~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ပုသိမ်၊ ဇွန် ၂၄
ဧရာဝတီတိုင်းဒေသကြီး အတွင်းရှိမြို့နယ်/ရပ်ကွက်/ ကျေး ရွာများ၌ ဇွန်လ(၂၂)ရက်နေ့မှ စတင်၍ ၂ဝ၁၅ ခုနှစ် ပါတီစုံ အထွေ ထွေရွေးကောက်ပွဲအတွက် ရှေ့ပြေး မဲစာရင်းများ ကပ်ထားပေးလျက်ရှိရာ မူလသတ်မှတ်ထား သည့် (၁၄) ရက်အတွင်း သာမကဘဲ ရက်အကန့်အသတ်မရှိ ဆက်လက်ကပ်ထားပြီး ပြင်ဆင် မှုများအား လက်ခံဆောင် ရွက်ပေးရန် ပြည်ထောင်စု ရွေးကောက် ပွဲကော်မရှင်က ပြည်နယ်နှင့်တိုင်းဒေသကြီးရွေးကောက် ပွဲ ကော်မရှင် အသီးသီးသို့ ဇွန်လ
၂၃ရက်တွင် ညွှန်ကြားထားကြောင်း ဇွန်လ ၂၄ ရက်တွင် ဧရာဝတီတိုင်း ဒေသကြီး ရွေးကောက် ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးအောင်မြင့်က မြန်မာသံတော်ဆင့်သို့ ပြောသည်။
”ရှေ့ပြေးမဲစာရင်းတွေကို (၁၄)ရက်အတွင်း မဟုတ်တော့ဘဲ (၁၄)ရက် ကျော်သည့်တိုင် ဆက်လက်ကပ်ထား ပြီး၊ မှားယွင်းနေ တာတွေ၊ ပြင်ဆင်ချင်တာတွေပြင်ဆင် ပယ်ဖျက်ပေးရမယ်လို့ မနေ့က ပြည်ထောင်စုရွေး ကောက် ပွဲ ကော်မရှင်ကညွှန်ကြား လာပါတယ်။ ညွှန်ကြားစာမှာတော့ ရက်အကန့်အသတ်နဲ့ မပေးထားပါဘူး။ ပြည်နယ်နှင့် တိုင်းအားလုံးကို ညွှန်ကြားတာပါ။ ဒီတော့ ကျွန်တော်တို့က မှားယွင်းမှုတွေ ပြင်ဆင်ချင်တာတွေ ပယ်ဖျက်ချင်တာတွေကို (၁၄) ရက်ကျော်လည်း လုပ်ဆောင်ပေးမှာပါ”ဟု ဧရာဝတီတိုင်းဒေသကြီး ရွေးကောက် ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးအောင်မြင့်က မြန်မာသံတော်ဆင့်သို့ ပြောကြားသည်။…
ဧရာဝတီတိုင်းအတွင်းရှိ ရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုံး အသီးသီး၌ ဇွန်လ(၂၂)ရက် နေ့မှစ ၍ ရှေ့ပြေးမဲစာရင်း များကပ်ထားရာတွင် အမည်စာရင်း၌ သေဆုံးသူနှင့် ထောင်ကျနေသူများ ပါဝင်ခြင်း၊ မွေး သက္ကရာဇ်၊ နေရပ်လိပ်စာနှင့် မှတ်ပုံတင်နံပါတ်များ မှားယွင်းခြင်း၊ မိခင်ဖခင်အမည်များနှင့် ဇနီးခင်ပွန်း အမည်လွဲမှားမှုများရှိခဲ့ပြီး အဆိုပါ မှားယွင်းမှုများကို မှတ်တမ်းတင်စိစစ်လိုသည့် နိုင်ငံရေးပါတီ များကိုလည်း မဲစာရင်းစာရွက်များ အားဓာတ်ပုံရိုက်ကူးခွင့် မပေးခဲ့ပေ။
ထို့ပြင် ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်မှမဲစာရင်း စာရွက်များအား တစ်ရွက်ချင်းစီကပ်ထား ကြေညာရ မည်ဟု ညွှန်ကြားထားသော်လည်း အချို့ရုံးများ၌ စာအုပ်လိုက် ချိတ်ဆွဲထားခြင်းများ ဖြစ်ပေါ်ခဲ့သည်။
”မွေးသက္ကရာဇ်အမှားတွေက ကွန်ပျူတာဆာဗာ အမှားကြောင့် လို့ကော်မရှင်က ဝန်ခံထားပါတယ်။ မှားယွင်း မှုတွေက ဒုနဲ့ဒေးရှိလိမ့်မယ်လို့ထင်တယ်။ အချို့အပိုင်တွေမှာ မဲစာရင်းကို စာအုပ်လိုက်ကပ် ထားတာတွေ ကိုလည်းတွေ့ရတယ်။ အမှားအယွင်း အားလုံးပေါင်းရင် တော့ (၇၅)ခုလောက် မှားတယ်။ ကွန်ပျူတာဆာဗာ အမှားကို ပယ်ပြီးကျန်တဲ့ မှားယွင်းမှုတွေကတော့ (၂၅)ကနေ (၄ဝ)လောက် ထိရှိ တယ်”ဟု ဧရာဝတီတိုင်း အတွင်း ရွေးကောက်ပွဲနှင့် ပတ်သက်သည့် အသိပညာဗဟုသုတများ ဖြန့်ဝေလျက်ရှိသော လူမှုရေးလုပ်ငန်းများ လုပ်ကိုင်နေသည့် ပုသိမ်မြို့နေ ဦးမြင့်ဌေးက ပြောသည်။
အဆိုပါ မှားယွင်းမှုများနှင့် ပတ်သက်၍ ဧရာဝတီတိုင်းဒေသကြီး ရွေးကောက် ပွဲကော်မရှင်အား မေးမြန်းရာ ”ဟုတ်ပါတယ်၊ မှားယွင်းမှုတွေ ရှိခဲ့ပါတယ်။ ကျွန်တော်တို့အမှားတွေပါ။ ဒါဟာ ဘာလို့ မှားတာလဲဆိုတော့ လဝက ပုံစံ ၆၆/၆ ကို အခြေခံပြီး လုပ်ရလို့ပါ။ သူတို့စာရင်းတွေထဲမှာ ပြင်မထား ရသေးရင်၊ မှားနေရင် ကျွန် တော်တို့ဆီမှာလည်း မှားပြီပေါ့။ မဲစာရင်းတွေကို အချို့နေရာတွေမှာ တစ်ရွက်ချင်းမကပ်ဘဲ အုပ်လိုက် ကပ် ထားရတာကတော့ ငွေကြေးအခက်အခဲကြောင့်ပါ။ မဲစာရင်းစာရွက်ကပ်ဖို့၊ ဘလက်ဘုတ်ဝယ်ဖို့ ငွေကြေး မသုံး စွဲနိုင်တဲ့အတွက်ကြောင့်ပါ” ဟု ကော်မရှင်ဥက္ကဋ္ဌ ဦးအောင်မြင့်က ဆိုသည်။
ရှေ့ပြေးမဲပေးပိုင်ခွင့်ရှိသူ ဆန္ဒရှင်များစာရင်းအရ ဧရာဝတီတိုင်းဒေသကြီးတွင် ၄၂ သိန်းခန့်ရှိပြီး တိုင်းရွေး ကောက် ပွဲကော်မရှင်၏ မြေပြင်အချက်အလက်စာရင်းများ အရကရင်တိုင်းရင်းသား ၁၃သိန်းကျော်ရှိကာ ရခိုင် တိုင်းရင်း သား လေးသိန်းရှစ်သောင်းခန့် ပါဝင်ပြီး တစ်တိုင်းလုံးအနေဖြင့် ခန့်မှန်းမဲရုံ အရေအတွက် ၅၇၄ဝ ရုံရှိမည်ဖြစ် သည်။။
ရဲရင့်ထွန်း(ပုသိမ်)
မြန်မာသံတော်ဆင့်သတင်းဌာန – https://www.facebook.com/

No comments:
Post a Comment