အရင်တစ်ပတ်က မြေသိမ်းခံတောင်သူ များအရေး ချင့်တွေးနိုင်ကြ ဖို့ ဆောင်း ပါးရေး နေဆဲ အဆုံးမသတ်ခင် လက်ပံတောင်း တောင်ကြေးနီ စီမံကိန်း ဆန္ဒပြပွဲ ကို ရဲကနှိမ် နင်းပစ်ခတ်တဲ့အတွက် ဒဏ်ရာရသူရ၊ သေ သူသေဖြစ် တဲ့ သတင်းကြားရတာ အတော် စိတ်မချမ်းသာစရာ ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ ရေး လက်စဆောင်းပါးမှာ ဒီကိစ္စမှာ စိတ်မကောင်း ဖြစ်ရကြောင်းလောက်ပဲ ထည့်ရေးလိုက်ပြီး ထူးထူးထွေထွေ ပြန်ပြင်မရေးခဲ့ပါဘူး။
ဒါပေမဲ့ ဆောင်းပါးမပို့ခင်ကလေးမှာပဲ နဖူး တည့်တည့်မှန်ပြီး သေသွားတဲ့ ဟာကို သေနတ် မှန်ပြီးသေဆုံးကြောင်း အတည်မပြုနိုင်သေး ပဲ မှုခင်းဆရာဝန် အတည်ပြုချက်ယူရဦးမယ် ဆိုတဲ့ သတင်းဖတ်လိုက်ရလို့ ရင်ထဲအတော် ကလိ ကလိ ဖြစ်သွားပါတယ်။ ဒါပေမဲ့ သေ သူ့ကို အားနာတာနဲ့ပဲ ထည့်မရေးဖြစ် လိုက်ပါ ဘူး။ ဪ၊ ကိုယ်တို့နိုင်ငံ တိကျချက်များ နဖူးမှန်ပြီး နောက်ဘက် ပွင့်သွားတာတောင် ဆရာဝန်ဆေးစစ်ပြီးမှ အတည်ပြုနိုင်မယ် လို့ ဖြစ်မှဖြစ် ရလေလို့ တွေးမိတာပါ။ တကယ်တော့ သေနတ်ဒဏ်ရာကို (ရုပ်ရှင်ထဲ မှာဖြစ်ဖြစ်) မြင် ဖူးပုံရမယ်ထင်တဲ့ ရဲအရာရှိမင်းခမျာ အခုလို ပြောရရှာတယ် ဆိုတာကိုက ကိုယ့်နိုင်ငံရဲ့ ဒီနေ့ခေတ်ကို ထင်ဟပ်ချက်တစ်ခု ဖြစ်နေတာ ပါပဲ။ ဟုတ်တယ်လေ။ မြင်တိုင်း အတည်ပြု လို့ အရေးယူလို့ရတာမှ မဟုတ်တာ၊ မြင် ရင် မြင်တယ်မှတ်ပြီး သိမ်းထားရတာတွေ အများ ကြီးရှိခဲ့ဖူးမှာကိုး။
ဒီလို ခေါက်ရိုးကျိုးလောကကြီးထဲမှာ မှု ခင်းဆရာဝန်ကြီး ဒေါက်တာတင်နွယ် က “ဒီဒဏ်ရာဟာ သေနတ်ကျည် မှန်တဲ့ ဒဏ်ရာပဲ၊ တခြားတစ်ကိုယ်လုံးမှာ ဒဏ်ရာ မတွေ့ဘူး၊ ဒီဒဏ်ရာဟာ ဓားခုတ်တဲ့ဒဏ်ရာမဟုတ်ဘူး၊ တုတ်နဲ့ရိုက်တာ မဟုတ်ဘူး ... ကျည်ဆံက နဖူးမှန်တာပဲ”လို့ ပြတ်ပြတ်သားသား ပြော လိုက်တာ ကတော့ အားရစရာပါပဲ။ (ဪ၊ ကျွန်တော်တို့ဘ၀များ လုပ်ပေးရမယ့်တာဝန် ကို တိတိကျကျလုပ်ပေးသူဆိုရင်ပဲ အသိအ မှတ်ပြု ကျေးဇူးတင်နေ ရတာလေ)။ ကျေးဇူး ကတော့ တင်ရမှာပါ။
ဘာဖြစ်လို့လဲဆိုတော့ တာဝန်ရှိတဲ့အတိုင်း လုပ်ခွင့်မရအောင် နှစ် ပေါင်းများစွာ ပုံသွင်းခံထားရတဲ့ဝန်ထမ်းလော ကကြီးထဲမှာ ဒီလို တိတိကျကျလုပ်ရင်ပဲ အစိုးရ ကို ပုန်ကန်တာလိုလိုဘာလိုလို ဖြစ်နေ တာကိုး။ ပုံစံခွက်ထဲမှာ ယန္တယား တစ်ခုလုံး ကို ရိုက်သွင်းခံထားရတဲ့အခါမှာ ဒီအထဲက အစွန်း ထွက်နိုင်ဖို့ဆိုတာ လွယ်မှ မလွယ်ပဲလေ။ ဒီ နေရာမှာ ပုံစံခွက်ဆိုတာကလည်း အကောင်း အဆိုး ရှိနိုင်ပါတယ်။ တစ်ချိန်ကတော့ ကျွန် တော်တို့ ဝန်ထမ်းများဟာ ဒီမိုကရေစီ ပုံစံခွက် ထဲမှာ ပုံပန်းတကျ ရိုက်သွင်းခံရပြီး ကိုယ့်အ လုပ်ကို တိတိကျကျ မှန်မှန်ကန်ကန် လုပ်နေ သရွေ့ ဘာမှမဖြစ်ဘူးလို့ ယုံကြည်ခဲ့ကြဖူးတဲ့ တစ်ခေတ် ရှိခဲ့ ပါသေးတယ်။ (မြန်မာနိုင်ငံဆို တာ ကျောက်ခေတ်ကနေ ပဒေသရာဇ်ခေတ်၊ ပြီးတော့ ကိုလိုနီခေတ်၊ ဒီနောက် စစ်ကျွန်ခေတ် ၊ နောက်ဆုံး မှ ဒီ...ဒီ...ဒီ...အဲ...ဒီနေ့ ဒီမိုကရေစီခေတ် ဆိုတာကြီးကိုရောက် တာလို့ ထင်နေသူများ သတိပြုဖို့ ပြောချင်တာပါ)။
ဒီအဆိုကို သက်သေပြဖို့ အမှတ်ရတာ တစ်ခုကိုပြောရရင် ၁၉၆၂ ခု မတ်လ ၂ ရက် နေ့မှာ စစ်တပ်အာဏာသိမ်းတော့ အဲဒီကာလ က နိုင်ငံတော်သမ္မတကြီး စဝ်ရွှေသိုက်ရဲ့ ကိုယ်ရံတော်တပ်ဖွဲ့က ခုခံတဲ့အတွက် တိုက်ပွဲ ဖြစ်ပွားပြီး သမ္မတကြီးရဲ့ ၁၂ နှစ်အရွယ်သား ငယ် မြီမြီသိုက် ကွယ်လွန်သွား ခဲ့ပါတယ် ။ နောက်နေ့ မတ်လ ၃ ရက်နေ့မှာ မြီမြီသိုက် ရဲ့အစ်ကိုက ရန်ကင်းရဲစခန်းကို သွားပြီး အမှု သွားဖွင့်ခဲ့ပါတယ်။ ဒီအခါမှာ ရဲစခန်းက (အဲဒီ ခေတ်အခေါ်) ဂတ်စာရေးက ပထမသတင်း ပေးတိုင်တန်းချက် (FIR-First Information Report) ဖွင့်ပြီး အမှုလက်ခံခဲ့ပါတယ်။ ဒီနေရာ မှာ တပ်မတော်ကြီးက အစိုးရ တက်လုပ်ဖို့ အာဏာသိမ်းရင်း ပစ်လို့သေခဲ့တဲ့အမှုကို ရဲ က အမှုဖွင့်ပေးရဲတယ် ဆိုတာ ဒီနေ့အမြင်နဲ့ ဆိုရင် ဒီဂတ်စာရေးဟာ သတ္တိရှိလှချည်လား လို့ ထင် စရာပေမယ့် တကယ်တော့ အဲဒီ ဝန်ထမ်းက သူ့အသားကျ ပုံသွင်းခံထားရတဲ့ ဒီမိုကရေစီနိုင်ငံ ဝန်ထမ်းတစ်ယောက် လုပ်ရ မယ့်အတိုင်းလုပ်ခဲ့တာပါပဲ။
အဲဒီကာလ သူ့စဉ်း စားချက်က အက်ဖ်အိုင်အာ ဖွင့်ပြီးတဲ့နောက် တရားစွဲလို့ ရမရ ဆိုတာ သူ့အလုပ်မဟုတ်။ ဒါပေမဲ့ အမှုလာဖွင့်ရင် လက်ခံပေးဖို့က သူ့ အလုပ်ဖြစ်တယ်။ ဒါကိုလုပ်လို့ ဘာမှအန္တရာယ်မရှိ။ မလုပ်ရင်သာ သူ့တာဝန်ဖြစ် မယ်လို့ဖြစ် မှာ တွေးကြည့်၊ သိနိုင်ပါတယ်။ ဒါက အမှန် တရားပေမယ့် ဒီနေ့ ရဲစခန်းမှာ အမှုလက်ခံ မယ့် ရဲဝန်ထမ်းရဲ့အတွေးနဲ့ ဘယ်လောက် ကွာခြား သွားပြီဆိုတာ သိသာထင်ရှားလှပါ တယ်။ (ပုံထွက်ကွာတာဟာ ပုံစံခွက် ကွာလို့ ဆိုတာ မြင်စေချင်တာပါဗျာ)။
ဒီနေရာမှာ အဲဒီကာလက ဒီမိုကရေစီ နိုင်ငံကြီးရဲ့ တပ်မတော်အဖြစ် ပုံပန်း တကျထမ်း ဆောင်ခဲ့သူ တပ်မတော် သားတွေအနေနဲ့ရော ဒီပုံစံခွက်ထဲ အံမဝင် ခဲ့ဘူးလားလို့ မေးရင်တော့ သူတို့လည်း ဒီမိုကရေစီနိုင်ငံသား အလေ့အ ထ ပုံစံခွက်မှာ အဲဒီကာလက ရှိခဲ့တယ်ဆိုတာ မြင်ရတာတွေရှိပါတယ်။ ဥပမာ တစ်ခုပြောရ ရင် အထက်ဖော်ပြခဲ့တဲ့ကိစ္စမှာ မြီမြီသိုက်အ သုဘချတော့ အဲဒီ ကာလ တပ်မတော်ထိပ်ပိုင်း ခေါင်းဆောင်များနဲ့ ဖွဲ့စည်းထားတဲ့ တော်လှန် ရေးကောင်စီက လွမ်းသူ့ပန်းခွေ ပို့ပေးခဲ့ပါ တယ်။ ဒါဟာ ဒီမိုကရေစီနိုင်ငံရဲ့ တပ်မတော် သားများအနေနဲ့ ကိုယ်လုပ်ခဲ့တဲ့ ကိစ္စကနေ မ မျှော်လင့်ပဲဖြစ်သွားတဲ့ ဝမ်းနည်းစရာဖြစ်ရပ် ကိုစာနာပါကြောင်း၊ ဝမ်းနည်းပါကြောင်း တာ ဝန်သိစွာ ပြသဖို့လိုတယ်ဆိုတာ နားလည်ခဲ့ ကြောင်း ထင်ရှားပါတယ်။ သမိုင်းကိုပြန်ကြည့် ရင် နောက်ပိုင်း ဆဲဗင်းဂျူလိုင်ကစပြီး အလုပ် သမားအရေးအခင်း၊ ဦးသန့်အရေးအခင်းတို့ မှာ သေဆုံးဒဏ်ရာ ရသူများ အပြင် ဘုန်းမော် အရေးအခင်းမှာ ကျဆုံးခဲ့တဲ့ ကိုဘုန်းမော်နဲ့ ကိုစိုးနိုင် တို့အဆုံး အာဏာပိုင်များက ဝမ်း နည်းကြောင်း ပြောဖို့ဝေးစွ၊ အသုဘတောင် မိသားစုချည်းလုပ်ဖို့ ဖိအားပေးခဲ့တာတွေ၊ ငို တာတောင် လူမြင်အောင် မငိုခဲ့ရတာတွေ ရှိပါ တယ်။ ဒီနေရာမှာ တဖြည်းဖြည်း ပုံစံခွက် ပြောင်းပုံ ကို မြင်ကြည့်စေချင်တာပါ။
ဟော၊ အခုတော့ ဒေါ်ခင်ဝင်းသေဆုံးမှုမှာ တရုတ်ပြည်သူ့သမ္မတနိုင်ငံကြီး ကတောင် ဝမ်း နည်းကြောင်း ပြောဖော်ရသဗျ။ သတင်းဌာန တစ်ခုကဆို "မြန်မာအစိုးရက နှုတ်ပိတ်ရေငုံ လုပ်နေချိန်မှာ}လို့ ဖော်ပြတာကို ဖတ်လိုက် ရပါသဗျာ။ ဒေါ်အောင်ဆန်းစုကြည်က သူဦး ဆောင်ပါဝင်ခဲ့တဲ့ အကြံပေးကော်မရှင် အစီ ရင်ခံစာအတိုင်း အကောင်အထည်ဖော်ရေး ကော်မတီက တိတိကျကျ လိုက်နာဆောင် ရွက်ခြင်းမရှိလို့ အခုလိုဖြစ်ရတာလို့ ဆိုလိုက် သလို စစ်ကိုင်းတိုင်းဒေသကြီး အစိုးရဝန်ကြီး ချုပ် ဦးသာအေးကလည်း ဒါမှန်ကန်ကြောင်း ဝန်ခံလိုက်ပြီး ခြံစည်းရိုးခတ်တာကိုလည်း ရပ်ထားမယ်၊ သေဆုံးဒဏ်ရာရသူတွေ လည်း လျော်ကြေးပေးမယ်၊ စုံစမ်းစစ်ဆေးရေးကော် မရှင်လည်း ဖွဲ့ပြီးစစ်ဆေး သွားမယ်လို့တောင် ပြောပါတယ်။ ဒီလိုပဲ လူ့အခွင့်အရေးကော်မ ရှင်ကလည်း သူတို့ စုံစမ်းစစ်ဆေး သွားမယ် လို့ ပြောထားတာရှိပါတယ်။
လူ့အခွင့်အရေးကော်မရှင်က ဦးစစ်မြိုင် က ဆန္ဒပြသူများဘက်ကရော၊ တားဆီးနှိမ် နင်းသူများဘက်ကပါ ဥပဒေနဲ့ ညီဖို့လိုတယ် လို့ ပြောသံလည်းကြား လိုက်ရပါတယ်။ ဒါက တော့ မှန်တဲ့စကားလို့ ဆိုနိုင်ပါတယ်။ ဒါပေမဲ့ အပြောမှန် ရုံနဲ့မပြီး အလုပ်မှန်ဖို့က ပိုအရေးကြီး ပါလိမ့်မယ်။ ပြီးခဲ့တဲ့ ကိုပါကြီးအမှုမှာ လူ့ အခွင့်အရေးကော်မရှင်က စစ်ဆေးနေစဉ်မှာ Messanger ဂျာနယ် ပင်တိုင်ဆောင်းပါးရှင် “သော်နေဇော်(ဥပဒေ)”က “ကိုပါကြီးအမှုသည် လူ့အခွင့်အရေး ကော်မရှင်ကို စာမေးပွဲစစ် ခြင်းဖြစ်သည်” လို့ ရေးခဲ့ဖူးတာ ဖတ်ခဲ့ရပါတယ်။
အလောင်းဖော်ချိန်မှာ မေးရိုးပြုတ်၊ နံရိုးကျိုး နေတဲ့ ကိုပါကြီး ဟာ နှိပ်စက်ခံ ရခြင်းမရှိပါဘူး လို့ အဖြေထုတ်ပေးခဲ့တဲ့ လူ့အခွင့်အရေး ကော်မရှင်ဟာ စာမေးပွဲ အောင်သလား၊ ကျ သလား၊ အောင်ရင်ကော ဂုဏ်ထူးနဲ့ လား၊ မော်ဒရေးရှင်းနဲ့လား၊ ဆပ်ပလီနဲ့လား၊ ကျတယ် ဆိုရင်ကော ကပ်ပြီး ကျတာလား၊ ဖုန်းခနဲပြုတ် ကျသလား။ ပြည်သူ့အများ ရဲ့ နှလုံးသား ကို မေးကြည့် သင့်ပါတယ်။ အခု အရေးအခင်းမှာ စုံစမ်းစစ်ဆေးမယ်ဆိုတဲ့ လူ့အခွင့်အရေးကော် မရှင်ကို ပြည်သူတွေက အားကိုးယုံကြည်ပုံ မရရင်တော့ ကော်မရှင်သာ နစ်နာတာမဟုတ်ဘဲ အစိုးရရော၊ ပြည်သူရော၊ နိုင်ငံ ပါနစ်နာမှာပါ ပဲ။ ဒီအရေးအခင်းမှာ လူ့အခွင့်အရေး ကို ကာ ကွယ်သူ အဲလေ-လူ့အခွင့်အရေးကာကွယ် တဲ့ ကော်မရှင်ကြီးက ပြည်သူယုံကြည်မှုရ အောင် လုပ်ပြနိုင်စေချင်ပါတယ်။ အရေးကြီး တာကတော့ ဒီကော်မရှင်ကြီးဟာ အစိုးရက ရုပ်ပြဖွဲ့ထားတာ ဆိုတဲ့ ပြည်တွင်းပြည်ပ သံသ ယများကိုပျောက်အောင် လုပ်ပြဖို့ပါပဲ။
ဒေါ်အောင်ဆန်းစုကြည်ကတော့ အာဏာ ပိုင်တွေအနေနဲ့ ပြတ်ပြတ်သားသား အရေး ယူ ဆောင်ရွက်ရမှာဖြစ်ပြီး ပြေလည်ရေးကို ဦးတည်ရမှာ လို့ ပြောထား ပါတယ်။ ‘အသက် ရှင်ခြင်းထက် ပိုအရေးကြီးတဲ့အခွင့်အရေးရှိမလား’လို့ လည်း မေးခွန်းထုတ်ထားပါတယ်။ ဒီလို လက်နက်မကိုင်ထားတဲ့ ဆန္ဒပြပြည်သူ တွေကို ရက်ရက်စက်စက်သတ်ဖြတ်တဲ့အခါ ၁၉၈၈ အရေး အခင်း အစောပိုင်းကာလမှာ လှည်းတန်းမှာ ပစ်သတ်ခံရတဲ့လူငယ်လေး တစ်ဦး ရဲ့အလောင်းကို ကျောင်းသားတွေက စစ်တပ်နဲ့အပြိုင်လုပြီး ကားပေါ်တင်၊ လှည့်ပြ တဲ့နေ့ကို သတိရမိပါတယ်။ အဲဒီနေ့က ဘတ်စ် ကားတွေမရှိလို့ လမ်းလျှောက်ပြန်လာတဲ့ ကျွန်တော်ဟာ ကြေကွဲစရာမြင်ကွင်းကို မျက် နှာချင်း ဆိုင်တွေ့ခဲ့ရပါတယ်။ အဲဒီ ကာလက ကျွန်တော်က အင်းစိန်မှာအိမ်ငှားနေပြီး ကျွန် တော့် အိမ်ရှင်အမေကြီးရဲ့ ယောင်းမက မဆလ ပါတီဌာနချုပ် ဝန်ထမ်းဖြစ်ပြီး ကျွန်တော်နဲ့ နိုင်ငံရေးအမြင် မတူသူဖြစ်ပါတယ်။
လူငယ် လေးရဲ့အလောင်းကို မြင်ခဲ့ရပုံ အိမ်မှာပြန် ပြောတော့ သူက ကျွန်တော့် ကို ‘မောင်လေး ရေ၊ အဲဒီသေသွားတဲ့ကောင်လေးက ကျောင်း သား မဟုတ်ဘူးတဲ့၊ သူခိုး အလစ်သမား၊ က လေကချေလေးလို့ ပြောတယ်’ လို့ ဆိုပါတယ်။ ကျွန်တော်စိတ်တိုသွားပြီး ‘သူခိုးဆိုလည်း လမ်းပေါ်မှာ ဆန္ဒပြ ရုံနဲ့တော့ ပစ်သတ်ခွင့်မရှိ ဘူးအစ်မ’လို့ ပြောခဲ့တယ်။ ‘နောက်ဆုံး သူခိုးနေတာ မိရင်တောင် ရဲနဲ့ဖမ်း၊ တရားရုံး ပို့၊ ထောင်ချ၊ ဒါပဲလုပ်လို့ရမယ်၊ ပစ်သတ် လို့တော့ မရဘူး’လို့ ပြောလိုက်တော့မှ ပါးစပ်ပိတ်သွား တာလေ။ အခု ကိုယ်စိုက် ထားတဲ့ပဲခင်းယာခင်း ကို ဘူဒိုဇာနဲ့လာထိုးလို့ ဆန့်ကျင်ဆန္ဒပြရုံနဲ့ ပစ်သတ်ခံရတာကို ဘယ်လိုကျေနပ်နိုင် မှာ လဲ။ သေဆုံးသူကို ဝမ်ပေါင်က သိန်း၂၀၀ လျော်ပေးမယ်လို့ ပြောသလို စစ်ကိုင်းတိုင်း ဝန်ကြီးချုပ် ကလည်း သေဆုံးဒဏ်ရာရသူများ ကို လျော်ကြေးပေးမယ်လို့ ဆိုထားပြန်ပါတယ်။ အင်း၊ အဲဒီလိုသာ လျော်လို့ရတမ်းဆိုရင် ပြည်သူတွေ မမြင်ချင်တဲ့မျက်နှာတွေကို ဆန္ဒ ခံယူပွဲလုပ်ရွေးချယ်ပြီး တစ်ယောက် သိန်း ၂၀၀ နှုန်း ပြည်သူအများ စုပေါင်းပေးလျော်တဲ့ စနစ်တဲ့ ‘သတ်သေ’ခိုင်းလို့ ရရင် ကောင်းမယ် လို့ စဉ်းစားလိုက်မိပါသဗျာ။ (အမယ်၊ တချို့ ဆို မိသားစုလိုက် သိန်း ၈၀၀၊ ၁၀၀၀ တောင် ရနိုင်ကြမှာခင်ဗျ)။
အခုဖြစ်ရပ်ဟာ ရှေ့ကိုသွားနေပါတယ် ဆိုတဲ့ နိုင်ငံကြီးရဲ့ သိသာထင်ရှား စွာ နောက် ပြန်ဆုတ်တဲ့ပြယုဂ်ပဲလို့ ဝေဖန်ကြတာရှိပါတယ်။ ဒီတော့ ကျွန်တော် က တစ်ခုသတိရမိပါတယ်။ အဲဒါက ၁၉၈၈ ကနေစပြီး ဘ၀တွေအသက် တွေ ရင်းနှီးပြီး နိုင်ငံကြီးကို ဒီမိုကရေစီလမ်း ကြောင်းပေါ်မှာ ရှေ့ကိုဇွတ်တိုးအောင် တွန်း လုပ်ကြသူတွေဟာ ‘ပြည်ပအားကိုး ပုဆိန်ရိုး’ တွေပဲလို့ စွပ်စွဲရိုးစွပ်မှုကို တစ်ချိန်လုံး ခံခဲ့ကြ ရပါတယ်။ ဒီနေရာမှာ ‘ပုဆိန်ရိုး၊ ပုဆိန်ရိုး’ နဲ့ ပြောပြောနေကြတဲ့ ဒီစကားဘယ်လိုဖြစ် လာသလဲဆိုတာ မသိသူလည်း ရှိကောင်းရှိပါ လိမ့်မယ်။ တကယ်တော့ ဒီစကားဟာ သွား လေသူ ဗိုလ်ချုပ်ကြီးနေဝင်းက တောင်သူ လယ်သမားနှီးနှောဖလှယ်ပွဲမိန့်ခွန်းတစ်ခုမှာ ထည့်ပြောခဲ့တာဖြစ်ပါတယ်။ သစ်ပင်ကို ခုတ် တဲ့ ပုဆိန်ရဲ့အရိုး ပုဆိန်ရိုးဟာ သစ်ပင်က ထွက်တဲ့သစ်သားနဲ့ လုပ်ထားတာမို့ ကိုယ့်အမျိုး ပျက်စီးရာ ပျက်စီးကြောင်း လုပ်သူ၊ အမျိုးကို သစ္စာဖောက်သူများဟာ ပုဆိန်ရိုးလိုပဲလို့ တင် စားပြောခဲ့တာ ဖြစ်ပါတယ်။
ဒီနေရာမှာ ကျွန်တော်စဉ်းစားမိတာတစ် ချက်က ဒီခေတ်မှာ ပုဆိန်နဲ့ သစ်ပင်မခုတ်ကြ တော့ဘဲ စက်လွှနဲ့ပဲဆွဲကြတော့တာကိုး။ ဒါ ပေမဲ့ တိုက်ပွဲဖြစ် တဲ့အခါတော့ အေကေဖော် တီဆဲဗင်းတို့ ဘာတို့နဲ့ ဗုန်းသီးတပ်ပြီးပစ်လိုက် တဲ့အခါ သစ်ပင်တွေ အကိုင်းလိုက် ကျိုးကျ တတ်တာကို သွားမြင်ယောင် မိပါတယ်။ အင်း၊ အဲဒီလိုသစ်ပင်တွေကို တဝုန်းဝုန်း လဲကျစေ တဲ့ သေနတ်မျိုးရဲ့ ‘သေနတ်ဒင်’ ကလည်း သစ်သားနဲ့လုပ်တာပဲကိုး ခင်ဗျ။ ဟဲ၊ ဟဲ။
ဒီတော့ ပြည်ပအားကိုး ပုဆိန်ရိုး ဆိုတာကို ခေတ်နဲ့အညီ ပြင်လိုက်ရင် ‘ပြည်ပမျှော်မြင် သေနတ်ဒင်’ များ ဖြစ်နိုင်မလား မဆိုနိုင်ဘူး ပေါ့။ဒီတော့ အခုဖြစ်ရပ်မှာ တရုတ်ကလာတူး တဲ့ကြေးနီအတွက် မြန်မာလယ်သမားတွေရဲ့ လယ်ကို သိမ်းရာမှာ သဘောမတူလို့ လျော်ကြေး မယူတဲ့စိုက်ခင်းတွေကို ဘူဒိုဇာနဲ့ လာဖျက်၊ ဒါ ကိုမကျေနပ်လို့ ဆန္ဒပြသူတွေကို မြန်မာ ရဲက သေနတ်နဲ့ ပစ်လို့ သေရကြေရ၊ ဒဏ်ရာ ရရတာ ဆိုတော့ ဒါဟာ ပြည်ပ အကျိုးမျှော်မြင် တဲ့ ‘ပြည်ပမျှော်မြင် သေနတ်ဒင်’ပဲ ဖြစ်မှာပါပဲ။
ဒီတော့ ကျွန်တော်တို့အချင်းချင်း ‘ရှေ့ ကိုဇွတ်တိုး ပုဆိန်ရိုး’လို့ လက်ညှိုးထိုးသူ ထိုး၊ ‘နောက်ဘက်ဆွဲငင်၊ သေနတ်ဒင်’လို့ စွဲချက် တင်သူတင် ဖြစ်ကြ ရမယ့် အစား ကိုယ့်နိုင်ငံထဲ က ကိုယ်ပိုင်တဲ့ လယ်မြေကိုပဲ အသက်သွေး နဲ့လဲ ကာကွယ်နေရတဲ့အဖြစ်ကို ဝိုင်းဝန်းညှိ နှိုင်းဖြေရှင်းပေးမယ်ဆိုရင်တော့ ၂၀၁၅ ဟာ တကယ် မင်္ဂလာနှစ်သစ်အစစ် ဖြစ်ကောင်းဖြစ် နိုင်သားလို့ မရဲတရဲမျှော်လင့်ချက် စကား တစ်ဆင့်ပါးလိုက်ပါရစေ ခင်ဗျား။
Credit - The Ladies News Journal

No comments:
Post a Comment