အဆိုပါတိုင်းတရားလွှတ်တော်၏ နာရီစင်အလံတိုင်တွင် နိုင်ငံတော်အ လံအား သုံးရောင်ခြယ်ဒေါင်းအလံ ဖြင့် လဲလှယ်တပ်ဆင်ထားသည်ကို ဇန်နဝါရီလ ၁ ရက်၊ နေ့လယ် ၂
နာရီခန့်က တွေ့ရှိခဲ့ပြီး ရန်ကုန်တိုင်း ဒေသကြီး တရားရေး ဦးစီးမှူးရုံး စီမံ^ ထောက်ပံ့ဌာန ဒုတိယညွှန်ကြားရေး မှူး ဒေါ်နန်းရွှေမြင့် က ကျောက်တံတားရဲစခန်းသို့ အလံလဲလှယ်ထားသူ အား အရေးယူပေးရန် တိုင်ကြားခဲ့ ခြင်းဖြစ်သည်။
‘သုံးရောင်ခြယ်ဒေါင်းအလံလွှင့် တင်တာနဲ့ပတ်သက်ပြီး ၂၀၁၀ ပြည့် နှစ် နိုင်ငံတော်အလံဥပဒေမှာတော့ သုံးရောင်ခြယ်ဒေါင်းအလံကို လွှင့် ထူခြင်းမပြုရဘူးလို့ ပြဋ္ဌာန်းထားတာ မရှိဘူး။ ဘယ်သူဘယ်ဝါ လုပ်တယ် ဆိုတာလဲ မသိရသေးဘူး။ ဘာဥပဒေ နဲ့ အရေးယူမလဲဆိုရင် သီးခြားပြဋ္ဌာန်း ထားတဲ့ ဥပဒေပြဋ္ဌာန်းချက်က မရှိဘူး။ အရေးယူဖို့ဆိုတာလည်း မလွယ်ဘူး။ အရင်သုံးနေကျ ပုဒ်မ ၅၀၅ (ခ) တို့ သုံးရင်မပြောတတ်ဘူး’ ဟု တရား လွှတ်တော်ရှေ့နေ ဦးရောဘတ်စန်း အောင်ကဆိုသည်။
ထိုသို့ ဒေါင်းတံဆိပ်ပါသည့်သုံး ရောင်ခြယ်အလံလွှင့်ထူထားခြင်းကိစ္စ မှာ အတိတ်နိမိတ်ဖော်ဆောင်သလို ဖြစ်နေကြောင်း၊ ယခုအခြေအနေမှာ လက်ပံတောင်းတောင် အရေးကိစ္စ ဖြစ်နေခြင်းကြောင့် ထိုက်တန်သော လျော်ကြေးကိုမရရှိသူများအတွက် ကိုယ်စားပြုသည့် သဘောမျိုးနှင့် ၎င်း တို့၏ ခံစားချက်ကို ရောင်ပြန်ဟပ်ပြီး တင်လိုက်သည့် အလံဟု ယူဆမိပါ ကြောင်း၊ လက်တလောဖြစ်ပေါ်နေ သော အရေးအခင်း ကိစ္စများမှာ ယင်း သုံးရောင်ခြယ်အလံကို ဆက်လက် ကိုင်စွဲပြီး ပြုလုပ် လာနိုင်ဖွယ် ရှိကြောင်း ၎င်းကသုံးသပ်ပြောဆိုလိုက်သည်။
သတင်း - ရာစုသစ်
The Ladies News Journal


No comments:
Post a Comment