၁၉၆၂ ခုနှစ်နောက်ပိုင်း မှစ၍ (၅၃)နှစ်ကြာ သည့်တိုင်အောင် ကျင်းပနိုင်ခဲ့ခြင်း မရှိခဲ့သည့် ဗိုလ်ရှု့ခံ သဘင်အခမ်းအနားကြီး ကို ၂၀၁၅ ခုနှစ် (၆၇)နှစ်မြောက် လွတ်လပ်ရေးနေ့ အခါသမယမှာ ပြန်လည်ကျင်းပနိုင်ခဲ့ခြင်းလည်း ဖြစ်သည်။
အဆိုပါ အခမ်းအနားကို နံနက်(၆)နာရီတွင် ဖွင့်လှစ်ပြီး (၆)နာရီ(၁၅)မိနစ်တွင် ချီတက် အလေးပြုမည့် စစ်ကြောင်းများရောက်ရှိလာပြီး ယင်း စစ်ကြောင်းများကို မီးရှုးမီးပန်းများပစ်ဖောက် ဂုဏ်ပြုကြိုဆိုခြင်း၊ နိုင်ငံတော်သမ္မတကြီးရောက် ရှိလာပြီး စစ်ကြောင်းများ အား မော်တော် ယာဉ်ဖြင့် လိုက်လံစစ်ဆေးခြင်း စစ်ကြောင်းများ စစ်ဆေးရန်ထွက်ခွါချိန်တွင် အမြောက်(၂၁) ချက်ပစ်ဖောက် ဂုဏ်ပြုခြင်း နိုင်ငံတော် အလံ နှင့် ကျဆုံးပြီးသောအာဇာနည်များနှင့် ရဲဘော် အပေါင်းအား အလေးပြုခြင်းနှင့် (၂)မိနစ်ငြိမ်သက် ဂုဏ်ပြုခြင်း သမ္မတကြီးမှ အဖွင့်မိန့်ခွန်းပြောကြားခြင်း နိုင်ငံတော် သမ္မတကြီးအား စစ်ကြောင်းများနှင့် ချီတက်အလေးပြုခြင်း လေယာဉ် များဖြင့်ဂုဏ်ပြုပျံသန်း အလေးပြုခြင်း များပြုလုပ်ခဲ့ သည်။
အခမ်း အနားသို့နိုင်ငံတော် ဒုတိယ သမ္မတများ ပြည်ထောင်စု လွတ်တော်နာယ က ပြည်သူ့လွှတ်တော် ဥက္ကဌ ၊ အမျိုးသားလွှတ်တော် ဥက္ကဌ ၊ ကာကွယ်ရေး ဦးစီးချုပ်၊ ပြည်တောင်စုဝန်ကြီးများ ဒုတိယ၀န်ကြီးများ နိုင်ငံတကာသံအမတ် များ လွှတ်တော်ကိုယ်စားလှယ်များ တိုင်းရင်းသားပါတီများမှ ကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
#Democracytoday
Photo Caption ::- သတင်းမြင်ကွင်း (မြင့်ဦး-နေပြည်တော်) ၊ သတင်း - မောင်ပိုင် - မြင့်ဦး (နေပြည်တော်)



No comments:
Post a Comment