ရန်ကုန် (မဇ္ဈိမ) ။ ။ ဗိုလ်ချုပ်အောင်ဆန်း ရာပြည့်မွေးနေ့ကို
ဗိုလ်ချုပ်အောင်ဆန်း၏ ဇာတိမြို့ဖြစ်သည့် နတ်မောက်မြို့တွင် ဖေဖော်ဝါရီလ ၇
၇က်မှ ၁၃ရက်အ ထိ အနုပညာရှင်များနှင့်အတူ စည်ကားသိုက်မြိုက်စွာ
ကျင်းပသွားမည်ဟု ပွဲဖြစ်မြောက်ရေးကော်မတီ နတ်မောက်မြို့ နယ်အသင်း
ဘဏ္ဍာရေးမှူး ဦးထွန်းညွန့် ကမဇ္ဈိမ ကိုပြောသည်။

ယင်းဖျော်ဖြေပွဲကို ဖေဖော်ဝါရီ ၇ ရက်တွင် မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်မှ ဖွင့်လှစ်ပေး မည်ဖြစ်ပြီး ကလေးများကဗျာ ရွတ်ပြိုင်ပွဲများ၊ မိန့်ခွန်းပြော ပြိုင်ပွဲ များနှင့် မန္တလေးစိန်သစ်လွင် မင်္ဂလာဆိုင်းအဖွဲ့မှ ဖျော်ဖြေ မည်ဖြစ်ပြီး ဖေဖော်ဝါရီလ ၈ ရက်တွင် ကဗျာချစ်သူများ အသင်း (PNL)မှ ကဗျာရွတ် ဆိုမည်ဖြစ်ပြီး ယင်းနေ့၌ ခြင်းလုံးသရုပ်ပြပွဲများ၊ သွင်သစ် ဆိုင်းအဖွဲ့ ဖျော်ဖြေမှုနှင့် ညပိုင်းတွင် မကွေးတိုင်း သဘင်အစည်းအရုံး၏ ဖျော်ဖြေမှုများ ပါဝင်မည်ဟု ၎င်းကပြော သည်။
ဖေဖော်ဝါရီ ၉ ရက်တွင် မြန်မာနိုင်ငံ အတွင်းရှိ ကဗျာဆရာများမှ ကဗျာရွတ်ဆို ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး ဗိုလ်ချုပ်နှင့် ပတ်သက်သည့် အကြောင်း အရာများကို စာပေဟောပြောပွဲများ ကျင်းပသွားမည်ဖြစ်ကာ ဖေဖော်ဝါရီ ၁၀ရက်တွင် တိုင်းရင်းသားပေါင်းစုံမှ တိုင်းရင်းသား ရိုးရာကပွဲများဖြင့် ဖျော်ဖြေကြမည်ဖြစ်သည်။ ယင်းအပြင် ဒေါ်မမနိုင်ရုပ်သေးသဘင်ပွဲ၊ စာပေဟောပြောပွဲနှင့် ညပိုင်းတွင် ဖိုးချစ် ဇာတ်သဘင်အဖွဲ့၏ ဖျော်ဖြေမှုများကို လည်းထည့်သွင်း ထားသည် ဟုဦး ထွန်းညွန့်ကပြောသည်။
ဒေါ်မမနိုင် ရုပ်သေးပွဲ၊ စာတမ်း ဖတ်ပွဲ၊ ခြင်းလုံး သရုပ်ပြပွဲနှင့် ညပိုင်းတွင် 5 Star လူရွှင်တော် အဖွဲ့၊ ဟားငါးကောင်း အဖွဲ့၊ မင်းခန့်ကို ဦးစီးသည့် ပဒေသာက ပွဲဖျော်ဖြေတင်ဆက်မှုကို ဖေဖော်ဝါရီ၁၁ ရက်တွင် ဖျော်ဖြေ မည်ဖြစ်ပြီး ဖေဖော်ဝါရီ ၁၂ရက်တွင် တိုင်းရင်းသားရိုးရာ ခြင်းလုံး သရုပ်ပြပွဲ ဓမ္မစေတီ ဆရာတော် အရှင် ဝီရိယ၏ တရားပွဲ၊ သီးလေးသီးအငြိမ့်နှင့် မင်းကိုနိုင် စီစဉ်သည့် တိုင်းရင်းသား ပဒေသာကပွဲတို့ကို တင်ဆက် ကပြမည် ဟုပြောသည်။
ယင်းအပြင်ဖေဖော်ဝါရီ ၁၃ ရက်တွင်သံဃာများကို အာရုံဆွမ်းဆပ်ကပ် လှူဒါန်းခြင်းနှင့် နတ်မောက်မြို့မှ မူလတန်းကလေးများကို လက်ဆောင်ပစ္စည်း များဝေ ငှပေးမည်ဖြစ်ကာ ဗိုလ်ချုပ်နှစ် ၁၀၀ ပြည့် အခမ်း အနားကို နံနက် ၇နာရီတွင် စတင် ကျင်းပ မည်ဖြစ်သည်။ ညပိုင်းတွင် သီတဂူ ဆရာတော် အရှင်ဥာဏိသရ တရားပွဲ၊ မန္တလေးလူသဘင်ပညာရှင်များ၏ ဖျော်ဖြေမှုနှင့် ဒါရိုက်တာ မင်းထင်ကိုကိုကြီး၏ Variety Show ပြပွဲကို ပြသသွားမည်ဟု ဦးထွန်းညွန့် ကပြောသည်။
ဖျော်ဖြေပွဲများကို လူငယ်များနှင့် နတ်မောက် မြို့နယ်မှ ရပ်မိရပ်ဖ များပူးပေါင်းပြီး ကျင်းပခြင်းဖြစ်ပြီးငွေ ကျပ်သိန်း ၁၀၀၀ ကျော် ကုန်ကျမည်ဟု ခန့်မှန်းထား သည့် အပြင် လက်ရှိတွင် သိန်း ၆၀၀ကျော် အလှူခံရရှိထားပြီး ဖြစ်သည်ဟု ယင်းပွဲဖြစ်မြောက်ရေး ကော်မတီ နတ်မောက်မြို့နယ်အသင်း ဘဏ္ဍာရေးမှူးဦး ထွန်းညွှန့် ကပြောသည်။
ယင်းဖျော်ဖြေပွဲများကို အခမဲ့ဖျော်ဖြေသွားမည်ဖြစ်ပြီး နတ်မောက်မြို့ ဗိုလ်ချုပ်ကြေးရုပ်ကွင်း၊ နတ်မောက်မြို့ရှိ ဗိုလ်ချုပ်၏ နေအိမ်၊ ဗိုလ်ချုပ်ပြတိုက်နှင့် ဗိုလ် ချုပ်အောင်ဆန်းနေထိုင်ခဲ့သည့် ဒီပင်္ကရာဘုန်းတော်ကြီးကျောင်း စာသင်တိုက်တို့တွင် ကျင်းပသွားမည်ဟု ၎င်းကပြောသည်။
Credit - Mizzima News
No comments:
Post a Comment