ပါရီ။ ။ ပြင်သစ်နိုင်ငံ မြို့တော်ပါရီရှိ သတင်းစာတိုက်တစ်တိုက်အား
ဇန်နဝါရီ ၇ ရက်က မျက်နှာဖုံးစွပ် သေနတ်သမားများက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ
လူ ၁၂ ဦး သေဆုံးသွားပြီး သေနတ်သမားများ လွတ်မြောက်သွားကြောင်း သိရသည်။

အဆိုပါ သတင်းစာတိုက် အကြမ်းဖက် တိုက်ခိုက်ခံရမှုတွင် သေဆုံးသွားသူများအနက် လက်ထောက် အယ်ဒီတာချုပ်နှင့် သရော်ကာတွန်းများ ရေးဆွဲသည့် ကာတွန်းဆရာလေးဦး ပါဝင်သည်။
နောက်ဆက်တွဲ သတင်းများအရ အကြမ်းဖက် တိုက်ခိုက်သည့် သေနတ်သမား အများဆုံး ၃ ဦးဖြစ်နိုင်ကြောင်းနှင့် AK-47 သေနတ်များကိုင်ဆောင်ထားကြောင်း သိရသည်။ ၎င်းတို့သည် 'အလ္လာဟ်သည် ကြီးကျယ်မြင့်မြတ်သည်' 'တမန်တော်က အပြစ်ဒဏ်စီရင်ခဲ့ပြီ' ဟု အော်ဟစ်ကာ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Daily Mail တွင် ဖော်ပြသည်။
ပြင်သစ်နိုင်ငံ၏ ပထမဆုံး မွတ်စလင်သမ္မတအကြောင်း စိတ်ကူးပုံဖော်ရေးသားထားသည့် ၀တ္ထုကို ဇန်န၀ါရီ ၇ ရက်က ဖြန့်ချိခဲ့သည့်နေ့တွင် ယခုကဲ့သို့ တိုက်ခိုက်မှုဖြစ်ပွားရခြင်းဖြစ်သည်။
သမ္မတအိုလွန်းဒ်က နိုင်ငံအတွင်းရှိ ထိပ်တန်းဘာသာရေးခေါင်းဆောင်များနှင့် တွေ့ဆုံသွားမည်ဟု သိရသည်။
ယင်းတိုက်ခိုက်မှုအပြီးတွင် ဝတ်ပြုဆုတောင်းသည့်နေရာများ၊ စတိုးဆိုင်များ၊ သတင်းဌာနများ နှင့် သယ်ယူပို့ဆောင်ရေး လုံခြုံရေး တိုးချထားပြီး မြို့တွင်း၌ အမြင့်ဆုံး တပ်လှန်းထားသည်။
Charlie Hebodo သတင်းစာတိုက်သည် ပရောဖက်မိုဟာမက်၏ ကရေးကချားပုံများနှင့် အခြားကောက်ကြောင်းပုံများအား ဖော်ပြမှုဖြင့် မကြာခဏခြိမ်းခြောက် ခံခဲ့ရသည်။
ယခုဖြစ်ပွားသည့် တိုက်ခိုက်မှုသည် ပြင်သစ်နိုင်ငံတွင် ဆယ်စုနှစ် နှစ်ခုအတွင်း လူသေဆုံးမှုအများဆုံး အကြမ်းဖက်တိုက်ခိုက်မှုတစ်ခုဖြစ်ကြောင်း သိရသည်။
၂၀၁၁ ခုနှစ်အတွင်းကလည်း အဆိုပါ သတင်းစာတိုက်အား တိုက်ခိုက်ခြင်းခံခဲ့ရသည်။
Ref: BBC, Daily Mail
Credit - Mizzima News
No comments:
Post a Comment