Sunday, January 4, 2015

ပဲခူးမြို့တွင်ကျင်းပသည့် ဗိုလ်ချုပ်နှစ်တစ်ရာပြည့်မွေးနေ့ အထိမ်းအမှတ်ဟောပြော ပွဲသို့ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ဟောပြော

 ပဲခူး၊ ဇန်နဝါရီ ၃-အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌဒေါ်အောင် ဆန်းစုကြည် သည် ဗိုလ်ချုပ်အောင် ဆန်း နှစ် (၁၀၀)ပြည့်မွေးနေ့ အထိမ်း အမှတ် ဟောပြော ပွဲသို့တက်ရောက် ရန် ဇန်နဝါရီ ၃ ရက် မွန်းလွဲ ၁ နာ ရီက ပဲခူးမြို့သို့ ရောက်ရှိပြီး ကျွန်း သာယာ ရပ်ကွက်ရှိ Hotel Aroma တွင် မြို့မိမြို့ဖများ၊ ပဲခူးတိုင်း NLD ပါတီ အလုပ်အမှုဆောင်များနှင့် တွေ့ဆုံဆွေးနွေးသည်။

ထို့နောက် ရွှေမော်ဓောစေတီတော်မြတ်ကြီး အား သွားရောက်ဖူးမြော်ကြည်ညို ပြီး ရွှေသင်္ကန်းကပ်လှူရန် အလှူ ငွေကျပ်တစ်သိန်း လှူဒါန်းခဲ့သည်။

ဆက်လက်၍ ဘုရားဝင်း အ တွင်း အထိမ်းအမှတ်ပွဲကျင်းပသည့် စင်မြင့်သို့ ရောက်ရှိပြီး တက်ရောက် လာသည့် ပရိသတ်များအား တွေ့ ဆုံဟောပြော ခဲ့သည်။

ဟောပြောပွဲ အခမ်းအနားသို့ ပဲခူးတိုင်းအတွင်းရှိ NLD ပါတီ ဝင်များနှင့်ပြည်သူ အင်အား တစ်သိန်း ကျော်ခန့် တက်ရောက်ခဲ့ကြပြီး ည ပိုင်းတွင် စိန်မြအောင် မင်္ဂလာဆိုင်း အဖွဲ့ဖြင့် ပရိသတ်များအား ဧည့်ခံ ဖျော်ဖြေခဲ့ကြောင်း သိရသည်။

HWY

#‎Democracytoday‬

Photo Caption ::ဗိုလ်ချုပ် နှစ်တစ်ရာပြည့် မွေးနေ့ အထိမ်းအမှတ်ဟောပြောပွဲ တွင် ဒေါ်အောင်ဆန်းစုကြည်ဟောပြောနေစဉ်။ ဓာတ်ပုံ - ထက်ဝေယံ

 

 
 

No comments:

Post a Comment