Saturday, March 28, 2015

အခမဲ့ပြသသည့် တပ်မတော်နေ့ ဂုဏ်ပြုဇာတ်လမ်းများ ကြည့်ရှုသူ နည်းပါး

မတ်လ ၂၇ ရက်တွင် ကျရောက် သည့်နှစ် (၇၀)ပြည့် တပ်မတော်နေ့ အထိမ်း အမှတ်အဖြစ် ရန်ကုန်နှင့် မန္တလေး မြို့တို့တွှင် တပ်မတော်နေ့ ဂုဏ်ပြုဇာတ်လမ်း များကို အများပြည်သူအား အခမဲ့ပြသ ခဲ့သော်လည်း လာရောက် ကြည့်ရှုသူ ဦးရေ အနည်းငယ်သာ ရှိခဲ့သည်ဟု စုံစမ်း သိရှိရသည်။

dkskdvs



ရန်ကုန်မြို့ရှိ ရှေ့ဆောင်ရုပ်ရှင်ရုံနှင့် မန္တလေးမြို့ရှိ မြို့ဂုဏ်ရောင် ရုပ်ရှင်ရုံတို့တွင် တပ်မတော်နေ့ အထိမ်းအမှတ် အဖြစ် မတ်လ၂၇ ရက်၌ “အဖေနှင့် သားများ ”ဇာတ်လမ်း၊  “ကြယ်စင်မော်ကွန်း”  ဇာတ်လမ်း၊   “အဖေ တူသား”  ဇာတ်လမ်း၊  “ကြယ်စင်မော်ကွန်း”  ဇာတ်လမ်း၊  “သားကောင်း မိခင်”  ဇာတ်လမ်း များကို လည်းကောင်း အခမဲ့ပြသခဲ့ ရာရှေ့ဆောင် ရုပ်ရှင်ရုံ တွင် လာရောက်ကြည့်ရှုသူ နည်းပါးသည်ကို မဇ္ဈိမသတင်းထောက်က ကိုယ်တိုင်မြင်တွေ့ ခဲ့ရသည်။

ရှေ့ဆောင်ရုပ်ရှင်သို့ လာရောက် ကြည့်ရှုသူ အသက် ၂၅နှစ်အရွယ် အမျိုးသမီး ငယ်တစ်ဦးက ''ဒီနေ့ ပိတ်ရက် ဆိုတော့ ရုပ်ရှင်လာ ကြည့်တာ။ ဒီရောက်တော့ တပ်မတော်ကားတွေ ပြနေတယ်။ ပြီးတော့ အဲဒီကားတွေက ကြည့်ပြီးသား ဇာတ်လမ်း အဟောင်းတွေ တီဗီမှာပြပြီးသားတွေ။ ပိတ်ရက်မှာ ဇာတ်ကား အသစ်ပဲ ကြည့်ချင်တယ်။ အဲဒါကြောင့် တခြားရုံမှာပဲ သွားကြည့်တော့မယ်" ဟုပြောသည်။

အဆိုပါ ဇာတ်ကား များကို  မတ်လ ၂၇  ရက်တွင် အခမဲ့ပြသမည်  ဟုနိုင်ငံပိုင်  သတင်းစာများ  တွင်ကြေညာခဲ့သည်။ လာရောက် ကြည့်ရှုသူ တစ်ဦးဖြစ်သည့် အသက် ၃၅နှစ် ဝန်းကျင်ရှိ ကိုထွေးက ''ကျွန်တော် ကတော့  တပ်မတော်နေ့ မှာ  ဒီလိုဇာတ် ကားတွေပြ တဲ့အတွက် သဘော ကျတယ်။ ဒီခေတ် ကလေးတွေ ကနိုင်ငံခြား အပြုအမူ ဇာတ်ကားတွေလောက်ပဲ စိတ်ဝင်စားကြ တယ်။မြန်မာပြည်က အနေ  အထားတွေကို သိပ်ပြီး အာရုံမစိုက် ကြဘူး။  လူငယ်တွေ အနေနဲ့ စိတ်ဝင် စားသင့် တယ်" ဟုပြောသည်။

တပ်မတော်နေ့ ဂုဏ်ပြုဇာတ်လမ်းများကို မန္တလေးမြို့ရှိ မြို့ဂုဏ်ရောင် ရုပ်ရှင်ရုံတွင်လည်းပြသခဲ့ရာ နံနက်၁၀နာရီပွဲတွင် လာရောက် ကြည့်ရှုသူ အရေအတွက် ၄၅ နှင့် ၅၀ ကြားတွင် ရှိကြောင်း မြို့ဂုဏ်ရောင် ရုပ်ရှင်ရုံမှ တာဝန်ရှိ သူတစ်ဦး ကပြောသည်။

ပုံမှန်အားဖြင့် မြို့ဂုဏ်ရောင် ရုပ်ရှင်ရုံသည်အောက်ထပ် ၂၅၈ယောက်၊အပေါ်ထပ် ၁၄၅ယောက်ဆံ့သည့်ရုပ်ရှင်ရုံဖြစ် သည်။ရှေ့ဆောင်ရုပ်ရှင်ရုံသို့ လာရောက် ကြည့်ရှုသူ အချို့ကမူ အဆိုပါ ဂုဏ်ပြု ဇာတ်ကား များပြသနေသည့် အတွက် ပြန် လည် ထွက်သွား ကြသည် ကိုတွေ့ရသည်။

ရန်ကုန်မြို့ရှိရှေ့ဆောင်ရုပ်ရှင်ရုံ၌ နံနက် ၁၀ နာရီတွင် “အဖေနှင့် သားများ” ဇာတ်လမ်း၊ မွန်းလွဲ ၁၂နာရီခွဲတွင် “ကြယ်စင်မော်ကွန်း”ဇာတ်လမ်း၊ ညနေ ၃ နာရီ ခွဲတွင် “အဖေတူသား” ဇာတ်လမ်း၊ ညနေ၆ နာရီခွဲတွင် “ကြယ်စင်မော်ကွန်း” ဇာတ်လမ်း၊ည ၉နာရီခွဲတွင် “သားကောင်းမိခင်” ဇာတ်လမ်းများကို လည်းကောင်း ၊မန္တလေးမြို့မြို့ဂုဏ်ရောင်ရုပ်ရှင်ရုံ၌ မတ်လ၂၇ ရက် နံနက် ၁၀နာရီ၊ မွန်းလွဲ ၁ နာရီ၊ ညနေ ၃ နာရီခွဲ၊ ညနေ၆နာရီခွဲ၊  ည ၉ နာရီခွဲတို့တွင် “ကြယ်စင်မော်ကွန်း ” ဇာတ်လမ်းကို လည်းကောင်း အခမဲ့ပြသခြင်းဖြစ်သည်။

Credit - Mizzima News

No comments:

Post a Comment