဲ ကိုယ့်အိမ်ကိုယ် နေကြတယ်။ ဘတ်ဂျက် က နိုင်ငံတော်ကခွင့်ပြုထားတဲ့ သဘာဝဘေး အန္တရာယ်ကာကွယ်ရေးဆိုတဲ့ထဲက သုံး တယ်။ ဘတ်ဂျက်က ၅ဘီလီယံ ခွင့်ပြုထားတာတော့ရှိပါတယ်””ဟု ရခိုင်ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးတင်မောင်ရွှေက မြန်မာ သံတော်ဆင့်သို့ပြောသည်။
အလားတူ တနင်္သာရီတိုင်းအတွင်းရှိ မြို့အချို့တွင်လည်း မိုးသည်းထန်စွာရွာသွန်း မှုကြောင့် ရေကြီး ရေလျှံ မှုများ ဖြစ်ပေါ်ခဲ့သေးပြီး အစိုးရအာဏာပိုင်များဘက်မှ အကူအညီများပေးခဲ့ရသည်။ ယခုကဲ့သို့ တိုင်းနှင့်ပြည်နယ် ဒေသ အချို့ရှိ ရေဘေးသင့်ပြည်သူများအတွက် အထူးအရေးကြီးကိစ္စ ရပ်များဖြစ်သည့် သဘာဝဘေး အန္တရာယ် ဖြစ်ပေါ်ခြင်း၊ စစ်ဘေးစစ် ဒဏ်ကျရောက်ခြင်းများရှိပါက သုံးစွဲရမည့် သမ္မတ၏ အထူးရန်ပုံငွေအား ထုတ်နုတ် သုံးစွဲသွားရန် အစီအစဉ်ရှိ၊ မရှိနှင့် ပတ်သက်၍ သမ္မတ ရုံးညွှန်ကြားရေးမှူး ဦးဇော်ဌေးအား ဆက်သွယ် မေးမြန်း ခဲ့ရာ ““ဒီမိုးရာသီမှာဖြစ်တဲ့ ရေကြီးရေလျှံ၊ မြေပြို၊ ကျန်တဲ့ကိစ္စတွေနဲ့ ပတ်သက်ပြီးတော့ တိုင်းဒေသကြီးနဲ့ ပြည် နယ်တွေမှာ ကနဦးအသုံးပြုနိုင်တဲ့ ရန်ပုံငွေတွေရှိတယ်။
လူမှုကယ်ဆယ်မှာ သဘာဝဘေးအတွက် လုပ်ထားတဲ့ ရန်ပုံငွေတွေရှိတယ်။ အဲဒါတွေကသက်ဆိုင်ရာ တိုင်းဒေသကြီးတွေမှာ အရေးပေါ်ကယ် ဆယ်ရေးပစ္စည်းတွေ စု ထားတာရှိတယ်။ လူမှုကယ်ဆယ်ကနေ သဘာဝဘေး စီမံချက်ရှိတယ်။ အဲဒါတွေက သက်ဆိုင်ရာ တိုင်းဒေသ ကြီးနဲ့ပြည်နယ်တွေမှာ ဖြန့်ထားတာတွေရှိတယ်။ အရေးပေါ်ကယ်ဆယ်ရေး အကူအညီတွေရှိတယ်။ အဲဒါတွေနဲ့ အခုလုပ်ပေါ့နော်။ မရဘူးဆိုရင် သမ္မတကြီးကို တင်ပြပေါ့။ လိုအပ်ချက်တွေများလာရင် ကျန် တဲ့ဝန်ကြီးဌာန တွေ၊ တိုင်းဒေသကြီး အစိုးရတွေ၊ ပြည်နယ်အစိုးရတွေက ၀ိုင်းလုပ်ဖို့မှာထားပြီးသားပေါ့ နော်။ လိုအပ်ချက်က မလောက်တော့ ဘူးဆိုရင် သမ္မတရန်ပုံငွေက သုံးမှာပေါ့နော်။ အခုလောလော ဆယ်သက်ဆိုင်ရာတိုင်းဒေသကြီး နဲ့ပြည်နယ်အစိုးရတွေမှာ အကုန်ခွဲထားတဲ့ ရန်ပုံငွေတွေရှိတယ်၊ ဘတ်ဂျက်တွေနဲ့။ ကျန်တဲ့ NGO တွေ၊ အလှူ ရှင်တွေရှိတယ်။ အဲဒါတွေနဲ့ လုပ်ပေါ့နော်။ မရဘူး၊ အရမ်းဖြစ် တယ်ဆိုရင်တော့ သမ္မတရန်ပုံငွေသုံးမှာပေါ့””ဟု ဆိုသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်းကမူ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်၏ မဲဆန္ဒနယ်မြေများဖြစ် သည့် မန္တလေးတိုင်း၊ ပျော်ဘွယ်နှင့် ရမည်းသင်းမြို့နယ် များတွင် ပြည်သူများသုံးရေနှင့် တိရစ္ဆာန်များ သောက် သုံးရေပြတ်လပ်မှုမရှိစေရန်အတွက် ဆည်နှင့် ကန်ငယ်စုစုပေါင်း ၃၇ခုကို သမ္မတ၏အထူးရန်ပုံငွေဖြင့် လုပ် ဆောင်ပေးခဲ့ဖူးပြီး သုံးစွဲမှုပမာဏမှာကျပ် ၂၄၀ ဒသမ ၉၄ သန်းရှိသည်။ ယင်းသို့ ဦးခင်အောင်မြင့်၏ နယ်မြေ အတွက် သမ္မတအထူးရန်ပုံငွေမှ ထုတ်နုတ်သုံးစွဲလုပ်ကိုင်ခဲ့ခြင်းမှာ ပုဂ်္ဂိုလ်ရေးအတွက် လုပ်ဆောင် ခဲ့ခြင်းဖြစ် ကြောင်းလည်း သတင်းများ ထွက်ပေါ်ခဲ့သေးသည်။
““သမ္မတအထူးရန်ပုံငွေကို ထုတ်သုံးနိုင်တယ်။ သုံးဖို့လမ်းကြောင်းရှိတယ်။ သိသလောက် ထုတ်သုံးရမယ့် အခြေအနေပါ။ ပြည်ထောင်စု လွှတ်တော် ကလည်းအရေးကြီး အဆိုတင်တယ်။ သူတို့ကလည်း ဆောင်ရွက်နေ ဆဲလုပ်ငန်းဖြစ်ပါ တယ်လို့ဖြေထားတယ်။ ဆက်လုပ် ဆဲလုပ်ငန်းနဲ့ ပြည်ထောင်စုလွှတ်တော်က စောင့်ကြည့်နေ ဆဲမို့လိုပါ။ ပြည်ထောင်စုက လူဆိုတော့ ပြည်နယ်ရဲ့ အသေးစိတ်ကို မသိဘူး။ ထုတ်သုံးမှဖြစ်မယ့် အခြေအနေ ပါ”” ဟု ရခိုင်အမျိုးသားပါတီ ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က ဇူလိုင် ၁ရက်တွင် မြန်မာ သံတော်ဆင့်သို့ ပြောသည်။
MH-0025
မြန်မာသံတော်ဆင့်သတင်းဌာန – https://www.facebook.com/myanmarherald
No comments:
Post a Comment