Sunday, June 21, 2015

ပညာရေးဝန်ကြီးနှင့် ပုဂ္ဂိုလ်အသီးသီးတို့ ဖြေရှင်းဆောင်ရွက်ပေးပါရန် – ပေးစာ

 နိုင်ငံတော်အစိုးရအဖွဲ့နှင့် ပညာရေးဝန်ကြီးဌာန၏ စေတနာကို မျက်ကွယ်ပြု၍ ဗဟုသုတနည်း ပြည်သူ ကျောင်သား မိဘများကို လိမ်ညာရိုက်စား ပြု လုပ်နေသော ကျောင်းအုပ်ဆရာမနှင့် အပေါင်းပါတစ်စုတို့အား သက်ဆိုင်ရာက ဖြေရှင်းအရေးယူ ဆောင်ရွက်ပေးပါရန် လေးစားစွာ မေတ္တာရပ်ခံအပ်ပါသည်။

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာအုပ်စု (အထက်စဗွေ့) တောင်းကော့ကျေးရွာ ပညာရေး ၀န်ကြီးဌာန အသိအမှတ်ပြု မူလွန်ကျောင်းမှ ကျောင်းအုပ်ဆရာမ ဒေါ်မာလာမြင့်နှင့် အပေါင်းပါတစ်စုတို့သည် (၂၀၁၅ -၂၀၁၆) ပညာသင်နှစ် ကျောင်းအပ်နှံရေးကိစ္စတွင် နိုင်ငံတော်က အခမဲ့ပညာ သင်ကြားရေးစီမံချက်ဖြင့် ကြေညာ၍ လက်တွေ့ ဆောင်ရွက်နေသော် လည်း ကျောင်းမှကျောင်းသား ၂၀၀ ကျော်တို့အား –

၁။(က) အတန်းတက်အောင် လက်မှတ်တစ်ဦးလျှင်..၁၀၀၀ိ/-

(ခ) အင်္ကျီတပ်ဆင်ရန် တံဆိပ် ၆ ခုနှင့် ဖောင်ဖြည့်ခ..၁၅၀၀/ိ-

(ဂ) စတုတ္ထတန်းအောင်၍ ပဉ္စမတန်း တက်တစ်ဦးလျှင် … ၁၀၀၀ိ/-

(ဃ) ရတနာမိုးတံဆိပ်ပါ ဗလာစာအုပ် ၆ အုပ်၊ ခဲတံ ၁ဘူး၊ ပေတံ ၁ ချောင်း၊ ၃မျိုးပေါင်း ၃၀၀၀ိ/- အထက်ပါ ငွေကြေးများကို မဖြစ်မနေ ကျောင်းသား မိဘတိုင်း ပေးဆောင်ကြရပါသည်။ ထို့အပြင်သီးသန့် ရန်ပုံငွေ အတွက်ဆိုပြီး အလှူခံပုံးချထားသဖြင့် ၃၀၀၀ိ/-၊ ၅၀၀၀ိ/-၊၁၀၀၀၀ိ/-၊ အသီးသီး သားသမီး မျက်နှာ မငယ်ရအောင် အလှူငွေများလည်း ထည့်ဝင်ကြရပါသည်။

၂။ ၎င်းကျောင်းအုပ်ဆရာမနှင့် ဆရာ၊ ဆရာမ အားလုံးတို့သည် (၂၀၁၄/၁၅)ပညာသင်နှစ်မှာလည်း ကျောင်းသားတစ်ဦးလျှင် ကျူရှင်ခတစ်လလျှင်၇၀၀၀ိ/- မဖြစ်မနေ ပေးဆောင်ခဲ့ကြရပြီး ယခုနှစ် (၂၀၁၅-၁၆) ပညာသင်နှစ်တွင်လည်း လက်ထောက် ဆရာမဖြစ်သူ ဒေါ်နွယ်နွယ်စိုးက ကျောင်းသားကျောင်းသူများ ယခုနှစ်သည် အရေးကြီးသော နှစ်ဖြစ်၍ ညနေ ၃ နာရီမှ ၅ နာရီအထိ ကျူရှင်ခ ၇၀၀၀ိ/-ဖြစ်ပြီး ညကျူရှင် အဖြစ် ညနေ ၆ နာရီမှ ၈ နာရီအထိ ကျူရှင်ခ ၈၀၀၀ိ/- ကျပ် နှစ်ရပ်ပေါင်း တစ်လလျှင် ၁၅၀၀၀ိ/-ကျပ် ပေးရမည်ဟု ၂-၆-၂၀၁၅ တွင် စတုတ္ထတန်း ကျောင်းသား ကျောင်းသူများကို အမိန့်ဆန်ဆန် ပြောဆိုခဲ့ပါသည်။

ထိုသို့ မတရား လုပ်ဆောင်နေသော လုပ်ရပ်နှစ်ခုကို သုံးသပ်ဝေဖန် ဆန်းစစ်ကြပြီး သက်ဆိုင်ရာ နိုင်ငံတော် အစိုးရအဖွဲ့ ပညာရေး ၀န်ကြီးဌာနနှင့် ပြည်နယ်ခရိုင်မြို့နယ် အဆင့်ဆင့်မှ တာဝန်ရှိကြသော တာဝန် သိတော် မူကြသည့် လူကြီးမင်းအပေါင်းတို့က ပြုပြင်ပြောင်းလဲ အရေးယူ ဆောင်ရွက်တော်မူကြပါရန် ဗဟုသုတနည်း ဆင်းရဲချို့တဲ့သော မိဘများကိုယ်စား မြန်မာသံတော်ဆင့်ဂျာနယ်မှ တစ်ဆင့်မိဘများ လက်မှတ်နှင့်အတူ လေးလေးစားစား မေတ္တာရပ်ခံ အထူးအကူအညီတောင်း၍ တိုင်ကြားအပ်ပါသည်။

ဦးဇော်လွင်(ဖားကန့်)

မြန်မာသံတော်ဆင့်သတင်းဌာန – https://www.facebook.com/myanmarherald

No comments:

Post a Comment