ဧရာဝတီတိုင်းဒေသကြီး မြောင်းမြမြို့ လောကနန္ဒစေတီတော်မြတ် ကြီးတွင် ဒီဇင်ဘာလ ၂၈ ရက်က ကျင်းပပြုလုပ်သော မိခင်ဖြစ်သူ ဒေါ်ခင်ကြည်၏ ဆုံးပါးခဲ့သည့် ၂၆ နှစ်မြောက်အထိမ်းအမှတ် နေ့လယ်ဆွမ်း ဆပ်ကပ်သည့် အခမ်းအနားတွင် ဒေါ် အောင်ဆန်းစုကြည်ကပြောကြားခဲ့ ခြင်းဖြစ်သည်။
‘မေမေဟာ ပေးဆပ်ခဲ့သူတစ် ယောက်ပါ။ ရယူခဲ့သူတစ်ယောက် မဟုတ် ပါဘူး။ နိုင်ငံခေါင်းဆောင်တစ် ဦးရဲ့ဇနီးဆိုတာ ဒီလိုပဲပေးဆပ်ခြင်း သာဖြစ်ရ ပါလိမ့်မယ်။ ရယူလိုချင်တဲ့ စိတ်တွေနဲ့သာ ဆိုရင် နိုင်ငံကောင်း နိုင်မှာ မဟုတ်ပါဘူး’ဟု ဒေါ်အောင်ဆန်းစုကြည်ကပြောကြားခဲ့သည်။
အဆိုပါအခမ်းအနားသို့ မြောင်းမြမြို့ခံ သုံးထောင်ကျော်တက်ရောက် ခဲ့ပြီး အမျိုးသမီး အများစုပါဝင်နေသဖြင့် မိခင်ဖြစ်သူ၏ ဖြတ်သန်းခဲ့သည့် ဘ၀နှင့် ယှဉ်ကာ အမျိုးသမီးများတွင် ရှိသင့်ရှိထိုက်သောအရည်အချင်းများ ကို လည်း ဒေါ်အောင်ဆန်းစုကြည်က ဆက်လက်ပြောကြားခဲ့သည်။
အခမ်းအနားတွင် ဒေါ်ခင်ကြည် ၏ ကိုယ်ရေးအကျဉ်းကို ဖတ်ကြားခြင်း၊ ဗိုလ်ချုပ်အောင်ဆန်းနှင့် ဒေါ်ခင် ကြည်တို့၏တွေ့ဆုံမှုကို အနုပညာရှင်များက သရုပ်ဖော်ခြင်း၊၎င်းတို့တွေ့ ဆုံမှုကို ပုံဖော်ထားသည့် ငွေသော် တာရောင်ခြည် သီချင်းအား သရုပ် ဖော်ခြင်းအပြင် ကရင်ရိုးရာအကများ ဖြင့်လည်း ဖျော်ဖြေ ခဲ့ကြသည်။
‘ဒေါ်ခင်ကြည်ဟာ အရင်ခေတ် တွေကအမျိုးသမီးတွေရော အခုလက် ရှိ အမျိုးသမီးတွေ အတွက်ရောနောင် လာမယ့်အမျိုးသမီးတွေအတွက်ပါ အမျိုးသမီး တစ်ယောက်ဟာဘ၀ကို ဘယ်လိုတန်ဖိုးထားနေထိုင်ရမယ် ဆိုတာ မြန်မာနိုင်ငံ အမျိုးသမီးတစ် ရပ်လုံးအတွက် စံနမူနာ ထားစရာ နေထိုင် ခဲ့တဲ့ အမျိုးသမီး တစ်ဦးလို့ သူ့ရဲ့အတ္ထုပ္ပတ္တိတွေဖတ်ရင် သိသာ နိုင်ပါတယ်’ ဟု မြောင်းမြမြို့မှ နော်ရှားရိုကပြောသည်။
ဒေါ်ခင်ကြည်သည် မြောင်းမြမြို့တွင် မွေးဖွားကြီးပြင်းခဲ့သည့် ကရင် တိုင်းရင်းသူ တစ်ဦးဖြစ်ပြီး မြောင်းမြမြို့ အမျိုးသားကျောင်းတွင် စေတနာ့ဝန်ထမ်း ဆရာမ အဖြစ် နှစ်အနည်းငယ်တာဝန်ထမ်းဆောင်ခဲ့ပြီး၊ ရန်ကုန်မြို့ ဂျပန်ခေတ် ဘီဒီအေဆေးရုံကြီးတွင် သူနာပြုချုပ်အဖြစ် တာဝန်ထမ်းဆောင်နေစဉ် လူနာ အဖြစ် ဆေးရုံ တက်လာသောဗိုလ်ချုပ်အောင်ဆန်းနှင့်တွေ့ဆုံ ၍ မေတ္တာမျှ လက်ထပ်ခဲ့ခြင်းဖြစ်သည်။
MMK
The Ladies News Journal

No comments:
Post a Comment