Wednesday, January 7, 2015

လွှတ်တော်က ကန့်ကွက်ခဲ့သော ဒေါ်လာသန်း ၁၀၀ ချေးငွေဖြင့် ဝယ်သည့် ကိုရီးယားထွန်စက်များ ရန်ကုန် ဆိပ်ကမ်းသို့ရောက်ပြီ

နေပြည်တော် (မဇ္ဈိမ)။ ။ ၁၁ ကြိမ်မြောက် လွှတ်တော် အစည်းအဝေးများတွင် အပြင်းအထန်ကန့် ကွက်ခဲ့သဖြင့် လွှတ်တော် ဥက္ကဋ္ဌက နောက်တစ်ကြိမ် ထပ်ကြိုးစားခွင့်ပေးမှ ခွင့်ပြုချက် ရရှိခဲ့သည့် ချေးငွေ ဒေါ်လာသန်း ၁၀၀ ဖြင့် သ/မ ဝန်ကြီးဌာနက ဝယ်ယူရောင်းချမည့် ကိုရီးယားနိုင်ငံလုပ် Daedong လယ်ထွန်စက်များ ရန်ကုန်ဆိပ်ကမ်းသို့ ဒီဇင်ဘာလကုန်တွင် ရောက်ရှိလာသည်ဟု သမဝါယမ ဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

 လယ်ယာကဏ္ဍ ဖွံ့ဖြိုး တိုးတက်စေရန်နှင့် တောင်သူလယ်သမားများ အကျိုးဖြစ်ထွန်းစေရန် အတွက် သမဝါယမဝန်ကြီဌာနက (၇)နှစ်၊ အရစ်ကျငွေချေးစနစ်ဖြင့် ရောင်းချပေးမည့်‌ ကိုရီးယားနိုင်ငံ Daedong Co., Ltd.ထုတ် လယ်ယာသုံးထွနစက် ၁၀၄၅ စီးသည် ပထမအကြိမ် (First shipment) အဖြစ် သင်္ဘော သုံးစီးဖြင့် ရောက်ရှိလာကြောင်း၊ ကျန်သင်္ဘောများလည်း ဆက်တိုက်ရောက်ရှိလာ ကြမည်ဖြစ်ကြောင်း သိရသည်။

ယခုရောက်ရှိလာသော လယ်ယာသုံးစက်ကိရိယာများကို အဆိုပြုလွှာ အများဆုံး ပေးပို့ထားသော စစ်ကိုင်းတိုင်း ဒေသကြီးနှင့်‌ မန္တလေးတိုင်း ဒေသကြီးများရှိ တောင်သူများသို့ (၇) နှစ်၊ အရစ်ကျငွေချေ စနစ်ဖြင့်‌ ကြိုက်ရောင်းကြိုက်ဝယ် ရောင်းချဖြန့်ဖြူးပေးမည်ဖြစ်ပြီး ကျန်ဒေသများသို့လည်း ဆက်လက်ဖြန့်ဖြူးပေးသွားရန် စီစဉ်ဆောင်ရွက်ပြီဟု ဆိုသည်။


Credit - Mizzima News

No comments:

Post a Comment