Monday, June 22, 2015

ပါတီအကျိုးစီးပွားကိုသာ အခြေခံတဲ့ အခြေခံဥပဒေပြင်ဆင်ရေး ဥပဒေကြမ်း – အောင်ထွန်းလင်း

 
ဥပဒေကြမ်း ရေးဆွဲတယ်ဆိုရင် ဒီ ၃၁ဦး အစီရင်ခံစာ ဘောင်ထဲက မလွတ်ရဘူး။ ဥပဒေကြမ်း ပူးပေါင်း ကော်မတီကပဲ ဒါကိုတင်သင့်တယ်။ သို့မဟုတ် ဦးအေးမြင့်ပေါ့ဗျာ။ တကယ်လို့ သာ ပြည်ခိုင်ဖြိုး ပါတီက တင်တာ ဆိုရင် ကျွန်တော်တို့ လုပ်ခဲ့တာတွေက အလကားဖြစ်သွားပြီ . . .မြန်မာနိုင်ငံမှာ ဟိုအရင်တုန်းက မြန်မာ့ဆိုရှယ်လစ် ပါတီလမ်းစဉ် ခေတ်တုန်းကလည်း အဲဒီလိုပဲ
လုပ်တယ်လေ။ နိုင်ငံတော်ရဲ့ အာဏာပိုင်အုပ်ချုပ်ရေး အကြီးအကဲ က ပါတီရဲ့အကြီးအကဲပဲ ဖြစ်တယ်။ ဒါကြောင့် အဲဒီခေတ်က မြန်မာနိုင်ငံမှာ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ ခေတ်မှာ အာဏာရှင်စနစ် ထွန်းကားခဲ့ တယ်။ အဲဒီလိုစနစ်မျိုးကိုများ ပြန်သွားချင်လို့လား . . .

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ရန်ကုန်၊ ဇွန် ၁၇

အာဏာရကြံ့ခိုင်ရေးပါတီ၏ အထွေထွေအတွင်းရေးမှူးနှင့် ပြည်ထောင်စု လွှတ်တော်ကိုယ်စား လှယ်ဖြစ်သူ ဦးသိန်းဇော် က ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကိုပြင်ဆင်သည့် မူကြမ်းအား ဇွန်လ ၁၀ရက်က ပြည်ထောင်စု လွှတ်တော်နာယက ထံသို့ တင်သွင်းခဲ့ပြီးနောက်မည် သူ့အကျိုးစီးပွားအတွက် တင်သနည်းဟု မေးခွန်းထုတ်စရာ ဖြစ်ပေါ်လျက်ရှိသည်။

အခြေခံဥပဒေပြင်ဆင်ရေးနှင့် ပတ်သက်၍ အဖွဲ့ဝင် ၃၁ဦးပါဝင်သည့် ဖွဲ့စည်းပုံအခြေခံဥပဒေပြင် ဆင်ရေး အကောင်အထည်ဖော်မှု လုပ်ငန်းကော်မတီနှင့် ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်းပူးပေါင်း ကော်မတီတို့က လုပ်ဆောင်နေချိန်တွင် ယခုကဲ့သို့ကြံ့ခိုင်ရေး အထွေထွေအတွင်းရေးမှူးက ဥပဒေကြမ်း တင်သွင်းလာခြင်းဖြစ် သည်။

““အမှန်ကတော့ ဥပဒေကြမ်း ပူးပေါင်းကော်မတီက လွဲတာပေါ့ဗျာ။ ဦးသိန်းဇော်သည်ဥပဒေကြမ်း ပူးပေါင်း ကော်မတီကိုယ်စား တင်တာလား၊ ပြည်ခိုင်ဖြိုးပါတီရဲ့ အတွင်းရေးမှူးတစ်ဦး အနေနဲ့တင်တာလား။ အမှန်ဆိုရင် ပြည်ထောင်စုလွှတ်တော်က တာဝန်ပေးတဲ့ဥစ္စာပေါ့။ ဥပဒေကြမ်းပူးပေါင်းကော်မတီက ကျွန်တော်တို့ ၃၁ဦးရဲ့ အစီရင်ခံစာအပေါ်မှာ အပြန်အလှန် သုံးသပ်ပြီးမှ ဥပဒေကြမ်းရေးဆွဲတယ်ဆိုရင် ဒီ ၃၁ဦး အစီရင်ခံစာ ဘောင်ထဲ ကမလွတ်ရဘူး။ ဥပဒေကြမ်း ပူးပေါင်းကော်မတီကပဲ ဒါကိုတင်သင့်တယ်။ သို့မဟုတ် ဦးအေးမြင့်ပေါ့ဗျာ။ တကယ်လို့သာ ပြည်ခိုင်ဖြိုးပါတီက တင်တာဆိုရင် ကျွန်တော်တို့လုပ်ခဲ့တာတွေက အလ ကားဖြစ်သွားပြီလို့ သုံးသပ်လို့ရတာပေါ့။ အမှန်ကတော့ဗျာ ပြည်ခိုင်ဖြိုးကဆိုတဲ့ အစား ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်း ကော်မ တီကတာ ၀န်ပေးတယ်ဆိုတဲ့ အသုံးအနှုန်း ဖြစ်သင့်တာပေါ့။ ဥပမာဥပဒေကြမ်း ကော်မတီဥက္ကဋ္ဌ တင်တယ်ပေါ့ဗျာ”” ဟုဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး အကောင်အထည်ဖော်မှု လုပ်ငန်းကော်မတီ အဖွဲ့ ၀င် ဒေါက်တာ အေးမောင် က ပြောသည်။…

သို့သော် ယခုတင်သွင်းသည့် ဥပဒေကြမ်းမှာ ကြံ့ခိုင်ရေးပါတီက တာဝန်ခံ တင်သွင်းခဲ့ခြင်းဖြစ်ပြီး ၃၁ ဦး ကော်မတီက ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်း ပူးပေါင်းကော်မတီသို့ တင်သွင်းခဲ့သောပြင် ဆင်ရန် အတွက်အကြံပေးထားချက် အချို့သာ ဥပဒေကြမ်းအတွင်းပါ ၀င်ကြောင်းကို ““ကျွန်တော်တို့ မျှော်မှန်းတာက ကျွန်တော်တို့ တင်ထားတဲ့ ၄၃၆ (က)ပါ ပုဒ်မတော် တော်များများပါမယ် ထင်တယ်။ ဒါပေမဲ့ စိတ်မကောင်းဘူး။ ၄ခုပဲ ပါတယ်။ ကျွန်တော်တို့ ၃၁ယောက် ငြင်းကြခုံကြ၊ ကော်မတီတွင်းမှာ ရန်တွေတောင်ဖြစ်ကြတယ်။ အ ချက် ၄ချက်လေးပဲပါလာတယ်”” ဟု ဒေါက်တာအေးမောင်က ဆိုသည်။

ကြံ့ခိုင်ရေးပါတီ အထွေထွေ အတွင်းရေးမှူး ဦးသိန်းဇော် တင်သွင်းခဲ့သည့် အဆိုပါ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေး ဥပဒေကြမ်းမှာ ကြံ့ခိုင်ရေးပါတီက တာဝန်ခံတင်သွင်းခဲ့ခြင်းဖြစ်ပြီး ယင်းသို့ တင်သွင်းရန် အတွက် ကြံ့ခိုင်ရေးမဟုတ်သော အခြားသော ပါတီကိုယ်စားလှယ်များထံမှ ထောက်ခံလက်မှတ်များလည်း ကောက်ယူ ခဲ့သည်။

““ပထမပိုင်းက ၁၀၈ဦး၊ ပြင်ဆင်သင့်တယ်ဆိုပြီး စဉ်းစားတာ။ ပြီးမှ ၃၁ဦးကော်မတီကနေ ပါတီ တွေရဲ့သဘော ထားတွေ၊ ဘယ်အချက်တွေကတော့ ပြင်သင့်ပါတယ်ဆိုပြီး မှတ်ချက်တချို့ရတယ်။ ဒါမှတ်တမ်းပဲ။ အဲဒီတော့ ၃၁ ဦး တို့ရဲ့အချက်တွေကို အခြေခံပြီးတော့ ကိုယ်စားလှယ် ၂၀ ရာခိုင်နှုန်း လက်မှတ်ထိုးပြီး တင်လာတဲ့ဥပဒေ ဖြစ်တယ်။ ၃၁ ဦးအစီရင်ခံစာ အပေါ်မှာက နည်းဥပဒေမှာက အစောပိုင်းက အဲဒီလိုပို့ထားတဲ့ ဟာတွေ အပေါ် မှာ ဘာမှလုပ်ဖို့ သီးခြား ဟိုဝှာမပါဘူး။ တကယ်လို့ ပြင်ချင်တယ်ဆိုရင် လွှတ်တော်ကိုယ်စားလှယ် ၂၀ ရာခိုင် နှုန်းက လက်မှတ်ရေးထိုး၊ အခုဟာက ၄၅ ရာခိုင်နှုန်းက လက်မှတ်ရေးထိုးပြီး တင်လာတဲ့ဟာ။ ပြည်ခိုင်ဖြိုးက နေပြီး တာဝန်ခံပြီးတင်တယ်။ ကျန်တဲ့ ပါတီတွေက ၀ိုင်းလက်မှတ်ထိုးတယ်။ တင်လိုက်လို့ လွှတ်တော်က လက် ခံတော့ တာဝန်ခံဆောင်ရွက်ရာမှာ ဥပဒေကြမ်း ပူးပေါင်းကော်မတီကိုလွှဲတယ်။ ဥပဒေကြမ်းကော်မတီက အစီ ရင်ခံတင်ပြတယ်””ဟု ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်း ပူးပေါင်းကော်မတီ အတွင်းရေးမှူး ဦးစောလှထွန်း ကပြောသည်။

အာဏာရကြံ့ခိုင်ရေးပါတီမှ တာဝန်ခံတင်သွင်းသည့် အဆိုပါဖွဲ့ စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ဥပဒေကြမ်း ကို ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် ၂၈၉ဦး၏ ထောက်ခံလက်မှတ်ဖြင့် တင်သွင်းခဲ့ခြင်းဖြစ်ပြီး ယင်းသို့ ထောက်ခံ လက်မှတ်များ စုဆောင်းစဉ်ကလည်း ပုဒ်မ ၄၃၆ပြင်ဆင်ရေးအတွက်ဟုသာ ပြောကြားခဲ့ပြီး ဥပဒေ ကြမ်းပါအချက်များကိုမူ ရှင်းလင်းခဲ့ခြင်း မရှိပေ။

““ပေးမဖတ်ဘူး။ တခြားပါတီက တာဝန်ရှိသူတွေတော့မသိဘူး။ ကျွန်မတို့ သိလိုက်တာက ၄၃၆ ပြင်ဆင်ဖို့ အတွက် ဥပဒေကြမ်းတင်ဖို့၊ အဲဒါ ကျွန်မတို့ သိလိုက်တယ်။ ကျွန်မတို့က ၄၃၆ ကို လွှတ်တော် ကိုယ်စားလှယ် တွေရဲ့ သုံးပုံနှစ်ပုံလို့ပြောထားတာ။ ဒီအပေါ်မှာလက်ခံနိုင်တယ်လို့ မဆိုပေမယ့်လည်း ကျွန်မတို့ပါတီရဲ့မူကို ဆက်ကိုင်သွားမှာပဲလေ””ဟု ဥပဒေကြမ်းတင် သွင်းရေးအတွက် ထောက်ခံလက် မှတ်ရေးထိုးခဲ့သူ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD ပါတီ) မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်သန္တာကပြောသည်။

အစိုးရ ပြည်ထောင်စုငြိမ်းချမ်းရေးလုပ်ငန်း ဖော်ဆောင်ရေးကော်မတီ ဒုဥက္ကဋ္ဌလည်းဖြစ်သူ ဦးသိန်းဇော် တင် သွင်းသည့် ဆိုပါဥပဒေကြမ်းတွင် အများမျှော်လင့်နေသည့်အတိုင်း ပုဒ်မ၄၃၆နှင့် ၅၉(စ)နှင့် ပတ်သက်၍ ပြင်ဆင်ချက်အချို့ကို ထည့်သွင်းထားသော်လည်း ယင်းပြင်ဆင်ချက်များမှာ စကားလုံးအရသာ ပြောင်းလဲခဲ့ သော်လည်း အနှစ်သာရမှာမူ ပြောင်းလဲခဲ့ခြင်း မရှိပေ။

ပုဒ်မ ၄၃၆ (က)တွင် ယခင်က ဖွဲ့စည်းပုံအခြေခံဥပဒေပါ အရေးကြီး ပြဋ္ဌာန်းချက်အချို့အား ပြင်ဆင်လိုပါက ““ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ်အားလုံး၏ ၇၅ ရာခိုင်နှုန်းကျော်က ပြင်ဆင်ရန် သဘောတူလက်ခံပြီး နောက် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ကျင်းပ၍ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ အားလုံး၏ ထက်ဝက်ကျော် ဆန္ဒမဲဖြင့်သာ ပြင်ဆင်ရမည်””ဟူသည့် အစား ““ပြည်ထောင်စုလွှတ်တော် အစည်းအဝေးသို့ တက်ရောက်ခွင့်ရှိသော ပြည် ထောင်စုလွှတ်တော် ကိုယ်စားလှယ်အားလုံး၏ ၇၀ ရာခိုင်နှုန်းအောက် မလျော့သော လွှတ်တော်ကိုယ်စား လှယ်များက ပြင်ဆင်ရန်သဘောတူ လက်ခံပြီးနောက် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ကျင်းပ၍ ဆန္ဒမဲပေးသူအားလုံး ထက်ဝက်ကျော် မဲဆန္ဒမဲဖြင့်သာ ပြင်ဆင်ရမည်”” ဟုသာ ပြောင်းလဲပြင်ဆင်ထားသည်။

““ပြည်ခိုင်ဖြိုးတွေက လွှတ်တော်ထဲမှာ နေရာယူထားတယ် ဆိုတာကိုယ်၌က သူတို့လုပ်ချင်တာ လုပ်လို့ရ အောင်ဆိုပြီး။ ပြည်ခိုင်ဖြိုးဆိုတာလည်းပဲ အရင်စစ်အစိုးရကနေ လူဝတ်လဲပြီးတော့၊ အရပ်ဝတ်လဲပြီးတော့ ယူနီဖောင်းချွတ် တဲ့သူတွေပါ။ ဒီလူတွေရဲ့လုပ်ဆောင်ချက်ဆိုတဲ့ ဟာကတော့ လုံးဝတော့ ချီးကျူးစရာတော့ မရှိပါဘူး။ ကျွန်တော်တို့ စိုးရိမ်နေတဲ့ အခြေအနေမှာပဲ ရှိပါတယ်”” ဟု ဦးဇိုဇမ်က ဆိုသည်။

ပုဒ်မ၅၉ (စ)တွင်လည်းယခင်က ““မိမိကိုယ်တိုင်သော်လည်းကောင်း၊ မိမိ၏ မိဘတစ်ပါးပါးသော် လည်းကောင်း၊ မိမိ၏ဇနီး သို့မဟုတ် ခင်ပွန်းသော်လည်းကောင်း၊ မိမိ၏ တရားဝင် သားသမီးတစ်ဦးဦး သော်လည်းကောင်း၊ ထိုတရားဝင် သားသမီးတစ်ဦးဦး၏ ဇနီး သို့မဟုတ် ခင်ပွန်းသော်လည်းကောင်း နိုင်ငံခြား အစိုးရ၏ ကျေးဇူးသစ္စာ တော်ကို ခံယူစောင့်ရှောက်ရိုသေသူ သို့မဟုတ် နိုင်ငံခြားအစိုးရ၏ လက်အောက်ခံဖြစ်သူ သို့မဟုတ် တိုင်း တစ်ပါး၏ နိုင်ငံသားဖြစ်သူများ မဖြစ်စေရ”” ဟု ပြဋ္ဌာန်းထားချက်ကို ““မိမိကိုယ်တိုင်သော်လည်းကောင်း၊ မိမိ၏ မိဘတစ်ပါးပါး သော်လည်းကောင်း၊ မိမိ၏ ဇနီး သို့မဟုတ် ခင်ပွန်းသော်လည်းကောင်း၊ မိမိ၏ တရားဝင် သား သမီးတစ်ဦးဦး သော်လည်းကောင်း နိုင်ငံခြားအစိုးရ၏ ကျေးဇူးသစ္စာကို ခံယူစောင့် ရှောက်ရိုသေသူ သို့မဟုတ် နိုင်ငံခြားအစိုးရ၏ လက်အောက်ခံဖြစ် သူသို့မဟုတ် တိုင်းတစ်ပါး၏ နိုင်ငံသားဖြစ်သူများ မဖြစ်စေရ”” ဟုပြင် ဆင်ထားပြီး ““ထိုတရားဝင် သားသမီး တစ်ဦးဦး၏ ဇနီးသို့မဟုတ် ခင်ပွန်းသော်လည်းကောင်း”၊” ဟူသည့် စာသားကိုဖြုတ်ကာ ““ကျေးဇူးသစ္စာတော်””အစား““ကျေးဇူးသစ္စာ”” ဟုသာပြောင်းလဲထားသည်။

““အခုဟာက အခြေခံဥပဒေ ပြင်ဆင်တဲ့ပုံစံက စကားလုံးလောက် ပြင်ဆင်တဲ့ဟာကို။ ရေးကြီးခွင်ကျယ် လုပ်ပြီး တော့ ဥပမာ ““သည့်”” ဆိုတဲ့နေရာမှာ ““သော”” နဲ့ ပြင်တာတို့၊ အဲဒါတွေက ကလေးကစားစရာလို ဖြစ်နေ တယ်”” ဟု ချင်းအမျိုးသားဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးဇိုဇမ်က ဝေဖန်သည်။

ထို့ပြင် အဆိုပါ ဥပဒေကြမ်းတွင် နိုင်ငံတော်သမ္မတနှင့် ဒုသမ္မတဆိုင်ရာ ပြဋ္ဌာန်းချက်အချို့ကိုလည်း ပြင်ဆင် ထားပြီး အချို့ကိုမူ ပယ်ဖျက်ထားသေးသည်။

သမ္မတအနေဖြင့် စစ်ရေးအမြင် ရှိရမည်ဆိုသည့်အစား ကာကွယ်ရေးအမြင်ရှိရမည်၊ သမ္မတနှင့် ဒုသမ္မတကို တပ်မတော်သား ကိုယ်စားလှယ်အစုအဖွဲ့၊ အမျိုးသားလွှတ်တော်နှင့် ပြည်သူ့လွှတ်တော်အစုအဖွဲ့တို့က တစ်ဦး စီတင် သွင်းရမည်ဖြစ်ကာ တင်သွင်းခံရသူများကို ကန့်သတ်ထားသည့် ပုဒ်မ ၆၂၊ ၆၃၊ ၆၄ တို့ကို ပယ် ဖျက်ရန် လည်း ကြံ့ခိုင်ရေးပါတီ ကိုယ်စားလှယ်မှ ဦးဆောင်တင်သွင်းသည့် ဥပဒေကြမ်းတွင် ပါရှိသည်။

ထို့ပြင် ပုဒ်မ ၆၀ (ဂ) တွင် သမ္မတနှင့် ဒုသမ္မတအဖြစ် အမည်စာရင်းတင်သွင်းခံရသူများကို ယခင်ကလွှတ်တော် ကိုယ်စားလှယ်နှင့် လွှတ်တော်ကိုယ်စားလှယ် မဟုတ်သူ မည်သူကိုမဆိုအမည် စာရင်းတင်သွင်းခွင့်ရှိသော် လည်း ယခုအခါ ရွေးချယ်တင်မြှောက်ခံရသော ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ်ကိုသာ တင်သွင်းရ မည်ဟု ပြင်ဆင်ထားသည်။

ပုဒ်မ ၆၀ (ဂ)ပါ ပြင်ဆင် ချက်နှင့် ပုဒ်မ ၆၂၊ ၆၃၊ ၆၄ တို့ ကို ပယ်ဖျက်မည်ဆိုပါက သမ္မတနှင့် ဒုသမ္မတအဖြစ် အမည်စာရင်း တင်သွင်းခံရသူများမှာ မည်သူပင် သမ္မတဖြစ်စေကာမူ ၎င်းတို့အား လုံးမှာ၎င်းတို့ ကိုယ်စားပြု ၀င်ရောက် ယှဉ်ပြိုင်ခဲ့သည့် ပါတီနှင့်တပ်မတော်တွင် မူလတာဝန်ယူထားသည့် ရာထူးများမှ နုတ်ထွက်စရာ မလိုဘဲ သမ္မတ၊ ဒုသမ္မတရာထူးနှင့် တွဲဖက်တာဝန်ထမ်းဆောင်ခွင့် ရရှိမည်ဖြစ်သည်။

““အန်တီတို့ကတော့ သမ္မတဆိုလို့ရှိရင် ပါတီရဲ့အကျိုးစီးပွားထက် နိုင်ငံတစ်နိုင်ငံလုံးရဲ့ အကျိုးစီးပွားကို ရှေးရှု သင့်တယ်။ ပါတီက နုတ်ထွက်တာတို့ ဘာတို့ လုပ်သင့်တယ်။ သက်ဆိုင်ရာ ပါတီကနေ နုတ်ထွက်သင့်တယ်၊ လွှတ်တော် ကိုယ်စားလှယ်အဖြစ်ကလည်း နုတ်ထွက်သင့်တယ်။ ဒါက မြန်မာနိုင်ငံမှာ ဟိုအရင်တုန်းက မြန်မာ့ ဆိုရှယ်လစ်ပါတီလမ်းစဉ် ခေတ်တုန်းကလည်း အဲဒီလိုပဲလုပ်တယ်လေ။ နိုင်ငံတော်ရဲ့အာဏာပိုင် အုပ်ချုပ်ရေး အကြီးအကဲကပါတီရဲ့အကြီးအကဲပဲဖြစ်တယ်။ ဒါကြောင့် အဲဒီခေတ်က မြန်မာနိုင်ငံမှာ မြန်မာ့ဆိုရှယ်လစ် လမ်း စဉ်ပါတီခေတ်မှာ အာဏာရှင်စနစ် ထွန်းကားခဲ့တယ်။ အဲဒီလိုစနစ်မျိုးကိုများ ပြန်သွားချင်လို့လားလို့ မေးခွန်း ထုတ်စရာ ဖြစ်နေတာပေါ့”” ဟု ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ညိုညိုသင်းက မေးခွန်းထုတ်ပြောကြားသည်။

လတ်တလောတွင် နောင်အစိုးရ သမ္မတနေရာအတွက် လက်ရှိသမ္မတ ဦးသိန်းစိန်နှင့် ပြည်ထောင်စုလွှတ်တော် နာယက၊ လက်ရှိကြံ့ခိုင်ရေးပါတီဥက္ကဋ္ဌ သူရဦးရွှေမန်းတို့ အချင်းချင်း အားပြိုင်မှုများရှိသဖြင့် ပြီးခဲ့သည့် ကြံ့ခိုင် ရေးပါတီညီလာခံတွင်ပင် မည်သူ့ကို သမ္မတလောင်းအဖြစ်အဖြစ် တင်သွင်းမည်ကို ဆုံးဖြတ်နိုင်ခဲ့ခြင်း မရှိပေ။

ယင်းသမ္မတလောင်း အဆိုတင်ရေးနှင့် ပတ်သက်၍ သမ္မတ ဦးသိန်းစိန်နှင့် လက်ရှိပါတီဥက္ကဋ္ဌ သူရဦးရွှေမန်းတို့ အကြား အားပြိုင်မှုများရှိနေပြီး ပါတီအတွက်သမ္မတ လောင်းရွေးချယ်ရန် နှောင့်နှေးနေကြောင်း ကြံ့ခိုင်ရေးဗဟို အတိုင်ပင်ခံ ဦးအောင်သောင်းကဘီဘီစီ သတင်းဌာန (မြန်မာပိုင်း)သို့ ဇွန်လ ၁၆ရက်က တရားဝင်ပြောကြား ထားသည်။

ကြံ့ခိုင်ရေးပါတီဥက္ကဋ္ဌဟောင်း သမ္မတဦးသိန်းစိန်နှင့် လက်ရှိဥက္ကဋ္ဌ သူရဦးရွှေမန်းတို့အကြား အားပြိုင်မှုများ ဖြစ် ပေါ်နေချိန်တွင် ယခုကဲ့သို့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေး ဥပဒေမူကြမ်းကို ကြံ့ခိုင်ရေးပါတီက တာဝန်ခံ တင်သွင်းလာခြင်းမှာ ပါတီတွင်း တင်းမာမှုများကို ပြည်သူများ သတိမပြုမိစေရန်နှင့် နိုင်ငံရေးအရ အမြတ် ထုတ်လိုခြင်းပင်ဖြစ်ကြောင်း သုံးသပ်သူများလည်းရှိသည်။

““ပြည်ခိုင်ဖြိုးရဲ့ နည်းဗျူဟာက ဖွဲ့စည်းပုံကို ပြင်ဖို့ဟာမှာ အနှောင့်အယှက်ဖြစ်နေတယ်လို့ ရွေးကောက်ပွဲမှာ အမည်ခံရမှာကို စိုးပုံရတယ်။ သူတို့အခုပြင်ဖို့ပြောတဲ့ ဟာတွေက တကယ်တမ်းကျတော့ သူတို့မှားတဲ့ဟာတွေ ပေါ့။ အရေးကြီးတဲ့ ဥပဒေတွေ မဟုတ်ဘူး။ ဒါတွေကို ပြင်ဖို့လုပ်တာက ကြံ့ဖွံ့ပါတီ အနေနဲ့လွယ်လွယ် ခိုးလို့ရ မယ့်ဟာ တွေလိုက်ခိုးတာပဲ။ တကယ်တမ်း အရေးကြီးတဲ့ ဟာတွေကျတော့ ၅၉ တို့လို၊ ၄၃၆ တို့လို၊ သူတို့ တ ကယ်ပြင်ဖို့ မကြိုးစားဘူး။ သူတို့အတွက်ပဲ ကြည့်တယ်။ အရေးကြီးတဲ့ ပြင်ဆင်ချက်တွေ မလုပ်ဘူး။ မလုပ်ဘူး ဆိုရင်၊ ပြည်သူလူထုက ပြင်ချင်တယ်၊ သူတို့က မပြင်ဘူးဆိုရင် သူတို့လုပ်ရကိုင်ရ ခက်မှာစိုးလို့ ရှင်းရှင်း ပြောရ ရင်တော့ ဒါနိုင်ငံရေးထုံးသုတ်တာပဲ။ ဘာမှမထူးဘူး”” ဟုမြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးဘိုဘိုကျော်ငြိမ်း ကသုံးသပ်သည်။

ဇွန်လ ၁၅ ရက်က ထုတ်ပြန်သည့် ပြည်ထောင်စု မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းပုဒ်မ ၄၃၆ (က) နှင့်စပ်လျဉ်း၍ ဥပဒေကြမ်း ပူးပေါင်းကော်မတီ၏ လေ့လာစိစစ်ချက် အစီရင်ခံ စာပါ“ကော်မတီ၏ လေ့လာစိစစ်ချက်”” တွင် ““ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ နည်းဥပဒေပြဋ္ဌာန်းချက်အရ လွှတ်တော် ကိုယ်စားလှယ်များသည် ပြင်ဆင်သည့် ဥပဒေကြမ်း၏ အပိုဒ်တစ်ပိုဒ်ချင်း အလိုက်ဆွေးနွေး ခွင့်ရှိ သော်လည်း ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းကို လက်မှတ်ရေးထားသည့် ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ်များ၏ ပြင်ဆင်ချက်အပိုဒ်များကို ထပ်မံ၍ ပြင်ဆင်ချက် တစ်စုံတစ်ရာ တင်သွင်းခွင့် မရှိကြောင်း လေ့လာစိစစ်တွေ့ရှိရပါသည်”” ဟု ပါရှိသည်။ ယင်းအချက်အရ ဥပဒေကြမ်း တင်သွင်းရန်အတွက် လက်မှတ်ရေးထိုးထားသော ကိုယ်စားလှယ်၂၈၉ဦးမှာ ဆွေးနွေးခွင့်သာ ရရှိတော့မည် ဖြစ်ပြီးဆွေးနွေးပြီးနောက် တစ်စုံတစ်ရာ ပြင်ဆင်ချက်အား ထပ်မံတင်သွင်းခွင့်ရှိတော့မည် မဟုတ်ပေ။ ယင်းသို့လက်မှတ် ရေးထိုးထားသူ များထဲတွင် ပုဒ်မ ၄၃၆ပြင်ဆင်ရန်အတွက် လုပ်ဆောင်နေသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)မှ ကိုယ် စားလှယ်အများစု ပါဝင်နေသည်။

ထို့ပြင် ဆွေးနွေးချက်များအပြီး မဲခွဲဆုံးဖြတ်ရာတွင် စက်ခလုတ် နှိပ်မဲပေးခြင်းကို အသုံးပြုပါက သံသယရှိဖွယ် ရာအချက်များ ပေါ်ပေါက်လာနိုင်သည့် အတွက်ပွင့်လင်းမြင်သာမှု ရှိစေရန်နှင့် ရှင်းလင်းစွာဆောင် ရွက်နိုင်ရေး လိုအပ်ကြောင်းလည်း ဥပဒေကြမ်း ပူးပေါင်းကော်မတီ၏ စိစစ်တွေ့ရှိချက်တွင် ဖော်ပြထားသည်။

လက်ရှိတွင် အဆိုပါဥပဒေကြမ်းကို မည်သည့်အချိန်၊ နေ့ရက်တွင် ဆွေးနွေး မည်ကိုမူ ပြည်ထောင်စုလွှတ်တော် နာယကဘက်မှ ထုတ်ပြန်ပြောဆိုခြင်း မရှိသေးပေ။

မည်သို့ပင်ဆိုစေကာမူ ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပေဒ ပြင်ဆင်ရေး ဥပဒေကြမ်းကို အာဏာရပါတီ အကြီးအကဲ တစ်ဦးဖြစ်သူ ဦးသိန်းဇော်က တင်သွင်းလာခြင်းမှာ ဖော်ပြပါ အချက်အလက်များအရ အများပြည်သူလိုလား သော ပြင်ဆင်ချက်မျိုးပါရှိသည့် ဥပဒေကြမ်းမဟုတ်ဘဲ ပါတီအကျိုးစီးပွားနှင့် နာမည်ကောင်းရစေရေးအတွက် နိုင်ငံရေး အမြတ်ထုတ်လိုက်ခြင်းပင်ဖြစ်ကြောင်း တင်ပြလိုက်ရပါသည်။

- ပြည်ခိုင်ဖြိုးပါတီ ပထမအကြိမ်ပါတီညီလာခံ(၂၀၁၂) ၁၆-၁၀-၂၀၁၂ နေ့၊ နေ့လည်ပိုင်းအစည်းအဝေး
ရှေ့တန်း၌ တွေ့ရသော ပါတီဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့် ထိပ်တန်းဗဟိုကော်မတီဝင်များဖြစ်ကြသော ဦးသောင်း၊ ဦးအောင်သောင်း၊ ဦးသိန်းဇော်၊ သူရဦးအေးမြင့်တို့ကိုတွေ့ရစဉ်။ ဓာတ်ပုံ - ဆန်းဝင်းထွန်း


မြန်မာသံတော်ဆင့်သတင်းဌာန-https://www.facebook.com/myanmarherald

No comments:

Post a Comment