မန္တလေး (မဇ္ဈိမ)။ ။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပညာရေးကွန်ရက်၏ အခမဲ့ ပညာဒါနကျောင်းများ ရန်ပုံငွေအတွက် Iron Cross
တေးဂီတအဖွဲ့က မေတ္တာဖြင့် ဖျော်ဖြေမည်။
တေးဂီတအဖွဲ့က မေတ္တာဖြင့် ဖျော်ဖြေမည်။

အမျိုးသား
ဒီမိုကရေစီအဖွဲ့ ချုပ် ပညာရေးကွန်ရက် (၄) နှစ်ပြည့် ရန်ပုံငွေရှာဖွေရေး
ဂီတပွဲတော် ကျင်းပရန် (အထက်မြန်မာပြည်) သတင်းစာရှင်းလင်းပွဲကို ၂၀၁၅ ခုနှစ်
ဇန်န၀ါရီလ ၆ ရက် ညနေပိုင်းက မန္တလေးမြို့ ၂၆ လမ်းရှိ ပဒုမ္မာ ခန်းမတွင်
ပြုလုပ်စဉ်။ (ဓာတ်ပုံ-ဘိုဘို၊မဇ္ဈိမ)
အဆိုပါ ရန်ပုံငွေဂီတ ဖျော်ဖြေပွဲကို ဇန်နဝါရီ ၁၄ ရက်တွင် Mandalay Hill Resort Hotel တွင် ပြုလုပ်သွားမည် ဖြစ်သည်။
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၊ ပညာရေးကွန်ရက် လေးနှစ်ပြည့် အထိမ်းအမှတ် ပညာဒါနကျောင်းများ (အထက်မြန်မာပြည်) ရန်ပုံငွေ ဂီတဖျော်ဖြေပွဲနှင့် ပတ်သက်၍ ဇန်နဝါရီ ၆ ရက် နေ့လယ် ၃ နာရီတွင် ၂၆ လမ်းရှိ ပဒုမ္မာခန်းမတွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD)ပညာရေးကွန်ရက်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖြိုးမင်းသိန်းက “မန္တလေးမှာ လုပ်တာကတော့ ပထမအကြိမ်ပါ။ ကျွန်တော်တို့ အဖွဲ့ချုပ် ပညာရေးကွန်ရက် လေးနှစ်ပြည့်အနေနဲ့ လုပ်တာပါ။ လက်မှတ်ရောင်းပြီး ရန်ပုံငွေရှာမယ်။ ပွဲအတွင်းမှာ အလှူခံဌာနတွေ ဖွင့်သွားမယ်” ဟု ၎င်းက ပြောသည်။
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၊ ပညာရေးကွန်ရက် လက်အောက်ရှိ ပညာဒါနကျောင်းပေါင်း ၂၀၀ ကျော်တွင် ဆရာ၊ ဆရာမ ၂,၀၀၀ ဦးနှင့် ကျောင်းသူ၊ ကျောင်းသား ၂၀,၀၀၀ ခန့် ပညာသင်ပေးလျက် ရှိသည်။
ပွဲဖြစ်မြောက်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးတင်ထွဋ်ဦးကလည်း “ပညာရေးစနစ်ကို ပြုပြင်ပြောင်းလဲရမယ်။ တတ်နိုင်တဲ့သူက ပညာကို ငွေကြေးနဲ့ လုပ်တယ်။ သာမန်လူအတွက် ပညာသင်ဖို့က အတော်ရုန်းကန်နေ ရတယ်။ အခြေခံလူတန်းစား အတွက်ကတော့ ကြမ်းတမ်းစွာ ရုန်းကန်ရတယ်။ ဒါကြောင့် ကျွန်တော်တို့ရဲ့ အခမဲ့ပညာဒါနဟာ မိဘတွေရဲ့ ပညာရေးနဲ့ပတ်သက်တဲ့ ဝန်ထုတ်ဝန်ပိုး ဖြစ်နေတာတွေ ကို လျှော့ပေးနိုင် အောင်လို့ပါ” ဟု ပြောသည်။
အထက်မြန်မာပြည်တွင် ပညာဒါန ကျောင်းပေါင်း ၉၀ ကျော်ကို ထောက်ပံ့နိုင်ရန် ရန်ပုံငွေဂီတဖျော်ဖြေပွဲများ ပြုလုပ်ခြင်း ဖြစ်သည်။ နှစ်စဉ် ပညာသင် ထောက်ပံ့ကြေးပေးနေရသူ ၁၁၄ ဦးရှိပြီး မူလတန်းနှင့် အလယ်တန်း ကျောင်းသား တစ်ဦးလျှင် ကျပ် ၁၀,၀၀၀၊ အထက်တန်းကျောင်းသား တစ်ဦးလျှင် ကျပ် ၃၀,၀၀၀ နှင့် တက္ကသိုလ်ကျောင်းသား တစ်ဦးလျှင် ကျပ် ၅၀,၀၀၀ လစဉ် ထောက်ပံ့ပေးလျက် ရှိသည်။
အဆိုပါ ဂီတဖျော်ဖြေပွဲနှင့် ပတ်သက်၍ ရန်ပုံငွေရရှိမှုကို ဇန်နဝါရီ ၁၅ ရက်တွင် သတင်းစာ ရှင်းလင်းပွဲ ပြု လုပ်ပေးမည် ဖြစ်သည်။
Credit - Mizzima News
No comments:
Post a Comment