Saturday, January 10, 2015

လက်ပံတောင်းအရေး အဖွဲ့အစည်းတွေ တွေ့ဆုံဆွေးနွေးမည်

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင် ဆားလင်းကြီးမြို့နယ်က လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနဲ့ ပတ်သက်ပြီး ဒီလ ၁၄ ရက်နေ့ နေပြည်တော်မှာ ကြေးနီစီမံကိန်း စုံစမ်းစစ်ဆေးရေးကော်မရှင် အစီရင်ခံစာအပေါ် အကောင်အထည်ဖော်မှုကော်မတီ၊ ဝမ်ပေါင်ကုမ္ပဏီနဲ့ MATA လို့ခေါ်တဲ့ မြန်မာနိုင်ငံ တွင်းထွက်သဘာဝသယံဇာတ အရင်းအမြစ်တူးဖော်ထုတ်လုပ်ရေးနဲ့ ပွင့်လင်းမြင်သာမှု ဖော်ဆောင်ရေးအဖွဲ့က ဗဟိုအလုပ်အမှုဆောင်တွေ တွေ့ဆုံဆွေးနွေးကြမှာဖြစ်ပါတယ်။

လက်ပံတောင်းတောင် သတ္ထုတူးဖော်ရေးလုပ်ငန်းတွေဟာ ဒေသဖံွ့ဖြိုးရေးကို ထိခိုက်စေပြီး ဒေသခံတောင်သူ တစ်ဦးသေဆုံးတဲ့အထိ

ပဋိပက္ခဖြစ်ပွားခဲ့တာတွေကို ဆွေးနွေးသွားမှာဖြစ်တယ်လို့ MATA အဖွဲ့ရဲ့ ဗဟိုအလုပ် အမှုဆောင်အဖွဲ့ဝင် ဒေါက်တာကျော်သူက ပြောပါတယ်။

"လက်ပံတောင်းမှာ ဒေါ်ခင်ဝင်း သေဆုံးမှုဖြစ်တဲ့အဆင့်အထိ ရောက်သွားတဲ့အတွက်ကြောင့် သယံဇာတ သတ္ထုတူးဖော်ရေးနဲ့ ဆက်စပ်တယ်ဆိုပြီးတော့ EITI ထဲမှာ တရားဝင်ဆွေးနွေးလို့ရအောင် အရေးပေါ်အစည်းအဝေး ခေါ်ခိုင်းလိုက်တာ၊ ကြေးနီစီမံကိန်းသည် ဗမာပြည်ရဲ့ အကြီးဆုံးသတ္ထုလုပ်ငန်း ဖြစ်တဲ့အတွက်ကြောင့် သူ့ရဲ့ကောင်းတဲ့ ပြယုဂ်မရှိဘဲ နိုင်ငံတကာရဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို နောက်ဆုတ်စေတဲ့ အဖြစ်အပျက်လို့ ကျနော်မြင်တယ်၊ အဲ့ဒါမျိုးတွေ ကျနော်ထည့်ဆွေးနွေးမိမယ်ထင်တယ်"

အဲဒီဆွေးနွေးပွဲကို နိုင်ငံတော်သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း ၊ စုံစမ်းစစ်ဆေးရေး အစီရင်ခံစာအပေါ် အကောင်အထည်ဖော်မှု ကော်မတီအဖွဲ့ဝင်တွေနဲ့ လက်ပံတောင်းတောင်စီမံကိန်း အကောင်အထည်ဖော်နေတဲ့ ဝမ်ပေါင်ကုမ္ပဏီက ကိုယ်စားလှယ်တွေ တက်ရောက်မှာဖြစ်တယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံ တွင်းထွက်သဘာဝသယံဇာတ အရင်းအမြစ် တူးဖော်ထုတ်လုပ်ရေးနဲ့ ပွင့်လင်းမြင်သာမှု ဖော်ဆောင်ရေးအဖွဲ့ MATA ထဲမှာ ပေါင်းကူး၊ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း၊ စိမ်းလန်းပြင်ဦးလွင်၊ Eco Dev စတဲ့ အရပ်ဘက်အဖွဲ့တွေ ပါဝင်ပါတယ်။

Credit -  RFA Burmese

 
 

No comments:

Post a Comment