ဂျာကာတာ ။ ။ ပျောက်ဆုံး သွားသည့် အဲအေရှလေယာဉ်ကို ဂျာဗား ပင်လယ်အတွင်း
ရေငုပ် သမားများနှင့် မောင်းသူ မဲ့ရေအောက်သွား ယာဉ်များဖြင့် ရှာဖွေ
လျက်ရှိရာ ဇန်နဝါရီ ၇ရက်တွင် လေယာဉ်၏ အမြီးပိုင်းကို ပင်လယ်ကြမ်းပြင်တွင်
ရှာဖွေတွေ့ ရှိပြီဖြစ်သည်။

လူ ၁၆၂ဦးလိုက်ပါကာ ပျံသန်းခဲ့သည့် ယင်းလေယာဉ်ပျက် ရှာဖွေမှုသည် ၁၁ရက်မြောက်ရက်သို့ ရောက်ရှိပြီဖြစ်ပြီး ရုပ်အလောင်း ၄၀နှင့် အပျက်အစီး အပိုင်း အစများ ကိုလည်း ရှာဖွေတွေ့ ရှိထားပြီးဖြစ်သည်။ ယခုအမြီးပိုင်း ကိုတွေ့ ရှိသည်ဟု အတည်ပြုနိုင်မှုသည် အကြီး ဆုံးသော ရှာဖွေတွေ့  ရှိမှုဖြစ်ကြောင်း တာဝန် ရှိသူများက ပြောသည်။
လေယာဉ်ပျောက် ဆုံးချိန်က နောက်ဆုံး အဆက်အသွယ် ပြတ်တောက်သွားခဲ့ သည့်နေရာမှ ခြောက်မိုင်ခန့်တွင် ရာသီဥတု ဆိုးဝါးနေ သည့်ကြားက ရှာဖွေရေး သမားများက လေယာဉ်အမြီးပိုင်း အပျက်အစီးကို ဓာတ်ပုံရိုက်ယူနိုင်ခဲ့သည်။ ယင်းအမြီးပိုင်းကို အင်ဒိုနီးရှား ရှာဖွေရေး သဘောင်္မှ တစ်ဆင့်ထောက် လှမ်းတွေ့  ရှိခြင်းဖြစ်သည်ဟု အမျိုးသားရှာဖွေရေးနှင့် ကယ်ဆယ်ရေးအေဂျင်စီ အကြီးအကဲ ဟန်နရီဘန်ဘန်းကပြောသည်။
ယခုကဲ့သို့ လေယာဉ်အမြီးပိုင်းကို တွေ့ ရှိခြင်းသည် လေယာဉ်ပျောက်ဆုံးမှုအတွက် အလွန်အရေးပါကြောင်း၊ ပျံသန်းမှု မှတ်တမ်းတင် ဘလက်ဘောက်စ် ကိရိ ယာနှင့် လေယာဉ်မှူး အခန်းမှ ပြောစကား များကို မှတ်တမ်း တင်ထားသည့် အရေး ကြီးသည့် အသံဖိုင် ကိရိယာ များသည် လေယာဉ် အမြီးပိုင်းတွင် တည်ရှိ ၍ ဖြစ်ကြောင်း သတင်းတွင် ဖော်ပြသည်။
Credit - Mizzima News
No comments:
Post a Comment