~~~~~~~~~~~~~~~~~~~~~~~~~~
● (ဖြတ်သန်းခဲ့ရသည့် သတင်းထောက်ဘ၀ အတွေ့အကြုံ)
အခုတစ်လော အစိုးရနဲ့ လွှတ်တော်ကြား အချေအတင်တွေ ဖြစ်တိုင်း အခြေခံ ဥပဒေကြီး ကိုင်ကိုင်ပြီး စကားစစ်ထိုး ကြတာတော့ အဆန်းတကြယ် မြင်ကွင်းတစ်ခုပါ။ ကြံ့ခိုင်ရေးပါတီက လွှတ်တော်တင်တဲ့ ၂၀၀၈ ခြေ/ဥ ပြင်ဆင်ရေး ဥပဒေကြမ်းနဲ့ ပတ်သက်လို့ အုပ်ချုပ်ရေး အစိုးရပိုင်းက သတင်းစာကနေ ဒါဟာ အခြေခံ ဥပဒေပါ အချက်တွေကို ချိုးဖောက်တယ်လို့ ကလောင်တံပေါင်းစုံနဲ့ ထိုးနှက်ထောက်ပြသလို လွှတ်တော်ထဲက အမတ်မင်းတွေကလည်း ရေကူး အသံလွှင့်ရုံနဲ့ ပတ်သက်လို့ အစိုးရလုပ်တာဟာ အခြေခံဥပဒေကို ချိုးဖောက် တာပဲလို့ ၀န်ကြီးဦးရဲထွဋ်ကို လွှတ်တော်ထဲကျုံးသွင်းပြီး စွပ်စွဲကြတော့ ဖြစ်ရပ်နှစ်ခု စလုံးမှာ ၂၀၀၈ ခြေ/ဥကြီးက ကန့်လန့်ခံနေပါတယ်။
မကြာသေးခင်က ကြံ့ခိုင်ရေးပါတီက အထွေထွေ အတွင်းရေးမှူး ဦးသိန်းဇော်က ပြည်ထောင်စု လွှတ်တော်ကို ခြေ/ဥ ပြင်ဆင်ရေး ဥပဒေကြမ်းကြီး တင်ခဲ့ပါတယ်။ အဲဒီထဲမှာ သမ္မတနဲ့ ဒုသမ္မတ ဖြစ်ခွင့်တွေနဲ့ ပတ်သက်လို့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်က ရွေးရမယ်၊ အဲဒီသူတွေဟာ လက်ရှိရာထူးက ထွက်စရာ မလိုဘူး ဆိုတဲ့ ပြင်ဆင်ပြဋ္ဌာန်းချက်တွေ ထည့်ထားတော့ သမ္မတဟာ လွှတ်တော်နာယကရဲ့ လက်အောက်မှာပဲ နေရမှာလားလို့ အစိုးရအာဘော် သတင်းစာတွေကနေ ကလောင်တံ အမျိုးမျိုးက တန်ပြန်ရေးကြပါတယ်။ ဒါ့အပြင် အခုလို ပြင်ဆင်ချက်တွေဟာ ခြေ/ဥနဲ့ မညီပါဘူး၊ ခြေ/
ရေကူးအသံလွှင့်ရုံ တင်ဒါကိစ္စနဲ့ ပတ်သက်လို့ အုပ်ချုပ်သူ အစိုးရပိုင်းကိုလည်း ပြည်ထောင်စု လွှတ်တော်က တားပါလျက်နဲ့ လုပ်တာဟာ ခြေ/
အခုလိုမျိုး မဏ္ဍိုင်နှစ်ရပ်ဖြစ်တဲ့ လွှတ်တော်နဲ့ အုပ်ချုပ်ရေးအကြား ခြေ/
အဲဒီစာတမ်းမှာ ““အုပ်ချုပ်ရေးမဏ္ဍိုင်၏ ဆောင်ရွက်ချက်များသည် ပါတီနှင့် ပေါင်းစပ်ညှိနှိုင်းမှု အလွန် အားနည်းခဲ့ကြောင်း တွေ့ရှိရသည်။ မူဝါဒနှင့် သက်ဆိုင်သည့်ကိစ္စ၊ အများပြည်သူကို အကျိုးသက်ရောက်မည့် ကိစ္စ၊ အခြားအရေးကြီး ကိစ္စများတွင် ပါတီနှင့် ညှိနှိုင်းသဘောထား ရယူ ဆောင်ရွက်သင့်သည်ဟု ပါတီက ခံယူထားသည်”” လို့ ဖော်ပြထားပါတယ်။
ဒါ့အပြင် ““လာမည့် လွှတ်တော်သက်တမ်းအတွင်း ရွေးကောက်ပွဲတွင် အနိုင်ရမှု အပေါ်မူတည်၍ မဏ္ဍိုင် သုံးရပ်တွင် တာဝန်ပေးမည့်သူများသည် ပါတီကရွေးချယ် တာဝန်ပေးသူများသာ ဖြစ်ရမည်။ ပါတီ၏ ဦးဆောင်မှုဖြင့် ဆောင်ရွက်ရေး အခြေခံမူ ဖြင့် ရွေးချယ် တာဝန်ပေးအပ် ထမ်းဆောင်ရန်ဖြစ်သည်။ ယင်းမှာ ပါတီက သတ်မှတ်ချက်က ပါတီဖွဲ့စည်းပုံ အခြေခံစည်းမျဉ်းတွင် ပြင်ဆင်ပြဋ္ဌာန်းရပါမည်။ ပါတီဝင်များမှ လိုက်နာကြရပါမည်။ သတ်မှတ်ချက် စည်းကမ်းများ လိုက်နာမှုမရှိပါကလည်း ပါတီက ထိုက်သင့်သော အရေးယူမှုတို့ကို ပါထည့်သွင်းပြဋ္ဌာန်းရမည်”” လို့လည်း ဦးစိုးသာရဲ့ စာတမ်းမှာပါရှိပါတယ်။ ဒီအချက် ကိုကြည့်မယ်ဆိုရင် ဦးသိန်းစိန် ခေါင်းဆောင်တဲ့ အုပ်ချုပ်ရေးပိုင်းနဲ့ ပါတီကြားမှာလည်း တင်းမာမှုတွေ ရှိတယ်ဆိုတာ သက်သေ ပြလိုက်တာပါပဲ။
ဒါပေမဲ့လည်း ဒီလိုမျိုး ကြံ့ခိုင်ရေးပါတီဝင်တွေ အများစုဖြစ်တဲ့ လွှတ်တော်နဲ့ အုပ်ချုပ်ရေးကြား တင်းမာမှုကို ကြည့်မယ်ဆိုရင် ပြည်သူလူထု အကျိုးအတွက် တစ်ခုမှမပါဘူးဆိုတာ ပေါ်လွင်နေပါတယ်။ ပြည်သူလူထု လိုလားတဲ့ ခြေ/
တကယ်တော့ အခုလိုမျိုး အစိုးရနဲ့ လွှတ်တော်ကြား ပွတ်တိုက်မှုတွေကို ကြည့်ရင် တကယ့်ကိုပဲ အလုပ် လုပ်နေကြ၊ အပြန်အလှန်ထိန်းခြင်း (Check and Balance) လုပ်နေကြတယ်လို့ အများအမြင်မှာ မြင်သာ အောင် လုပ်ပြသလို ဖြစ်နေပေမယ့် တကယ်တမ်း စေ့စေ့ငင ကြည့်မယ်ဆိုရင် အုပ်ချုပ်ရေးအဖွဲ့မှာရှိတဲ့
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၄ မှာ ““နိုင်ငံတော်၏ အချုပ်အခြာအာဏာသည် နိုင်ငံသားများထံမှ ဆင်းသက်ပြီး နိုင်ငံတစ်ဝန်းလုံး၌ တည်သည်”” ဆိုတာပါ။ နိုင်ငံတော်ရဲ့ အဓိက အချုပ်အခြာဟာ ပြည်သူ့ ဆီမှာပါ။ အစိုးရအဖွဲ့ဆိုတာ ပြည်သူ့ လိုအပ်ချက်ဖြစ်တဲ့ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ လုပ်ကိုင်ဖို့ လခပေးခန့်အပ် ထားသူဖြစ်ပြီး လွှတ်တော်ဆိုတာလည်း ပြည်သူ့အသံ ကို ဖော်ဆောင်ပေးဖို့အတွက် လခပေးခန့်အပ် ရွေးချယ် ထားသူတွေသာ ဖြစ်ပါတယ်။ တင်းပြည့်ကျပ်ပြည့် ဒီမိုကရေစီစနစ်အရ ဒီကဏ္ဍနှစ်ရပ်က လူတွေဟာ ပြည်သူ မထောက်ခံရင် အလိုအလျောက် ဘေးရောက်ကြရမယ့်သူတွေပါ။
ခေတ်ကာလရဲ့ အခြေအနေတွေအရ နိုင်ငံရေးနဲ့ ပတ်သက်လာရင် အောက်ကျနောက်ကျ အနိုင်ဆုံးနဲ့ အဖိနှိပ်ခံရဆုံး ပြည်သူတွေရဲ့ အဖိုးဖြတ်ခံထားရတဲ့ တန်ဖိုးဟာ အခုလာမယ့် ၂၀၁၅ ရွေးကောက်ပွဲမှာတော့ တန်ဖိုးရေချိန် ပြန်တက်လို့လာနေပါပြီ။ ဒါပေမဲ့လည်း ပြည်သူ့တန်ဖိုးကို မျက်ကွယ်ပြုပြီး ခေတ်နဲ့စနစ်ကို နဖားကြိုးထိုးပြီး လိုသလို အသုံးချခဲ့တဲ့ စစ်တပ်ကျောထောက် နောက်ခံ ကြံ့ခိုင်ရေးပါတီဝင် အများစုပါတဲ့ အုပ်ချုပ်ရေးနဲ့ လွှတ်တော်ကဏ္ဍက လူတွေကတော့ ခြေ/ဥကိုင်ပြီး မျက်လှည့်ပြနေကြတုန်း၊ အကျိုးစီးပွားတွေ အတွက် ရန်ဖြစ်တုန်းပါ။ ပြည်သူကို မျက်ကွယ်ပြုထားတုန်းပါ။ အထက်မှာဖော်ပြသလို နိုင်ငံ့အချုပ်အခြာ အာဏာဟာ နိုင်ငံသားဖြစ်တဲ့ ပြည်သူတွေဆီက ဆင်းသက်တယ် ဆိုတာကို မေ့လျော့ထားတုန်းပါ။ ဒါကြောင့် ပြည်သူတွေအနေနဲ့ ကိုယ့်တန်ဖိုးက ဘာလဲဆိုတာကို သိထားဖို့လိုအပ်နေသလို မဏ္ဍိုင်နှစ်ခုရဲ့ကြား ခြေ/ဥ ကိုင်ပြီး အငြင်းပွားနေတာဟာ ဘာအတွက်လဲ ဆိုတာကို သိစေလိုရင်းဖြင့် တင်ပြလိုက်ရပါတယ်။
အောင်ထွန်းလင်း
မြန်မာသံတော်ဆင့်သတင်းဌာန – https://www.facebook.com/

No comments:
Post a Comment