ရန်ကုန် (မဇ္ဈိမ)။ ။ ဒီမိုကရေစီ အကျိုးပြု ကရင်အမျိုးသား တပ်မတော် (ဒီကေဘီအေ) စစ်ဦးစီးချုပ် ဗိုလ်ချုပ် စောလားဘွယ်သည် လက်ရှိကျန်းမာရေး ကုသနေစဉ်ကာလအတွင်း စစ်ဦးစီးချုပ်ရာထူးကို ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်ချုပ် စောမိုရှေးထံ စစ်ဦးစီချုပ် ရာထူးခေတ္တ လွှဲပြောင်းပေးအပ်လိုက်သည်ဟု ဒီကေဘီအေ အဖွဲ့၏ မြဝတီဆက်ဆံရေးရုံး တာဝန်ခံ ဗိုလ်ကြီး စိုးမြင့်က မဇ္ဈိမကို ပြောသည်။
“ကျန်းမာရေးမကောင်းစဉ်ကာလအတွင်းမှ ခေတ္တ ရာထူးလွဲပြောင်းပေးထားတာပါ။ အနားယူခြင်းမဟုတ်ပါဘူး'' ဟု ဗိုလ်ကြီးစိုးမြင့်က ပြောသည်။
လက်ရှိတွင် တရားဝင် ရာထူးလွှဲပြောင်းသည့်အနေဖြင့် တပ်ရင်းအသီးသီးနှင့် တပ်မများကို ရှေ့တန်းသို့ ပို့ထားကြောင်း၊ စစ်ရေးတာဝန် လွှဲပြောင်းသည့် သဘောဖြစ်ကြောင်း ၎င်းက ပြောသည်။
စစ်ဦးစီးချုပ် ဗိုလ်ချုပ် စောလားဘွယ်သည် ၂၀၁၃ ခုနှစ် ဒီဇင်ဘာလ နှောင်းပိုင်း၌ ရန်ကုန်မြို့ ပင်လုံဆေးရုံတွင် အရေးပေါ် တက်ရောက်၍ ဆေးစစ်ဆေးခဲ့ရာ လည်ချောင်း ကင်ဆာရောဂါ လက္ခဏာတွေ့ရှိခဲ့ရခြင်း ဖြစ်သည်။
Credit - Mizzima News
No comments:
Post a Comment