Friday, July 3, 2015

ဆင်းရဲနွမ်းပါးမှုနှင့်ငတ်မွတ်ခေါင်းပါးမှုပြဿနာကို ပိုမိုနားလည် ဖြေရှင်းနိုင်ရန် အရင်းအမြစ်စင်တာတစ်ခု WFP ထပ်ဖွင့်

 ရန်ကုန်၊ ဇူလိုင် ၂

အစိုးရ၀န်ထမ်းများ၊ ဆင်းရဲနွမ်းပါးမှုဆိုင်ရာ အချက်အလက်များကို ခွဲခြမ်းစိတ်ဖြာခြင်း၊ ကောက်ခံခြင်းများကို သင်ကြားရန်ကူညီမည့် အရင်းအမြစ် စင်တာတစ်ခုကို မန္တလေးတိုင်း၊ ကျောက်ဆည်မြို့နယ်တွင် ကမ္ဘာ့စားနပ် ရိက္ခာဖူလုံရေးအဖွဲ့ (WFP)က ဖွင့်လှစ်မည်ဖြစ်သည်။ ကွန်ပျူတာ၊ ပရင်တာ၊ ခွဲခြမ်းစိတ်ဖြာသည့် ဆော့ဖ်ဝဲလ်၊ တည်နေရာပြ ကိရိယာများနှင့် အခြားအရင်းအမြစ် ထောက်ပံ့မှုများကို ကမ္ဘာ့စားနပ်ရိက္ခာဖူလုံရေးအဖွဲ့ (WFP)က ကူညီပေးမည်ဖြစ်သည်။

သုတေသနပုံစံ၊ အချက် အလက်ရွေးချယ်ခြင်းနှင့် အချက်အလက်ခွဲခြမ်း စိတ်ဖြာခြင်းများကို ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဧရိယာတွင်ရှိသည့် ၀န်ထမ်းများအား အစားအစာဖွံ့ဖြိုးရေးနှင့် လေ့ကျင့်မှုနည်းစနစ်များ သင်ကြား ရန် ကမ္ဘာ့စားနပ်ရိက္ခာဖူလုံရေးအဖွဲ့ (WFP)က တာဝန်ယူမည်ဖြစ်သည်။…

မြန်မာနိုင်ငံသည် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရန် ထိန်းသိမ်းစောင့်ရှောက်ခြင်းနှင့် မသန့်ရှင်းသော အစား အစာများကို လျှော့ချခြင်း၊ ဆင်းရဲနွမ်းပါးမှုနှင့် ငတ်မွတ်ခေါင်းပါး မှုများအား လျှော့ချနိုင်ရန်၊ ယုံကြည်ရသည့် အခြေခံသက်သေ အချက်အလက်များနှင့် သတင်းအချက်အလက်များ အားနည်းခြင်းက ထိရောက်သည့် အစီ အစဉ် ရေးဆွဲရေးအတွက် ဆုံးဖြတ်ရန် အကျပ်အတည်းများနှင့် ရင်ဆိုင်နေရသည်။ ကမ္ဘာ့စားနပ်ရိက္ခာဖူလုံ ရေးအဖွဲ့ (WFP)နှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးအဖွဲ့က နိုင်ငံတစ်ဝန်းလုံးအရင်း အမြစ်စင်တာများ တည်ထောင် ရန် ၂၀၁၄ခုနှစ်က ကတိပြုလက်မှတ်ရေးထိုးခဲ့ခြင်းက စားနပ်ရိက္ခာ လိုအပ်မှုများအတွက် ကူညီထောက် ပံ့ခြင်း နှင့် ကောင်းမွန်သည့် အစီအစဉ်များကို ဦးဆောင်နိုင်လိမ့်မည်ဟု WFP က မျှော်လင့်လျက်ရှိသည်။

WFP မှ စီမံကိန်းတာဝန်ခံ ဒေါ်မြသင်းဝေက““ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်မှုနှင့် ဆင်းရဲနွမ်းပါး မှုလျှော့ချရေး အတွက် အချက်အလက်များ ဝေမျှရန်လုပ်ဆောင်ခြင်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်မှုပြောင်းလဲရန် အချက်အလက် ကွန်ရက်ဌာနတစ်ခုကို မကြာခင် စတင်ဆောင်ရွက်နိုင်မယ်လို့ မျှော်လင့်ပါတယ်။ ဒီစင်တာက ဒေသ ဆိုင်ရာများအတွက် အလုပ်ရုံဆွေးနွေးပွဲများ၊ မြင့်မားသည့်ထုတ်လုပ်မှု အကျိုးအမြတ်များနှင့် သင်ကြား မှုအဖြစ်အပျက်များကို လုပ်ဆောင်ပါလိမ့်မယ်””ဟုပြောကြားခဲ့သည်။

ကမ္ဘာတစ်ဝန်းလုံးတွင် တူညီသည့် အရင်းအမြစ်စင်တာ အများအပြားကို WFP က ထူထောင်ခဲ့သည်။ ၂၀၁၃ ခုနှစ်နှင့် ၂၀၁၄ခုနှစ်တွင် ချင်းပြည်နယ်နှင့် မကွေးတိုင်းတွင် အလားတူစင်တာများ ဖွင့်လှစ်ခဲ့ပြီး ယခု ကျောက် ဆည်မြို့နယ်တွင် ဖွင့်လှစ်ထားသော စင်တာသည် တတိယမြောက်ဖွင့်လှစ်ထားသော အရင်းအမြစ် စင်တာဖြစ် သည်။ WFP အဖွဲ့နှင့်အစိုးရက ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တွင် ယင်းစင်တာ ၅ ခု ဖွင့်ရန် စီစဉ်ထားသည်။

WFP အဖွဲ့သည် ငတ်မွတ် ခေါင်းပါးမှု တိုက်ဖျက်ခြင်း၊ အရေးပေါ်အခြေအနေတွင် အစားအစားများ ဖြန့်ဖြူး ခြင်း၊ လူ့အဖွဲ့အစည်းများ အာဟာရဓာတ် တိုးတက်ရန် လူသားအကျိုးဆောင်ရွက်နေသော ကမ္ဘာ့အကြီးဆုံး အဖွဲ့အစည်းတစ်ခုဖြစ်သည်။

မြန်မာနိုင်ငံသည် အရပ်သားအမည်ခံအစိုးရ တက်လာခဲ့သော်လည်း ဆင်းရဲနွမ်းပါးသည့် နိုင်ငံများစာရင်း၊ အကျင့်ပျက်ခြစားမှု အများဆုံးနိုင်ငံများစာရင်းမှ ရုန်း ထွက်နိုင်ခြင်း မရှိသေးပေ။

တင်ဇာအောင်၊ ယဉ်မေဦး

မြန်မာသံတော်ဆင့်သတင်းဌာန – https://www.facebook.com/myanmarherald

No comments:

Post a Comment