လုပ်ခလစာနှင့် နစ်နာကြေးကို မပေးလျော်ဘဲ နေရပ်ပြန်မည်ကို စိုးရိမ်မှုကြောင့် ယင်းသို့ပြောကြားထားခြင်းဟုဆို
************************************************************************************
ရန်ကုန်၊ ဇန်နဝါရီ ၆- အလုပ်သမားများကို လုပ်ခလစာနှင့် အလုပ်ပိတ် နစ်နာကြေး ပေးလျော်ခြင်းမရှိ ဘဲ နေရပ်ပြန်မည်စိုးသဖြင့် တရုတ်နိုင်ငံသား လုပ်ငန်းရှင်တစ်ဦးကို ယခု လအတွင်း လေဆိပ်မှထွက်ခွင့်မပြု ရန် အလုပ်သမား ဝန်ကြီးဌာနမှ လူ ဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင် အားဝန်ကြီးဌာနသို့ စစ်ဆေးဆောင်ရွက်၍ တားမြစ်ပေးရန် မေတ္တာရပ်ခံပြောကြားထားကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်သည် ရွှေပြည်သာစက်မှုဇုန်ရှိ အထည်ချုပ်စက်ရုံတစ်ရုံဖြစ်ပြီး လုပ်ငန်းခွင်အခြေအ နေကြောင့် အလုပ်သမား ၇ဝကျော် ကို လွန်ခဲ့သည့် တစ်လခန့်က အလုပ် မှထုတ်ပယ်ခဲ့ကာ ထိုသို့ထုတ်ပယ်ခဲ့သည်ကို အလုပ်သမားများမှ မကျေ နပ်သဖြင့် ခုံသမာဓိကောင်စီသို့တိုင်ကြားခဲ့ပြီး အလုပ်သမားရေးရာအငြင်းပွားမှုဖြေရှင်းရေးဥပဒေအရ ဖွဲ့စည်းထားသည့် ခုံသမာဓိကောင်စီမှ အဆိုပါအလုပ်သမားများကို လုပ်ခ လစာနှင့် အလုပ်ထုတ် နစ်နာကြေးပေးရန် အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။
ယင်းအပြင် စက်ရုံရှိ ကျန်အ လုပ်သမားများကိုပါ မကြာခဏအလုပ်ပိတ်ခြင်း များဖြစ်လာသည့်အ တွက် ဆုံးဖြတ်ချက်အတိုင်း လိုက်နာမဆောင်ရွက် မီ နေရပ်ပြန်ပြေးသွား နိုင်သဖြင့် ထိုကဲ့သို့လုပ်ဆောင်ရခြင်းဖြစ်ကြောင်းနှင့် စက်ရုံအမည်ကိုမူ ထုတ်ဖော်မပြောလိုကြောင်း အလုပ်ရုံအလုပ်သမား ဥပဒေရေးရာ စစ် ဆေးရေးဦးစီးဌာနညွှန်ကြားရေးမှူးချုပ် ဦးဝင်းရှိန်က ပြောသည်။
''ရွှေပြည်သာစက်မှုဇုန်က အထည်ချုပ်စက်ရုံပိုင်ရှင် တရုတ်နိုင်ငံသားတစ်ဦးကို ခုံသမာဓိကောင်စီက အလုပ်သမားတွေအတွက် နစ်နာကြေးပေးဖို့ အမိန့်ချ ထားတယ်။ အဲ ဆုံးဖြတ်ချက်ကို သူက ဒီလ(ဇန်နဝါ ရီလ)၂၄ရက်နေ့မှပေးမယ်၊ အလုပ်သမားဝန်ကြီးဌာနဘက်က ၁၂ရက် နေ့ပေးလို့ပြောထားတယ်။ အဲ့မတိုင် ခင် သူ့နိုင်ငံကို ထွက်သွားမှာစိုးလို့ လဝကကနေ ဒီလူကို ပြည်ပထွက်ခွင့် စိစစ်ပေးပါလို့ တားထားတယ်''ဟု ညွှန်ကြားရေးမှူးချုပ် ဦးဝင်းရှိန်က ပြောသည်။
အဆိုပါအလုပ်ရှင် တရုတ်နိုင်ငံ သားမှ ဖြေရှင်းပေးပါမည်ဟု ကတိပေး ထားကြောင်း၊ သို့သော် သတိ ထားသည့်အနေဖြင့် ယခုကဲ့သို့ကြို တင် ကာကွယ်သည့်အနေဖြင့် တား ဆီးထားခြင်းဖြစ်ကြောင်းလည်း ညွှန် ကြားရေးမှူးချုပ်ကဆက်ပြောသည်။
ထိုသို့မတားမြစ်ပါက အဆိုပါ အလုပ်ရှင် နေရပ်ပြန်ပြေးမည်ဆိုပါက အလုပ် သမားများအတွက် ဒုက္ခ ရောက်နိုင်သည့်အလားအလာရှိနိုင်သည့်အတွက် တားမြစ်ရခြင်းဖြစ် ကြောင်း၊ အလုပ်သမားများအနေဖြင့်လည်း အချိန်စောင့် ဆိုင်းသည်း ခံပေးရန် ညှိနှိုင်းလုပ်ဆောင်နေရ ခြင်းဖြစ်ကြောင်းနှင့် အလုပ်သမား များအနေဖြင့် အလုပ်သမားဥပဒေ ကိုသိရန်လိုအပ်ပြီး နည်းလမ်းမှန်
ဖြင့် တောင်းဆိုရန်လိုအပ်ကြောင်း၊ လက် ရှိအလုပ်သမားပြသနာဖြစ်နေသည့် ဘိုဂတ်အထည်ချုပ်စက်ရုံကို ဥပမာ ကြည့်သင့်ကြောင်း ညွှန်ကြားရေးမှူးချုပ်က ဆိုသည်။
ထို့အပြင် လှိုင်သာယာစက်မှုဇုန်ရှိ အထည်ချုပ်စက်ရုံတစ်ရုံတွင်လည်း အလုပ် သမားဝန်ကြီးဌာနကို အကြောင်းကြားခြင်းမရှိဘဲ အလုပ်ရက်ရှည်ပိတ်ခြင်းများကို အလုပ်သ မားများ၏တိုင်တန်းမှုကြောင့် သွားရောက်စစ်ဆေးခဲ့ကြောင်းနှင့် အဆို ပါစက်ရုံပိုင်ရှင် ကိုရီးယားနိုင်ငံသားမှ ၎င်းအားမယုံကြည်မည်စိုးသဖြင့် နိုင်ငံကူးလက်မှတ်ကို အလုပ်သမား အရာရှိထံအပ်နှံခဲ့ကြောင်း သို့သော် အလုပ်သမားဝန်ကြီးဌာနအနေဖြင့် နိုင်ငံကူးလက်မှတ်ကို သိမ်းခွင့်မရှိ သည့်အတွက် ပြန်လည်ပေးအပ်ခဲ့ပြီး အဆိုပါအလုပ်ရှင်ကိုမူ တားမြစ်ခြင်း မရှိသေးသော်လည်း စောင့် ကြည့်အဆင့်တွင် ထည့်ထားကြောင်းလည်း အလုပ်သမားဝန်ကြီးဌာနမှ သိရသည်။
ယခုလက်ရှိတွင်လည်း အလုပ်သမားများကို လုပ်ခလစာနှင့် အလုပ်ပိတ် နစ်နာကြေးများ ပေးလျော် ခြင်းမရှိဘဲ နေရပ်ပြန်ပြေးမှုများမှာ လှိုင်သာယာ စက်မှုဇုန်တွင် မာစတာ စပေါ့အားကစားဖိနပ်စက်ရုံနှင့် မစ်ဧပီရယ်အထည် ချုပ်စက်ရုံနှစ်ရုံတွင် ဖြစ်ပွားခဲ့ပြီး စက်ရုံရှိ ပစ္စည်းများကို လေလံတင်ရောင်းချ၍ အလုပ်သ မား၏ လုပ်ခလစာနှင့် အလုပ်ပိတ် နစ်နာကြေးများကို ဖြေရှင်းပေးခဲ့ရ သည်။
ထိုသို့အဖြစ်မျိုးထပ်မံမဖြစ်ပွား ရန်ကြိုတင်ကာကွယ်မှုများ ပြုလုပ်လျက် ရှိနေခြင်းဖြစ်ပြီး သက်ဆိုင်ရာ ဝန်ကြီးဌာနများအနေဖြင့်လည်း ပူးပေါင်း ပါဝင်ဆောင်ရွက်သင့်ကြောင်း ညွှန်ကြားရေးမှူးချုပ် ဦးဝင်းရှိန်က ဆိုသည်။
ZCH
#Democracytoday
No comments:
Post a Comment