Sunday, January 4, 2015

အထွေထွေရွေးကောက်ပွဲ အောက်တိုဘာ (သို့) နိုဝင်ဘာတွင် ပြုလုပ်မည် ဟု ရွေးကောက်ပွဲကော်မရှင်ပြောကြား

၂၀၁၅ အထွေထွေရွေးကောက်ပွဲကို အောက်တိုဘာ (သို့) နိုဝင်ဘာတွင် ကျင်းပပြု လုပ်သွားမည်ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက် ပွဲ ကော်မရှင်က ဇန်န ဝါရီ ၁ ရက်တွင် ထုတ်ပြန်ကြေညာ လိုက်သည်။

အဆိုပါ ၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက် ပွဲဆိုင်ရာ အသိပေးကြေညာ ချက်အရ အောက်တိုဘာလကုန် နိုဝင်ဘာလဆန်းတွင် ပြုလုပ်မည့် အထွေထွေရွေးကောက်အပွဲတွင် မဲ ဆန္ဒရှင်များ အနေဖြင့် မဲဆန္ဒရှင် စာရင်း ကြေညာချိန်တွင် သွားရောက်ကြည့်ရှု ရန် လိုအပ်ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ အထွေထွေ ရွေး ကောက် ပွဲပြုလုပ်ရခြင်းဖြစ်ရာ ဒုတိယ အကြိမ်မြောက် အထွေထွေရွေးကောက် ပွဲအား ၂၀၁၅ ခုနှစ် အောက်တိုလ ကုန်၊ နိုဝင်ဘာလဆန်းတွင် ပြုလုပ် ကျင်းပ မည်ဖြစ် သဖြင့် မဲဆန္ဒရှင်ပြည် သူများ အနေဖြင့် ပြည်ထောင်စု ရွေးကောက် ပွဲ ကော်မရှင် မှ ကောက်ခံထား သည့် စာရင်းတွင် မိမိပါဝင်မှုရှိမရှိ သွားရောက် စစ်ဆေးသင့်ခြင်းဖြစ် ကြောင်း သိရသည်။

ရွေးကောက်ပွဲ ကျင်းပရာတွင် မဲ စာရင်းရှိရန် လိုအပ်သဖြင့် ၂၀၁၅ ခုနှစ်၊ အထွေထွေ ရွေးကောက်ပွဲအ တွက် အခြေခံမဲဆန္ဒရှင် စာရင်း ကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မ ရှင်ကပြုစုလျက် ရှိကြောင်း ရွေးကောက်ပွဲအတွက် အသက် ၁၈ ပြည်ပြီး နိုင်ငံ သားတိုင်း မဲပေးခွင့် ရှိပြီး အဆိုပါ အခွင့်အရေး မဆုံးရှုံးစေရန် မဲစာရင်း ပါဝင်မှုရှိမရှိ မဲစာရင်း ကြေညာသည့် အခါ သွားကြည့်ရန်လိုကြောင်း ဆို သည်။

ယင်းကဲ့သို့ သွားရောက်ကြည့်ရှု ပြီး မဲစာရင်းတွင် မိမိ အမည်မပါရှိ ပါက ပုံစံ ၃ ဖြင့်တောင်းခံရန်နှင့် အ ချက်အလက်များ မှားနေလျှင် ပုံစံ (၄-ဂ)ဖြင့် ပြင် ဆင်ပေးရန် တောင်းဆိုရန် လိုအပ်ပြီး မဲပေးပိုင်ခွင့်မရှိသူ များ ပါဝင်နေပါက ပုံစံ ၄ ဖြင့် ကန့် ကွက်နိုင်ကြောင်း ဆိုထားသည်။

မဲဆန္ဒရှင်သည့် မြို့နယ်တစ်ခုမှ အခြားမြို့နယ်တစ်ခုသို့ ပြောင်းရွှေ့ နေထိုင်ခြင်း ရှိပါက အိမ်ထောင်စု စာရင်းပုံစံ (၆၆/၆) ကို မပြောင်းဘဲ ထားလျှင် မဲဆန္ဒရှင်၏ အမည်စာရင်း သည် ယခင်နေထိုင်ခဲ့သည့် မြို့နယ်မဲ စာရင်းတွင်သာ ပါဝင်မည်ဖြစ်ကြောင်း အသိပေးကြေညာထားကြောင်း သိရသည်။

သတင်း - စိုင်းဟန်

The Ladies News Journal 

 

No comments:

Post a Comment