ပဲခူးမြို့တွင် ကျင်းပသော ဗိုလ်ချုပ် နှစ် ၁၀၀ ပြည့်မွေးနေ့ အကြိုလူထု ဟောပြောပွဲ ရွေးကောက်ပွဲသည် လက်ရှိအစိုးရ အဖွဲ့သည်
တာဝန်ကျေပွန်ခြင်းရှိမရှိ နှင့် နောက်တက်လာမည့် အစိုးရ တစ်ဖွဲ့ကို ရွေးချယ်ရန် သင့်မသင့် ဆုံးဖြတ်ရမည့်နေရာတွင်ရှိသဖြင့်
မှန်ကန်စွာစဉ်းစားဆုံးဖြတ်နိုင်ရန် သတိပေးလိုက်ခြင်းဖြစ်သည်။
“ပြည်သူလူထုရဲ့ဆန္ဒကို ရောင်ပြန်ဟပ်ပြီးတော့ ဒီမိုကရေစီအတွက် ပြင်ဆင်ရမယ့် အချိန်အခါဖြစ်နေပါပြီ ။အဲဒီလိုဖြစ်နေတဲ့ အချိန်မှာ ပြည်သူတွေ အနေနဲ့ဘာကို မဆို ချင့်ချင့်ချိန်ချိန်နဲ့ လုပ်စေချင်ပါတယ်။”ဟုပြောကြားခဲ့ခြင်းဖြစ်သည်။
မြန်မာပြည်သူများအနေဖြင့် အကြောက်တရားလွှမ်းမိုးမှု ၊စည်းကမ်းမဲ့မှုများကြောင့် ဒီမိုကရေစီနှင့်မထိုက်တန် ဟု
စွပ်စွဲသူများရှိသဖြင့် သက်သေပြရန်လို အပ်ကြောင်းကိုလည်းပြောကြားခဲ့သည်။
“ဒီမိုကရေရယူနိုင်ဖို့ ကိုယ့်ရဲ့ ဆုံးဖြတ်ချက်တွေဟာ နိုင်ငံရေးအရ မှန်တယ်ဆိုတာ ပြဖို့လိုပါတယ်”ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။
ထို့ပြင် ရာထူးအာဏာ ရရှိသူများသည် မိမိ ရာထူးအာဏာနှင့် အကျိုးစီးပွားအတွက် ပြည်သူ့ အကျိုးစီးပွားကိုမေ့နေတတ်ပြီး ပြည်သူကသတိပေးရန် လိုအပ်သည် ဟုပြောဆိုခဲ့သည်။
“နိုင်ငံက လွှတ်လပ်ရေးလည်းရနေပါပြီ ဒါပေမယ့် ပြည်သူလူထုက ဖိနှိပ်ချုပ်ချယ်မှုအောက်မှာနေရမယ်ဆိုရင် ဒါလွတ်လပ်တဲ့ နိုင်ငံမဟုတ်ပါဘူး၊ လွှတ်လပ်ရေးရအောင်လုပ်ပေးသွားပြီး ပြီ ရတဲ့ လွတ်လပ်ရေးကို စစ်မှန်အောင်လုပ်ဖို့ က ကျွန်မတို့ မျိုးဆက်တွေရဲ့တာဝန်ဖြစ်ပါတယ်”ဟု ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။
Credit - Mizzima News

No comments:
Post a Comment