Wednesday, January 7, 2015

ငြိမ်းချမ်းရေးပန်းခင်းလမ်းပေါ် လျှောက်လှမ်းနိုင်ရေး စုပေါင်းကြိုးပမ်း

ဇန်နဝါရီ ၄ရက်က နေပြည်တော်တွင်ကျင်းပသော ဗိုလ်ရှုသဘင်အခမ်း အနား သို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၂ဖွဲ့တို့ တက်ရောက်ခဲ့ကြ ပြီးနောက် ဇန်နဝါရီ ၅ရက်က နေပြည်တော်ရှိ အပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်း ဗဟိုစင် တာ(၂)တွင် နိုင်ငံတော် သမ္မတဦးသိန်းစိန်နှင့် တိုင်းရင်းသားလက်နက် ကိုင် အဖွဲ့အစည်း ၁၂ဖွဲ့တို့ တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြသည်။

ယင်းနေ့ မှာပင် နေပြည်တော်၌ပင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း ၁၂ဖွဲ့ တို့ တွေ့ဆုံဆွေးနွေးခဲ့ကြ သည်။ နိုင်ငံတော်သမ္မတနှင့် တိုင်းရင်းသား
လက်နက်ကိုင်အဖွဲ့ ၁၂ဖွဲ့တို့တွေ့ဆုံ ဆွေးနွေး ပွဲ၌ လာမည့်ဖေဖော်ဝါရီ ၁၂ရက်(ပြည်ထောင်စုနေ့) တွင် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်ကို လက်မှတ်ရေး ထိုးနိုင်ရန် အတွက် တိုင်းရင်းသားအဖွဲ့များက တောင်း ဆိုခဲ့ကြ သည်။

လက်ရှိတွင် အစိုးရနှင့် တိုင်း ရင်းသားလက်နက်ကိုင်များ ငြိမ်းချမ်းရေးဆွေးနွေး ရာ၌ အပစ်အခတ်ရပ်စဲရေး အတွက် ဆွေးနွေးမှုတွင် အချက်အနည်းငယ်သာ ကျန်ရှိတော့သဖြင့် ယင်းကို ပြည်ထောင်စုနေ့မတိုင် မီ ဆွေးနွေးနိုင်မည် ဟုယုံကြည်ကြောင်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ ဘက်မှ ပြောကြား ခဲ့သည်။

ယင်းအပေါ် သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း က ဆွေးနွေး ရမည့်အချက် ၁၀၃ချက်တွင် အချက်ရှစ်ချက် သာ ဆွေးနွေးရန် ကျန် တော့ကြောင်း၊ ယင်းအချက်များဆွေးနွေးပြီးစီးသွားပါက အဆိုပါဆွေးနွေး ချက် များကို နှစ်ဖက်ခေါင်းဆောင် များထံ ပြန်လည် တင်ပြကြ မည်ဖြစ်ကြောင်း ၊ နှစ် ဖက်တင်ပြချက် များကို ခေါင်းဆောင် များက လက်ခံပါက အပစ်အခတ်ရပ် စဲရေး စာချုပ်ကို သဘောတူပြီးဖြစ် သွားကြောင်း ပြောကြားခဲ့သည်။

သို့သော်လည်း အပစ် အခတ်ရပ်စဲရေး သဘောတူစာချုပ်ကို လက်မှတ်ရေး ထိုးနိုင် ရန် ဆောင် ရွက်ရာ၌ တချို့မှာ မြန်မြန်ဆန်ဆန်ဆောင် ရွက်ချင်ကြသော် လည်း တချို့မှာမူ တဖြည်းဖြည်း သာဆောင်ရွက်လိုသူများ ရှိနေကြောင်း ၊ ပြည်ထောင် စုနေ့တွင် အပစ်ရပ်ရေးလက်မှတ်ရေး ထိုးနိုင်ရန်အတွက် တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့ များနှင့် နိုင်ငံတော် သမ္မတကြီး တို့ တွေ့ဆုံ ရန် လိုအပ်ကြောင်း၊ ယင်းကြောင့် ဗိုလ်ရှုသဘင်အခမ်းအနားကို ဖိတ်ကြား ခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ(UPWC) နှင့် တစ်နိုင်ငံလုံးအဆင့် အပစ်အခတ်ရပ်စဲရေးညှိနှိုင်းရေးအဖွဲ့ (NCCT)တို့ အနေဖြင့် နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးနိုင် ရန် ဆွေးနွေး ခဲ့ကြသည်မှာ ခြောက်ကြိမ်တိုင် ရှိခဲ့ပြီဖြစ်သည်။

မြန်မာနိုင်ငံသည် လွတ်လပ်ရေးရပြီးသည့်အချိန်မှစတင်ကာ ပြည်တွင်း စစ်ဒဏ် ကို အလူးလူးအလိမ့်လိမ့်ခံစားခဲ့ကြရသည် မှာ နှစ်ပေါင်းများ စွာကြာမြင့် ခဲ့ပြီဖြစ်သည်။ ယင်းသို့ ပြည်တွင်းစစ်ဒဏ်၊ တိုင်းပြည်မတည်ငြိမ်မှုဒဏ်များမှ ရုန်းထွက်နိုင်ရန် အတွက် မြန်မာနိုင်ငံသည် စစ်မှန်သည့်ငြိမ်းချမ်းရေးကို ရရှိရန် လိုအပ်နေပြီဖြစ်သည်။

လက်ရှိအစိုးရသစ်၏သက် တမ်းကာလသည် ယခုနှစ်ကုန်တွင် ကုန်ဆုံး မည်ဖြစ် ရာ လက်ရှိသက်တမ်းအတွင်း ငြိမ်းချမ်းရေးကို ရရှိအောင် အစွမ်း ကုန် ကြိုးစား မည်ဟု ကျွန်ုပ်တို့ယုံကြည်ပါသည်။ အလားတူပင် တိုင်းရင်းသားလက် နက်ကိုင် အဖွဲ့များအနေဖြင့်လည်း မိမိတို့၏ အကျိုးစီးပွားတစ်ခုတည်းကိုသာ ကြည့်မနေ ဘဲ မိမိတို့ဒေသရှိ ဒေသခံပြည်သူများ၏အကျိုးအတွက် ငြိမ်းချမ်း ရေးပန်းခင်း လမ်းကို လျှောက်လှမ်းနိုင်ရန် ကြိုးပမ်းသင့်ပေသည်။ ထိုသို့ မြန်မာ နိုင်ငံ၏ငြိမ်း ချမ်းရေးအနာဂတ်ခရီးတွင် အားလုံးပါဝင်ဆောင် ရွက်မှ သာအောင် မြင်မှု များရရှိကြမည်ဖြစ်ပါကြောင်း ဒီမိုကရေစီတူဒေးသတင်းစာ ကတိုက် တွန်း ရေးသား လိုက်ရပါသည်။

အယ်ဒီတာ(ဇန်နဝါရီ ၆၊၂၀၁၅)

#‎Democracytoday‬

No comments:

Post a Comment