‘မရှိတော့ဘူး။ သွားရှာပြီ’ လို့ အကြိမ်ကြိမ် အခါခါ ကောလာဟလတွေ ပလူပျံလာခဲ့ပြီးမှ ‘ပေတစ်ရာဆီ လျှောက်ပါလို့ မြင်သလောက် ပြ လိုက်ချင် ပါသည်’ ဆို တုံးကျော်မ လုပ်လုပ် ပြတဲ့အခါ ပွဲခံမလို့ပြင်တဲ့ သူတွေမှာသာ ခဲလေ သမျှ သဲရေကျရသတဲ့။ ဘာပဲပြောပြော သူ့အပေါ် လူတွေက ဘယ်လောက်မေတ္တာထား ကြမှန်းကို သဘောထား ဖော်ထုတ်ခွင့် ရတာ ပေါ့လေ။ ဒါတောင်မှပဲ အငြိမ့်ထဲက လူပြက် ကြီးတွေ ပြက်လုံး ထုတ်သလို ခါးပုံစကြီးပိုက် ငိုပြတဲ့သူတွေကလည်း ရှိသေး။
မရှိတော့ရင် ဆက်ခံရမယ့်သူတွေက ‘အသေစောလို့ နှမြောလှချည်ရဲ့’ လို့ မျက်ရည် လေး စမ်းစမ်း စမ်းစမ်းလုပ်နေရင် ကူငွေမျှော် နေသေးလို့ပဲ ဖြစ်ရမယ်။ မျက်လုံးကဖြင့် ကျီး ကန်းတောင်းမှောက်နဲ့ အိမ်အောက်က ခွေး သားအုပ်မတောင် ဘယ်နှစ်ကောင်စီ ယူရမလဲ ခွဲတမ်းချပြီးနေပြီ။ သည်အကွက်တွေက ကိုယ် မှ မဟုတ်ဘူး ကာယကံရှင် ကိုယ်တိုင်လည်း သဘောပေါက်တယ်။ သူ့ရှေ့က သွားနှင့်သူ တွေဟာ သူ့လောက်တောင် ဆုတ်ကွက်ဆင် ချိန်မရဘူး။ လူတွေက အာဏာသိမ်းတယ်ဆို ၆၂ နဲ့ ၈၈ ပဲ ပြေးမြင်တာ။ သူတို့ အချင်းချင်း ထဲမှာ အတွင်းကျိတ် အာဏာသိမ်းခဲ့တာ မရှိ ခဲ့ဘူးလို့ ပြောနိုင်သလား။
ဥက္ကဋ္ဌကြီးဟာ သူ့တပည့်တွေကို အာဏာသိမ်းခိုင်းလိုက်ပြီးတဲ
ဒီလိုနဲ့ သူ့အာဏာတွေဟာ ဖိတ်ချင်းဖိတ် သူ့အိပ်ထဲပဲ ပြန်ဖိတ်သွားပြန်တယ်။ ဒါပေမဲ့ သူ့တပည့်တွေဟာလည်း အာဏာကို လက်ပူ အောင် ကိုင်လိုက်မိပြီးတဲ့နောက် သူဆွဲနေတဲ့ ကြိုးတွေကို တစ်ပင်ချင်း ဖြတ်တောက်ပြီး ကိုယ့်အာဏာကိုယ် ထူထောင်ဖို့ ကြိုးစားခဲ့တာ ပဲ။ တပည့်တွေက တစ်ဗိုလ်တစ်မင်းဆိုတော့ မြင်းကို ရထားနဲ့ထိန်း၊ ရထားကို ရဲတိုက်နဲ့ထိန်း၊ နောက်ကနေ တစ်ယောက်ကိုတစ်ယောက် မလှုပ်နိုင်အောင်ထိန်းဖို့ သူကတော့ ထောက် လှမ်းရေးကို အားကိုးခဲ့တယ်။ ပန်းစိုက်သမား ကြီးရဲ့ ပါဝါတွေဟာ သူကအရှင်မွေးခဲ့လို့ နေ့ ချင်းကြီးလာခဲ့တယ်။ လူဆိုတာ သေမျိုးဆိုတော့ သေမင်းနဲ့တော့ ဇယားရွှေ့လို့ ဘယ်ရမလဲ လေ။ သူ့ရဲ့ နောက်ဆုံးအချိန်တွေအထိ သူ့ လက်ထဲ အာဏာတွေ ကျန်၏၊မကျန်၏ ဘယ် သူမှ အတတ်မပြောနိုင်ဘူး။ အသုဘတော့ ကျိတ်ငို ကျိတ်ချလိုက်ရတယ်။ သားတွေ မြေး တွေလည်း ထောင်ထဲရောက်ကုန်တယ်။
အစတုန်းက သူ့အလိုကျ ဆွဲတိုင်းကရတဲ့ ရုပ်သေးကလေးတွေဟာလည်း သူမရှိတော့ တဲ့နောက် ကိုယ့်နည်းကိုယ့်ဟန်နဲ့ ဆက်က ကြတဲ့အခါ အချင်းချင်း စင်ပြိုင်ကလေးတွေ ဖြစ်လာကြတယ်။ အပြိုင်အဆိုင်ရှိတော့ တိုး တက်တာချည်းပဲတော့ မဟုတ်ဘူး။ ထိုးနှက် တာတွေလည်း ပါလာတာပေါ့။ ဘရွှေကြီးလက် အောက်မှာ ဖိန့်ဖိန့်တုန်ရတဲ့ အတွင်းရေးမှူး ၃ ယောက် ထားဖူးတယ်။ အိမ်ရှေ့မင်းသား ရာ ထူးဆိုပါတော့။ အခု တစ်ယောက်မှ မရှိတော့ ဘူး။ တန်ခိုးထွားလွန်းတဲ့ တိုင်းမှူးကြီးတွေ၊ ဝန်ကြီးတွေ တစ်ယောက် ပြုတ်သွားလိုက်၊ နောက်လူတွေ တက်သိမ်းလိုက် လုပ်လာခဲ့ တာဟာ အတိုက်အခံပါတီရဲ့ ထိုးနှက်ချက် ပယောဂ နည်းနည်းလေးမှ မပါပါဘူး။ သူတို့ အချင်းချင်း အားပေးစကားပြောတဲ့ ဘယ်သူ ခွဲခွဲ တို့မကွဲ အမြဲစည်းလုံးမည်ဆိုတာ သူများ ကလာ သွေးခွဲတာကို ပြောတာမှ ဟုတ်ရဲ့ လားမသိ။
တကယ်တမ်းကျတော့ အာဏာဆိုတာ မီးလိုပူတာပဲ။ ကိုယ့်အိမ်ကိုယ်နေရင်းလည်း ရှေ့တန်း စစ်မြေပြင်လို အန္တရာယ်ရှိတယ်။ ကိုယ်အသက်ပေးပြီး ကာကွယ်ထားခဲ့တဲ့ ရဲ ဘော် ရဲဘက်တွေကလည်း နောက်ကျောကို ဓားနဲ့ထိုးမယ့်သူ ဖြစ်ချင်ဖြစ်နေတတ်တယ်။ ဘယ်သူ့ကိုမှ မယုံရဘူး။ ဆရာဝန်က ဆေး ပေးရင်တောင် ‘မင်းအရင် သောက်ပြ’ ဆိုတဲ့ အမျိုး။ သူများကို ဆေးထိုးလာတဲ့သူမို့ သူ့အလှည့်ကျ ဆေးထိုးခံရမှာကိုလည်း သိပ် ကြောက်တာ။ လဂျားယန်က စစ်ဘေးဒုက္ခ သည်တွေမှ အသက်ကို ဖက်နဲ့ထုပ်ထားတာ မဟုတ်ဘူး။ သူတို့လည်း သူတို့အသက်ကို အိုးမကွာအိမ်မကွာ ဖက်နဲ့ထုပ်ထားရတာပဲ။
အာဏာလက်ရှိ လူကြီးသမီးပျိုများဟာ လည်း လင်ကောင်းသားကောင်းရဖို့ ခဲယဉ်း တယ်။ အချင်းချင်း စပ်ဟပ်ပေးစားမှ သာဆိုး ရော။ ဒူးနဲ့ မျက်ရည်သုတ်တာတောင် အသံ မထွက်ဝံ့တဲ့ဘ၀။ မင်းသမီးမော်ဒယ်တွေကို စပွန်ဆာပေးတဲ့သူ မဟုတ်ရင် သူငယ်မွေးစားတဲ့သူ ဖြစ်နေလိမ့်မယ်။ သည်အသိုင်းအဝိုင်း ထဲ ကျင်လည်ဖို့ ချိုကုပ်ရှိရာ ချိုထောင်မလာ ဘူး။ သားမက်တော်ထားပြီးရင် ဖေဖေ မပြုတ် မချင်း ဘယ်သူကမှ ကွာမပေးဘူး။ သူတို့ လောက် အမ်းနိုင်တာ သူတို့ပဲရှိတယ်။ သူတို့ ကို ဘယ်သူမှ မနိုင်။ အာဏာကို ဖက်တွယ် ထားနိုင်မှ ကိုယ့်သားကိုယ့်မယား ကောင်းစား မယ်လို့ ထင်နေတာဟာ တကယ်တော့ မှား တယ်။ စည်းစိမ်ယစ်မူး ပျက်စီးတဲ့သူက ပိုများတာ။ ချမ်းသာတာကတော့ အရိမေတ္တယျဘုရား ရှင်ပွင့်တဲ့ ထိတောင် စားမကုန်ဘူးမှတ်ရ။ ဘာမှမလုပ်ဘဲ ထောင်ကထွက်ရင် အကြီးဆုံးဘဏ်ကို ကောက်ဝယ်ပ လိုက်လို့ရတယ်။
သည်အခြေအနေကိုရောက်ဖို့ သူတို့ ဖေဖေ ရင်းနှီးပေးဆပ်ခဲ့ရတာတွေက နှလုံးသား အရင်းအနှီး သက်သက်တော့ မဟုတ်ပါဘူး။ တစ်ဘ၀လုံးစာ ရင်းခဲ့ရတယ်။ တချို့များဆို သည်တစ်ဘ၀အတွက်နဲ့ တစ်သံသရာလုံးစာ ရင်းရရှာတယ်။ မစင်တွင်းထဲမှာ ထိပ်ဆုံးက ရွစိရွစိတက်လာနိုင်ဖို့အတွက
ဒါတွေ အကုန်စင်လို့လည်း မဝင်သေးဘူး။ No စာရင်းပြီးရင် Yes စာရင်း ရှိသေးတယ်။ ဘယ်သူနဲ့ ဘာတော်သလဲ။ ဘွဲ့ရသလား။ မိန်းမကကော ပညာတတ်ရဲ့လား။ (ဆရာဝန်မ ဆို အမှတ်တက်သတဲ့။) ပညာတတ်ရုံနဲ့ မပြီး ဘူး။ ကတော်တွေအိမ်ဘက် အဝင်အထွက် ညက်ရဲ့လား။ ဘာကြီးဖြစ်နေနေ။ ထမင်းချက် ဈေးဝယ် ကလေးထိမ်း သနပ်ခါးသွေးတော့ ဝင်လုပ်ရမှာပဲ။ ချစ်လေးကို မမပေးမယ့် အ မှတ်မပါရင် မောင်စာမွဲမအောင်နိုင်ဘူး။ လေး လပတ် အဝင်အထွက် မြို့တော်ရင် ရွာတော် ရင် စားတော်မတိုက်ရင် ရိုးရာက ကိုင်တတ် သေး။ စစ်ထွက်ပွဲ စစ်ပြန်ပွဲ၊ ထိန်ခုတ်ပွဲ ယုန် လိုက်ပွဲတွေမှာ ကန္နားကြီးငယ်မှ မခင်းနိုင်ရင် တစ်သက်လုံး အပြင်စည်းထဲကသာ ခစားတော့။ သူတို့ရှာရတာ သားကျွေးမှု မယားကျွေးမှုတင် မကဘူး။ လက်အောက်ငယ်သား ဝေစားမျှ စား၊ လူကြီးသူမတင်မြှောက်ပသဖို့ပ
အဲသည် အရည်အချင်းတွေနဲ့ ပြည့်စုံရင် အရေးအကြီးဆုံး လိုအပ်ချက်တစ်ခု ရှိသေး တယ်။ အဲ့ဒါက အထက်မှာ ကိုယ့်ကို မစမယ့် ဆရာသမားတစ်ယောက် ရှိကိုရှိရမယ်။ ဆရာ မ မ ငပိဖုတ်တောင် မီးမ၀တဲ့။ လူကြီးသဘော ကျစေဖို့ကတော့ ဘာမှမခက်ပါဘူး။ မောင်ရစ် တုန်းက လုပ်တဲ့ အနားရှိတဲ့သူ ထထောင်း တာကမှ အခန့်မသင့်ရင် သူ့လူထောင်းမိပြီး ကွာတားကျဖို့နီးသေး။ လွတ်လွတ်ကင်းကင်း ဟိုဘွားတော်ကြီးသာ အားရပါးရ ထွက်ထွက် ထောင်းပြလိုက်။ ဆုတော်လာဘ်တော်တွေ ကို စည်နေမှာ။ (မယုံမရှိနဲ့။ သူ့ထောင်းပြီး ကောင်းစားသွားတဲ့သူတွေ ပေါမှပေါ) တိုက် ခိုက်ရေး စွမ်းရည်ဆိုတာ နောက်တန်းကလည်း ပြလို့ရပါတယ်။ ကိုယ့်ဆရာသမားစိတ်ထဲမှာ ]သည်ကောင်ဟာ ငါသေဆို သေ ရှင်ဆိုရှင်၊ ငါ့လူ ငါ့ဘက်သားစစ်စစ်} လို့ ယုံကြည် စိတ် ချထားပြီးသားဖြစ်ရမယ်။ ဒါမှသူသွားရင် သူ့ နေရာမှာထားခဲ့ပြီး နောက်ကွယ်က ဆက်ကြိုး ကိုင်လိုက်မယ် လို့ မူလလက်ဟောင်း သိုင်း ကွက်ကြီးကို ပြန်ထုတ်သုံးလိမ့်မယ်။
ခုတော့ ပြောရင်းဆိုရင်း ပဋိစသမုပတ် စက်ရဟတ်ကြီး တစ်ပတ်လည်လာပြန်ခဲ့ပြီ။ ကြိုးကိုင်သူ ဘွရှင်ကြီးက သေခမူနာသရော ၌တည်းလို့ သတင်းတွေက ထွက်လာပြီ။ နောက်ကွယ်က ကြိုးတွေ လျော့ရဲရဲဖြစ်လာလို့ အရုပ်ကလေးတွေ ကြိုးရှုပ်စပြုလာပြီ။ ဗေဒင် အလိုအရ မင်းပြောင်းမင်းလွဲဆိုတာ ငါးနှစ် တစ်ခါ ရွေးကောက်ပွဲပြီးမှ မဟုတ်ပဲကိုး။ တစ် ယောက်တက်လာ အာဏာထူထောင်ဖို့ ကြိုး စား၊ ဆင်းချိန်နီးတော့ နောက်ကွယ်က ကြိုး ကိုင်စရာ မီးသေတဲ့တပည့်ရှာ၊ သူသေတော့ အာဏာအမွေတွေခွဲကြ။ သည်ဇာတ်လမ်းကြီး မြင်ဖူးပါတယ် မှတ်နေ။ ကိုယ့်မျက်စိအောက် တင် ကလာတာ တစ်ကျော့ နှစ်ကျော့တေး ကိုသီ ဖြစ်နေပေါ့။
သည်ဆိုးကျော့သံသရာ (Vicious Cycle) ကြီးကို ရောက်တဲ့နေရာက အမြစ်ဖြတ်နိုင် အောင် ဘယ်လိုလုပ်ရပါ့မလဲလို့ စဉ်းစားကြည့် တဲ့အခါ အခုလာမယ့် ၂၀၁၅ ရွေးကောက် ပွဲကြီးမှာ NLD ကို တစ်ခဲနက် မဲပေးလိုက်ကြဖို့ပဲ ရှိတယ်။ ဒုတိယဘုရားသခင်ကို မျက်စိမှိတ် ကိုးကွယ်နေတဲ့ ဒီမိုသာဝကကြီးလည်း မဟုတ် ဘူး။ လက်ရှိအခြေအနေမှာ အဲသလိုမဖြစ်မနေ NLD ကို မဲပေးအောင် လောဆော်နေ တာ သူ့ပါတီက လူတွေ ထင်လို့လား။ အခု လက်ရှိ အာဏာရနေတဲ့ ကြံ့ဖွံ့ပါတီနဲ့ ဘောင်း ဘီချွတ်အစိုးရ ကိုယ်တိုင်ပဲ။
ကိုပါကြီးကိစ္စတွေ၊ ဒေါ်ခင်ဝင်းကိစ္စတွေ၊ နေ့စဉ်နဲ့အမျှ ဒုက္ခကြီးစွာ အလုပ်သွားအလုပ် ပြန် ကားစီးကြရတဲ့ ရန်ကုန်သူ၊ရန်ကုန်သား တွေရဲ့ စိတ်ဆင်းရဲမှု၊ လခတိုးပေးမယ်လို့ သတင်းတွေ လွှင့်လွှင့်ပြီးတဲ့နောက် လခက တကယ်မတိုးဘဲ ဈေးတွေကသာ ပြန်မဆင်း တမ်း တက်တက် ကျန်ရစ်ခဲ့တာတွေ၊ မြေ သိမ်းယာသိမ်း ပြဿနာ၊ ဖြစ်ခဲ့ဖြစ်ခဲ့ ပြီးသမျှ သော ပြဿနာပေါင်း သောင်းခြောက်ထောင် ကို နောက်ထပ် မကြုံချင်ဘူးဆိုရင် ဒေါ်စုကို အဖော်ပြုရုံမှတစ်ပါး အခြားမရှိပြီ။ သွားစရာလမ်း က သည်တစ်လမ်းတည်း ရှိနေတာ သွားတွေ့ တယ်။
၁၉၉၀ ခုနှစ် ရွေးကောက်ပွဲတုန်းက NLD က တစ်ခဲနက် အနိုင်ရသွားတာဟာ လက်ရှိအစိုးရအပေါ်မှာ ပြည်သူလူထုရဲ့ အထွေထွေ မကျေနပ်မှုတွေနဲ့ ဆွမ်းကြီး ဝိုင်းလောင်းလိုက် တဲ့ အတွက်ကြောင့်ပါတဲ့။ အဲ့ဒီတုန်းက အ ဖြစ်အပျက်မျိုးဟာ အခုလည်း တစ်ပတ်ပြန်လည် လာပြန်ပြီ။ အခုသက်တမ်း ငါးနှစ်ကာလမှာ အရင် အစိုးရအဖွဲ့က လူတွေ ယူနီဖောင်းချိန်း ပြီး ဆက်အုပ်ချုပ်နေခဲ့စဉ်အတွင်း
ကြံ့ဖွံ့ကို မဲမပေးချင်ရင် NLD တစ်ခုတည်း ရှိတာတော့ မဟုတ်ပါဘူး။ တခြား မဲပေးစရာ ကြိုက်ရာရာပါတီတွေ ရွေးလို့ရသားပဲ။ ဒါပေမဲ့ ကိုယ်ကြိုက်ရာပါတီကို ကိုယ်ကိုယ်တိုင် ရွေးပြီး ပြည်သူက တင်မြှောက်သော အစိုးရတစ်ရပ် ရလာဖို့ အတွက် ၂၀၁၅ မှာတော့ NLD ကိုပဲ တစ်ခဲနက် မဲပေးမှ ရမယ်။ လောလောဆယ် အတိုက်အခံဘက်မှာ သူပဲ အင်အားအကြီးဆုံး ရှိနေပြီး အတိုက်အခံဘက်ကမဲတွေ ဟို တကွဲ သည်တကွဲဖြစ်ကုန်ရင် ဘယ်သူမှ အ ရာမရောက်ဘူး။ ဟိုဘက်က အစိတ်သား အ လေးခိုးထားပြီး သားလည်း ရှိနေတယ်။
ဒါကြောင့် သည်တစ်ခါ NLD ကိုပေး မယ့်မဲဟာ ဒေါ်စု သမ္မတဖြစ်ဖို့ မဟုတ်ဘူး။ ပင်နီတွေ စင်ပေါ်ရောက်ဖို့မဟုတ်ဘူး။ အမြစ် တွယ်နေတဲ့ စစ်အစိုးရကို ‘ပြည်သူ ဆိုတာ သူ တို့လုပ်ချင်တိုင်း လုပ်လို့ရတဲ့ တစ်ဆင့်နိမ့်လူ သားတွေ မဟုတ်ဘူး’ လို့ အကြောင်းသိအောင် ပြနိုင်ဖို့ အဲသည် မဲကို ပေးရမယ်။ နောင် ကျမှ NLD မကလို့ သူ့ဘိုးအေကြီးပဲလာလာ ကိုယ် မကြိုက်ရင် ဖြုတ်ချလို့ ရတယ် ဆိုတဲ့ စနစ်တစ်ခု ကို အရင် အသက်သွင်းရမှာ။ အခုလူတွေ တက်ရင် အပေါ် မှာပြော ခဲ့တဲ့ သံသရာပဲ ဆက် လည်ဦးမှာ။ ဖြုတ်ချဖို့နေနေသာသာ ကိုယ့် အသက် အိုးအိမ် စည်းစိမ်တောင် အကာအ ကွယ်မရှိဘူး။ သူတို့ကို မတွန်းလှန်နိုင် ဘဲ သည်မြေပေါ်မှာ ရပ်တည်ရှင်သန်ချင်ရင် ရွေး စရာ နှစ်လမ်း ပဲ ရှိတယ်။ ထားရင်နေ၊ သတ် ရင်သေ၊ စေလျှင်မဆိုင်း ပြားပြားဝပ်နေမလား။ ဒါမှမဟုတ် သူတို့ရဲ့ လက်ကိုင်တုတ်အဖြစ် ကိုယ်တိုင်စက်ဆုပ်ခဲ့ဖူးသော
ကိုယ်တို့တိုင်းပြည်က လူတွေဟာ ထုံန ပေဂြိုဟ်သားတွေနဲ့ သိပ်တူတာပဲ။ ရခိုင်တွေ ကို ဘင်္ဂါလီသတ်လို့ရှိရင်လည်း ‘အရီးပါးစပ်က ရီးက ဇာဖရိုက်လို့ ပိတ်နီစွာလဲ’ လို့ ရန် ထောင်တယ်။ လက်ပံတောင်းမှာ ဒေါ်ခင်ဝင်း သေတော့ လည်း ‘သူရေးတဲ့ အစီရင်ခံစာကြီးကမှ အသက်မဝင်တာ’ လို့ အပြစ်တင်ပြန် တယ်။ မတရားမှုတစ်ခုခု ဖြစ်လာတိုင်း ခလုတ် ထိမှ အမိတရမယ့်အစား ‘အမေ့ကြောင့် အ မေ့ကြောင့်’ လို့ ပိန္နဲပင်ဆွဲဆွဲထည့်တယ်။ အဲသလို တတပြီး အားကိုးနိုင်ဖို့ အမေ့ကို နေရာရအောင် ကြိုးစားရမယ်လို့ သဘော မပေါက်ဘူး။
မချစ်တဲ့သူချင်း အတူတူဆို ‘လမ်းခင်းပေးမယ် ပိုက်ဆံချေးမယ်။ ဆေးရုံက ဆရာဝန်တွေခေါ်ပြီး ဆေးအလကား လိုက်ကုပေးမယ်’ ဆိုတဲ့ ဆေးမြီးတို သမားတွေ ကို အောင့်ကာနမ်းမယ့်အစား ‘ဒါတွေဟာ အစိုးရက လုပ်ကိုလုပ်ပေး ရမယ့် အလုပ်တွေ၊ ပြည်သူအတွက် အလုပ်လုပ်မပေးတဲ့ အစိုးရ ပြည်သူကို အကာအကွယ်မပေးတဲ့ အစိုးရကို ပြည်သူက ပြန်ဖြုတ်ချခွင့်ရှိရမယ်’ ဆိုတဲ့သူ ကိုပဲ အောင့်ကာနမ်းဖို့ မကောင်းပါလား။
တစ်သက်နဲ့တစ်ကိုယ် NLD ကို မဲဆွယ် ပေးဖို့ နည်းနည်းလေးမှ မရည်ရွယ် ပါဘူး။ အဲဒီပါတီက လူတွေနဲ့လည်း ဘယ်သူနဲ့မှ အဆက်အသွယ် မရှိဘူး။ NLD နိုင်သွားလို့ တိုင်းပြည်ကြီး မိုးပျံသွားမယ်ဆိုတာ လုံးဝ သံသယ မရှိဘူး။ ဖြစ်ကိုမဖြစ်နိုင်မှန်းသိပြ

No comments:
Post a Comment