
အဖေ့ဆောင်းပါး တစ်ပုဒ်ဘယ်လောက်ရသလဲ။ ဖြစ်လာရင် တန်သလား၊ ဖြစ်ပြီဟေ့ဆို အဖေ့ခဏတာ ကိုယ်ဒုက္ခ ရမယ်။ တစ်မိသားစုလုံး စိတ်ဒုက္ခခံရမယ်။ ဟိုလူ မနေရ၊ ဒီလူမနေရ။ အမှုဖြစ်တဲ့ မိသားစုဒုက္ခ၊ ထောင်ကျသူ တစ်ယောက်ရှိတဲ့ မိသားစုဒုက္ခ၊ တစ်မိသားစုလုံး ထောင်ကျသလို ဒုက္ခရောက်ကြရမယ်။ အဖေတို့ စာရေး ဆရာတွေ ဘာအားကိုးရှိသလဲ။ အဖေ့မှာ တပ်ကြပ်ကြီး အသိလည်းမရှိဘူး။ ဗိုလ်ချုပ်၊ ဗိုလ်မှူး ဝေလာဝေး။ ငွေမရှိဘဲ ဂါတ်တဲ၊ တရားရုံး ဘယ်လိုရင်ဆိုင်နိုင်မလဲ။ အဖေလည်စင်းခံရမှာပေါ့ …
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
နေ့စဉ်နံနက်ပိုင်း မိသားစုအတွင်းကိုယ် စီကိုယ်စီအလုပ်ကိစ္စများဖြင့် သွားလာလှုပ်ရှားနေကြခြင်းကြောင့် မျက် နှာချင်းဆိုင် စကားမပြောဖြစ်ကြပေ။ ညစာထမင်းဝိုင်းကို ည ၇ နာရီ သတ်မှတ်ထားပြီး ခရီးဝေးသွားနေသည်မှ အပ ““ညစာထမင်းဝိုင်းကို မိသားစုဝင်အားလုံး စုံစုံညီညီရှိရမည်””ဟု စည်းကမ်းသတ်မှတ်ထား ကြသည်။
ဤသို့ဖြင့် မိသားစုညစာထမင်းဝိုင်းတွင် ဟင်းကောင်းသည်ဖြစ်စေ၊ မကောင်းသည်ဖြစ်စေ မိသားစုဝင်များ တစ် ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး၊ ထမင်းစားရသည်က မြိန်စရာထမင်းဝိုင်း ဖြစ်သည်။ ထမင်းစားပြီး ကြပြန်တော့ လက်ဖက်၊ သစ်သီး၊ အချိုပွဲစားရင်း သတင်းဖလှယ်ကြသည်။ အပြင်အလုပ် ထွက်လုပ်သော သားနှစ်ယောက်က သတင်းစုံသည်။ အိမ်တွင်ရှိနေသော သူတို့အမေကြီးနှင့် ညီမလေးက ပြောသမျှနားထောင်၊ အံ့သြနေကြသည်။ စာရေးသူမှာလည်း ကျန်းမာရေးအရအပြင် မထွက်သူမို့ သူတို့ပြောသမျှ သတင်းစုံကို နားထောင်လေ့ရှိသည်။…
သာမန်နေ့များနှင့်မတူ ဒီနေ့ညနေ စကားဝိုင်းက နည်းနည်းပွဲကြမ်းသည်။ သားနှစ်ယောက်က အပြင်သတင်းစုံ အရ ဖခင်ကြီး(စာရေးသူ)ကို ပွဲကြမ်းခြင်းဖြစ်သည်။
သားကြီး။ ။ အဖေ့မိတ်ဆွေ ရှေ့နေကြီး ဦးမြင့်လွင်နဲ့တွေ့တယ်။ မင်းအဖေကို ပြောလိုက်၊ ရွေးကောက်ပွဲ မတိုင်မီအထိ နိုင်ငံရေး သရော်စာရေးတဲ့ အလုပ်ကို ခဏရပ်ထားလိုက်၊ အန္တရာယ်ရှိတယ်တဲ့ မှာတယ်အဖေ။ သားတို့လည်း စိတ်ပူနေတယ်။ ခုတစ်လော ဂျာနယ်မီဒီယာတွေ ကပ်ဆိုက်နေတယ်။ ဦးမြင့်လွင် အကြံပေး တဲ့အတိုင်း အဖေ့နိုင်ငံရေးသရော်စာကို ခဏရပ်ထားပါဦးလား။
သားငယ်။ ။ ဟုတ်တယ်အဖေ၊ သားသူငယ်ချင်းတွေကလည်း အဘိုးကြီးမကြီး မငယ်နဲ့ သမံတလင်းပေါ် အိပ်နေရဦးမယ်။ နှလုံးခွဲထားပြီး ချုပ်ရိုးဗရပွနဲ့ အချုပ်ခန်းထဲအ၀င်၊ ထောင်ထဲအ၀င်၊ တစ်ချက်ဆောင့် ကန်၊ ဆန့်ငင်ဆန့်ငင်၊ နှစ်ချက်ဆောင့်ကန် အသက်ထွက်ဖြစ်နေဦးမယ်လို့ မင်းအဘိုးကြီး သတိပေးလိုက်ဦး ပြောနေ ကြတယ်။ သူတို့က စိတ်ပူနေကြတယ်။
ဖေ။ ။ သားတို့ကလည်းကွာ၊ တို့နိုင်ငံမှာ စာပေလွတ်လပ်ခွင့်ရှိတယ်၊ မင်းမဲ့နိုင်ငံ မဟုတ်ဘူး။ တရားဥပဒေရှိ တယ်။ လက်လွတ်စပယ် မဖြစ်ပါဘူးကွာ။ သားတို့ကလည်း စိတ်ပူရန်ကော။
သားကြီး။ ။ မီဒီယာလွတ်လပ်ခွင့်၊ ၂၀၁၄ နိုဝင်ဘာ ၂ ရက်က ဂျာနယ်လစ်တွေနဲ့ တက်ကြွလှုပ်ရှားသူတွေ ပူးပေါင်းပြီး ဆူးလေဘုရားမှာ ဆုတောင်းပွဲလုပ်ခဲ့ကြတယ်။ သမဂ္ဂဂျာနယ်သတင်းထောက်ချုပ် မရွှေမှုန်ကို ကျောက်တံတားရဲစခန်းက ပုဒ်မ ၁၉ နဲ့အမှုဖွင့်ခဲ့တယ်။ ၂၀၁၅ ခုနှစ် မေလ ၁၆ ရက်နေ့က ရဲစခန်းမှာ ခံဝန် ရေးထိုးရတယ်။ တရားရုံးတင်လို့ အမှုရင်ဆိုင်ရဦးမယ်။
သားငယ်။ ။ ၂၀၁၄ အောက်တိုဘာ ၁၆ ရက်နေ့က ပန်းဘဲတန်းရုံးက Bi မွန်းတည့်နေဂျာနယ် ထုတ်ဝေသူ ဦးကျော်မင်းခိုင်၊ မိတ်ဆွေ ဦးယဉ်မင်းထွန်း၊ တာဝန်ခံ အယ်ဒီတာ ကိုနိုင်စိုင်းအောင်၊ သတင်းထောက် ကိုမင်း ၀ဿန်တို့ကို ပြစ်မှုဆိုင်ရာ ၅၀၅(ခ)နဲ့ အမြင့်ဆုံးပြစ်ဒဏ် ထောင်ဒဏ် ၂ နှစ်ချခဲ့တယ်။ အဖေ မှတ်မိနေမှာပါ။
သားကြီး။ ။ မေလ ၁၅ရက်နေ့က သတင်းမီဒီယာတွေကို တရားစွဲဆိုထောင်ဒဏ်ချနိုင်တဲ့ ဥပဒေတွေကို တရား လွှတ်တော်ရှေ့နေ ဦးကြီးမြင့်ကရှင်းပြတယ်။ မတရားသင်းဥပဒေ ၁၇(၁)၊၁၇(၂)။ နိုင်ငံ တော်အကြည်ညို ပျက် စေမှု ၅၀၅ (ခ)၊ သတင်းမီဒီယာဥပဒေ ပုဒ်မ ၉(ဇ)၊ အရေး ပေါ်စီမံမှုအက်ဥပဒေပုဒ်မ ၅(ည)၊ အသရေ ဖျက်မှု ပုဒ်မ ၅၀၀၊ ပိုင်နက်ကျူးလွန်မှု၊ တရားရုံးမထီမဲ့မြင်ပြုမှု ဥပဒေနဲ့ ဆက်သွယ်ရေး ဥပဒေစတဲ့ ဥပဒေပုဒ်မတွေရဲ့ ပြစ်မှုပြစ်ဒဏ်တွေကို သတင်းသမားတွေကိုရှင်းပြခဲ့တယ်။ အဓိက ၂၀၁၅ ရွေးကောက်ပွဲကာလ ရောက်တော့ မယ်။ ဒီကာလမှာ သတင်းသမားတွေကို ပုဒ်မတပ်ပြီး တရားစွဲနိုင်တယ်။ လုပ်ချင်ရင် ကိုလိုနီခေတ်ဥပဒေတွေပါ အသုံးချလာနိုင်တယ်။ အဖေလည်း ဖတ်ရမှာပါ။
ဖေ။ ။ ဒါတွေ ငါသိပါတယ်ကွာ။ အရမ်းကာရော မဖြစ်နိုင်ပါဘူး။
သမီး။ ။ သမီးတစ်ခုပြောခွင့်ပြုနော်။ အဖေက မဖြစ်ဘူးပြောတယ်။ ဟုတ်ပါပြီ။ ဖြစ်ပြီဆိုပါတော့။ အဖေတို့ စာရေးဆရာ တွေဘက်က ဘာရှိလဲ။ ဘယ်သူရှိသလဲ။ မြန်မာနိုင်ငံ စာရေးဆရာအသင်းရှိမလား။ ဘယ်အဖွဲ့ အစည်းရှိလဲ။ ငွေများတရားနိုင်တဲ့၊ အဖေ့မှာ ရင်ဆိုင်ဖို့ငွေရှိမလား။ အဖေ့ ဆောင်းပါးတစ်ပုဒ် ဘယ်လောက်ရ သလဲ။ ဖြစ်လာရင်တန်သလား၊ ဖြစ်ပြီဟေ့ဆို အဖေ ခဏတာ ကိုယ်ဒုက္ခရမယ်။ တစ်မိသားစုလုံး စိတ်ဒုက္ခခံရ မယ်။ ဟိုလူ မနေရ၊ ဒီလူမနေရ။ အမှုဖြစ်တဲ့ မိသားစုဒုက္ခ၊ ထောင်ကျသူတစ်ယောက်ရှိတဲ့ မိသားစုဒုက္ခ၊ တစ် မိသားစုလုံး ထောင်ကျသလို ဒုက္ခရောက်ကြရမယ်။ အဖေတို့ စာရေးဆရာတွေဘာ အားကိုးရှိသလဲ။ အဖေ့ မှာ တပ်ကြပ်ကြီး အသိလည်း မရှိဘူး။ ဗိုလ်ချုပ်၊ ဗိုလ်မှူးဝေလာဝေး။ ငွေမရှိဘဲ ဂါတ်တဲ၊ တရားရုံးဘယ်လို ဆိုင်နိုင် မလဲ။ အဖေလည်စင်း ခံရမှာပေါ့။ သမီးစိတ်ပူတယ်အဖေ။
အဖေ။ ။ သားတို့သမီးတို့ကလည်း ဒီလောက်ကြီး တွေးပူမနေပါနဲ့၊ အမှန်တရားရှိတယ်။ စာပေလွတ်လပ်ခွင့် ရှိတယ်။
ကြီး။ ။ အဖေက အမှန်တရားပြောလို့ ပြောရဦးမယ်။ ပြည်ထောင်စုအစိုးရ အဖွဲ့ရဲ့ ညွှန်ကြားချက်အရ ပြန်ကြား ရေး ၀န်ကြီးဌာနရုံးအဖွဲ့မှူးဦးမြင့်ထွေးက တရားလိုပြုလို့ မြန်မာသံတော်ဆင့်ကိုစွဲတဲ့အမှု အဖေသိပါတယ်။ မီဒီ ယာဥပဒေပုဒ်မ ၂၅ (ခ)တဲ့၊ တရားစွဲတဲ့နေရာက နေပြည်တော် ပုဗ္ဗသီရိမြို့နယ်တရားရုံးမှာ တရားစွဲခံရသူ တွေက အယ်ဒီတာချုပ် အပါအ၀င် ဖြန့်ချိရေးဝန်ထမ်းထိ ၁၁ ဦးတဲ့ အဖေ။ တကယ်ဆို အယ်ဒီတာချုပ်၊ စာရေး သူ ဒီလောက်နဲ့ ပြီးရမှာ။ နင်မဟုတ်ရင် နင့်အဖေ မြင်မြင်သမျှ အားလုံးအားလုံး ဆိုသလိုဖြစ်နေတယ်။ ဂျာနယ် ဖြန့်ချိရေးတောင် ပါလိုက်သေးတယ်။ ရန်ကုန်နဲ့ နေပြည်တော်ရုံးချိန်း တစ်ခါသွားရင် ၁၁ ဦး ခရီးစရိတ်။ ကြာရင် မခက်ဘူးလား။
သားငယ်။ ။ အစ်ကိုကြီးပြောလို့ပြော ရဦးမယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLDဗဟို)က သုတေသန လမ်းညွှန်အဖွဲ့ အတွင်းရေးမှူး၊ ဗေဒါနိုင်ငံရေးသိပ္ပံကျောင်းအုပ်ကြီး ဦးမျိုးရန်နောင်သိမ်းနဲ့ တွေ့ဆုံ မေးမြန်းခန်း မှာ ပါဝင်တဲ့ ပြောကြားချက်။ သမ္မတကြီးနဲ့အစိုးရဂုဏ်သိက္ခာ ထိခိုက်စေမှုတဲ့။ တကယ်ဆိုလုပ်မယ်ဆို ပြောတဲ့ ပုဂ်္ဂိုလ်၊ ရေးတဲ့ပုဂိ္ဂုလ်၊ ဒီလိုဖြစ်ရမှာပေါ့။ အခုဟာက ဖြန့်ချိရေးပါ (၁၁)ဦးတဲ့၊ ကဲ အဖေ ဘာပြောမလဲ။
ဖေ။ ။ အေးကွ၊ ဒါတော့ နည်းနည်းလွန်သလားပဲ။ ဟုတ်တယ်နော်။
သားကြီး။ ။ အဖေရယ်၊ နည်းနည်း လွန်သလားတဲ့လားဗျာ။ ၂၀၁၄ ခုနှစ် ဇန်န၀ါရီလ ၂၉ ရက်နေ့ထုတ် မြန်မာ ပို့စ် ဂျာနယ်ပါ ““ပညာရည်နိမ့်ကျခြင်းကြောင့် တပ်မတော်သားများ လွှတ်တော်တွင်ပါဝင်နေခြင်းဟု တပ်မတော် လွှတ်တော်ကိုယ်စားလှယ်တစ်ဦးဆို”” သတင်းခေါင်းစဉ်နဲ့ သတင်းအကြောင်းအရာပါကိစ္စနဲ့ ပတ်သက်ပြီး မွန်ပြည်နယ်လွှတ်တော် တပ်မတော်သားကိုယ်စားလှယ် ဗိုလ်မှူးသိန်းဇော်က မြန်မာပို့စ်ဂျာနယ်အယ်ဒီတာချုပ် ဦးသန်းထိုက်သူနဲ့ ဒုသတင်းထောက်ချုပ် ဦးဆန်း မိုးထွန်း ၂ ဦးကို ပုဒ်မ ၅၀၀ နဲ့ တရားစွဲဆို ခဲ့တာကြောင့် ၂၀၁၅ မတ်လ ၁၈ ရက်နေ့က မော်လမြိုင်တရားရုံး အထူးရာဇ၀တ် အာဏာရတရားသူကြီး ဦးသန်းအောင်က အလုပ်မဲ့ ထောင်ဒဏ် ၂လ ပြစ်ဒဏ်ချခဲ့တယ်။ မှတ်တမ်းတင်မယ်ဆိုရင် အဖေရေ၊ မြန်မာနိုင်ငံမှာ ပုဒ်မ ၅၀၀ နဲ့ ပထမဆုံး ထောင်ဒဏ်ကျခံရတဲ့ မြန်မာပို့စ်ဂျာနယ် အယ်ဒီတာချုပ်နဲ့ ဒုသတင်းထောက်ချုပ်ပေါ့။
ဖေ။ ။ အေး အဲဒါ ငါမသိလိုက်ဘူးကွာ။ ထောင်ကျကုန်တယ်။ အလဲဗင်း၊ သတင်းစာလား၊ ဂျာနယ်လားကွာ အယ်ဒီတာအဖွဲ့ဝင် ၅ဦး တရားစွဲထားတာ ကြားလိုက်မိသေးတယ်။
သားငယ်။ ။ လတ်တလောဖြစ်နေတဲ့ ကိစ္စတွေထဲမှာ မန္တလေးမှာဖြစ်တဲ့ကိစ္စ။ ဆန္ဒဖော်ထုတ်သူတွေနဲ့ ရဲတပ်ဖွဲ့ ၀င်တွေကြားမှာ ရုန်းရင်းဆန်ခတ်ဖြစ်ပွားတဲ့ အမှုမှာ ပါဝင်တယ်ဆိုပြီး တရားစွဲခံရတဲ့ ဘီဘီစီ သတင်းထောက် ကိုနေမျိုးလင်း (ခနေလင်း မေလ ၁၅ရက်နေ့က ရုံးထုတ်စစ်ဆေးပြီး အာမခံပေးတာကို မန္တလေးခေတ်အယ်ဒီ တာချုပ် ဦးမင်းဒင်နဲ့ ဦးကိုကိုကြီး(FNI) တို့က အာမခံငွေ ၁၀သိန်းနဲ့ အာမခံရသတဲ့။ အဖေဖြစ်ပါပြီတဲ့ အာမခံဖို့ ၁၀သိန်း။ အာမခံရတယ်ဆိုတာတောင်။ ၁၀သိန်း ဘယ်လိုရှာမလဲ။
သမီး။ ။ ယူနတီဂျာနယ် အဖေတစ်ခါ ပြောဖူးတယ်လေ။ လက်နက်စက်ရုံကိစ္စ၊ ထောင်ကျကုန်ကြတယ်။ ပြစ်မှု ပြစ်ဒဏ်မမျှဘူးကွာ။ အဖေ ပြောဖူးပါတယ်။ နောက်တော့ ပြစ်ဒဏ်လျှော့လိုက်တယ်ဆိုတာ ဘာပဲဖြစ်ဖြစ်ပေါ့ အဖေရယ်၊ အဖေတို့ စာရေးသူတွေ၊ မီဒီယာတွေကိုတော့ ပစ်မှတ်ဖြစ်နေပြီလားပဲ။ သမီးတော့ ဘာမှမသိ ပါဘူး။ အဖေ့ကို စိုးရိမ်တယ်အဖေ။ အသက်လည်းကြီးပြီ။ ကျန်းမာရေးကလည်း ဟုတ်လှတာမဟုတ်ဘူး။
သားကြီး။ ။ အဖေက သားတို့ထက် ပိုသိပါတယ်။ မြစ်ဆုံကိစ္စ၊ လက်ပံတောင်း တောင်ကိစ္စ၊ မြေသိမ်းယာသိမ်း၊ ပြည်သူတွေ လယ်သမားတွေ မျက်ရည်ပေါက်ကြီး ငယ်ကျနေတဲ့ကိစ္စ။ သူတစ်ပါးတိုင်းပြည်က အလုပ်သမား ဈေးပေါလို့ လာလုပ်နေတဲ့ ကိစ္စမှာရှင်းနေပါတယ်။ အလုပ်သမားဈေး ပေါတာကို ကိုယ့်မြန်မာလူမျိုးတွေ ထမင်း တစ်နပ်စာတောင်မရှိတဲ့ နေ့တွက်ဝင်ငွေကိုတော့ မထောက်ညှာဘူး။ နိုင်ငံခြားသား တွေစက်ရုံပိတ်ပြီး ပြန်သွား မှာတော့ကြောက်တယ်။ လုပ်ခဈေးသက်သာလို့ လာတယ်ဆိုတာကို နည်းနည်း ထည့်မစဉ်းစားတတ်တဲ့ ဦးနှောက်မဲ့လူကြီးတွေ၊ ထမင်းမ၀လို့ တိုက်ပွဲဝင်နေတဲ့ အလုပ်သမားတွေအရေးကို မကြည့်တတ်တာ၊ အရမ်းရင် နာဖို့ကောင်းတယ်။ မိန်းကလေးတွေ လူကုန်ကူးခံရ၊ ပြည့်တန်ဆာခန်းတွေမှာ အနှိပ်ခန်းတွေမှာ လိင်ကျေးကျွန် ဖြစ်နေကြတယ်။ ဒါရေးစရာတွေပေါ့ အဖေ။ တကယ်ဖြစ်နေတာတွေ။
သားငယ်။ ။ ပြည်သူ့ဘဏ္ဍာ ကိုယ့်ဟာမှတ်ထင်သလို ခိုးဝှက်နေတဲ့ လက်တစ်ဆုံးနိုက် အာဏာရှိသူတွေ၊ မြေ ပေါ်မြေအောက် အဖွဲ့အစည်းတွေနဲ့ပေါင်း သစ်ခိုး၊ သယံဇာတခိုးထုတ်၊ ပြည်သူရဲ့ ကျန်းမာရေး၊ စီးပွားရေး၊ ပညာရေး၊ လူမှုရေးတွေ နိမ့်ကျ၊ အောက်ဆုံးရောက်၊ အိမ်နီးနားချင်းနိုင်ငံတွေမှာ ကျွန်သွားခံရတဲ့ကလေး တွေ၊ အလုပ်သမားတွေ၊ အခမဲ့ကျွန်ခံနေရတဲ့ နှိပ်စက်ခံအလုပ်သမားတွေ ဒါတွေဟာ နှစ်ပြားမတန်အောင် အဖေတို့ ရေးမယ်ဆို ရေးလို့ရပါတယ်။ ဒါပေမဲ့ အဖေရယ်၊ ရက်စက်တယ်။ မညှာမတာ အပြစ်တွေက အများကြီးနော်။
ဇနီး။ ။ သားသမီးတွေကတော့ စိုးရိမ်စိတ်နဲ့ ပြောနေကြပြီ။ စဉ်းစားပေါ့ ယောက်ျားရယ်၊ စဉ်းစားပေါ့။
ဖေ။ ။ အမှန်တရားအပေါ် အခြေခံပြီး ဘယ်သူ့ကိုမှ မတိုက်ခိုက်ဘဲ တိုင်းပြည်ချစ်စိတ်တစ်ခုတည်းနဲ့ အနစ်နာခံ ပြီး မီဒီယာတွေ ကြိုးစားရမယ်။ ၂၀၁၅ ရွေးကောက်ပွဲမှာ လွတ်လပ်ပြီး တရားမျှတဖို့ အဓမ္မလမ်းကို ဖော်ပြနိုင်ပြီး ဓမ္မလမ်းကို အတူလျှောက်လှမ်းဖို့၊ ဒီမိုကရေစီခိုင်ခိုင်မာမာ တည်ထောင်နိုင်ဖို့၊ ဆင်းရဲတဲ့နိုင်ငံက ကျွတ်လွတ်နိုင် ဖို့၊ ဒီအရေးတွေဟာ အဖေတို့ စာပေသမား၊ မီဒီယာတွေမှာ တာဝန်ရှိတယ်။ သမိုင်းကို တာဝန်ကျေဖို့ ဒီကနေ့ အခက်ခဲဆုံးအခြေအနေမှာ အဖေ ကျောခိုင်းထွက်မပြေးနိုင်ဘူး။ အဖေ့ကို နားလည် ပေးကြပါ။ အဖေ အမှန် တရားအတွက် စာတွေဆက်ရေးမယ်။ အားလုံးကို ရင်ဆိုင်မယ်။ ဘာကိုမှ မကြောက်ဘူး။
သံပြိုင်။ ။ ၀မ်းသာပါတယ်။ ဂုဏ်ယူပါတယ်။ အဖေ အားပေးပါတယ်။ ။
မြန်မာသံတော်ဆင့်သတင်းဌာန-https://www.facebook.com/ myanmarherald
No comments:
Post a Comment