၁၉၄၅ ခုနှစ်တွင် စတင်သန္ဓေ တည်ပေါ်ပေါက် လာခဲ့ သည့်မြန်မာ့ တပ်မတော်သည် ၂ဝ၁၅ ခုနှစ်တွင် သက်တမ်း ၇ဝပြည့်မြောက် ခဲ့ပြီဖြစ်သည်။
နိုင်ငံအတွက် လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းနှင့်အတူ ပေါ်ပေါက်လာခဲ့သည့် တပ်မတော်သည် နိုင်ငံ၏ အချုပ်အခြာ အာဏာ တည်တံ့ရေး အစဉ်တစ် စိုက်ကြိုး ပမ်းမှုနှင့်နိုင်ငံတော် ကာကွယ်ရေးဟူသည့် တာဝန်ကို ထမ်းဆောင် ကာပြည်သူ့ အကျိုးဆောင်ရွက် ခဲ့သည်မှာ နှစ် ၇ဝ တိုင်ပြီဟု ဆိုနိုင်ပါသည်။
နှစ် ၇ဝ တိုင်ခဲ့ပြီဖြစ်သည့် တပ်မတော်၏ ယနေ့အခင်းအကျင်းကို ပြန်လည်ကြည့်ရန်လိုပါသည်။ တပ်မတော်ဟူသည့် စကားလုံး ကိုယေဘုယျ အဓိပ္ပာယ် ဖွင့်ပါ ကနိုင်ငံတော် ကာကွယ်ရေး အတွက် ဖွဲ့စည်းထားသည့် လက်နက်ကိုင် အစုအဖွဲ့ဟု အဓိပ္ပါယ် ဖွင့်ဆိုနိုင်သည်။
ဒီမိုကရေစီ စစ်စစ်နိုင်ငံတစ်နိုင်ငံမှ တပ်မတော်တစ်ရပ်၏အဓိက လုပ်ငန်းတာဝန် မှာနိုင်ငံကာကွယ်ရေး ၊ပြည်ပကျူးကျော်မှုမှ ကာကွယ်ရေးကိုသာ တာဝန်ပေး အပ်ထားသည် ကိုတွေ့ရ မည်ဖြစ်သည်။
သို့သော်ဗိုလ်ချုပ်အောင်ဆန်း တည်ထောင်ခဲ့သည့် တပ်မတော်သည် သူကွယ်လွန်အပြီး ၁၅ နှစ်အကြာ ၁၉၆၂ ခုနှစ်အရောက် တွင်နိုင်ငံတော် အာဏာကိုသိမ်း ယူခြင်းဖြင့် အုပ်ချုပ်ရေးတွင် ပါဝင်လာခဲ့သည်။
အုပ်ချုပ်ရေး အာဏာကိုရယူလာခဲ့ သည့်တပ်မတော်သည် ဒီမိုကရေစီနှင့် မကိုက်ညီသော လုပ်ဆောင်မှု၊နိုင်ငံတော် ကာကွယ်ရေးအတွက် စွမ်းစွမ်းတမံဆောင် ရွက်ရမည့်အစား အာဏာ သိမ်းယူ ခဲ့ခြင်းအတွက် တပ်မတော်၏ ဖခင်ဖြစ်သူ ဗိုလ်ချုပ်အောင်ဆန်းက ဤလုပ်ရပ် ကိုနှစ်မြို့လိမ့် မည်မဟုတ်ပေ။
တပ်မတော်တစ်ရပ် လုပ်ဆောင်သင့်သည့် တာဝန်ဝတ္တရားဖြစ်သောနိုင်ငံတော် ကာကွယ်ရေး လုပ်ငန်းမဟုတ်ဘဲ အာဏာသိမ်းယူမှုသည် ၁၉၆၂ ခုနှစ်မှစတင် ကာ၂ဝ၁ဝပြည့်နှစ်အရောက် နှစ်ပေါင်း ၅ဝ နီးပါး အကြာမှသာ တပ်မတော်၏ခြေလှမ်းများ တုန့်ဆိုင်းသွားခဲ့သည်။ သို့သော်ထိုခြေလှမ်း သည်ရပ်တန့် သွားခြင်း မဟုတ်ပေ။ ၂ဝဝ၈ ဖွဲ့စည်းပုံ ပါပြဋ္ဌာန်း ချက်များဖြင့် လွှတ်တော်၏ ၂၅ ရာခိုင်နှုန်း တွင်ရွေးကောက်ခံမဟုတ်သော တပ်မတော် သားများ ပါဝင်လာ ခဲ့ပြန်သည်။
တစ်နည်းဟူမူ အုပ်ချုပ်ရေး မှသည် ဥပဒေပြုရေးဘက် သို့ပြန်လည် ဝင်ရောက်လာ ခဲ့ခြင်းဖြစ် သည်။ပြန်ကောက် မည်ဆိုပါက တပ်မတော်၏ အခရာကျသည့် တာဝန်၊ ဝတ္တရားဖြစ်သောနိုင်ငံတော် ကာကွယ်ရေးနှင့် သွေဖည်လျက် ဥပဒေပြုရေး ဘက်တွင် ပါဝင်လာခြင်းဖြစ်သည်။
ဤထောက်ပြ မှုများသည် လူပုဂ္ဂိုလ် တစ်ဦး တစ်ယောက်၊ အဖွဲ့အစည်း တစ်ရပ် လုပ်သင့်သည့် တာဝန်နှင့် ဝတ္တရားများကို သတိမူစေ လိုခြင်းကြောင့် သန့် စင်သောစေတနာဖြင့်ပြော ဆိုနေခြင်းဖြစ်သည်။
မည်သို့ပင်ဆိုစေ လွှတ်တော်တွင်းရောက် တပ်မတော် သားများနှင့် လွှတ်တော်ပြင်ပရှိ တပ်မတော် သားများ အရေးတကြီး လုပ်ဆောင် ရမည့် အခြားသောတာ ဝန်နှစ်ရပ်ရှိနေပါသည်။ ၂ဝ၁ဝ အထွေထွေရွေးကောက်ပွဲ အပြီး ဒီမိုကရေစီနှင့် မကိုက်ညီဟု အများကယူဆပြောဆိုနေသည့် ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဋ္ဌာန်း ချက်အချို့ ကိုပြင်ဆင်ရန် လွှတ်တော် အမတ်ဦးရေ ၇၅ ရာခိုင်နှုန်းကျော်က သဘောတူညီမှ သာပြင်ဆင်နိုင် မည်ဖြစ်သည်။
ထို့အတွက် ဒီမိုကရေစီနှင့် မကိုက်ညီသော ဖွဲ့စည်းပုံပါ ပြဋ္ဌာန်းချက် ပုဒ်မများပြင် ဆင်နိုင်ရန် လွှတ်တော် တွင်းရောက် တပ်မတော် သားများက ဖွဲ့စည်းပုံပြင်နိုင် ရန်ပူးပေါင်း ပါဝင်ခြင်းဖြင့် ဒီမိုကရေစီစနစ် စစ်စစ်ဖြစ်သော အနာဂတ်နိုင်ငံတော် တည်ဆောက်နိုင်ရန် တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ် များတွင် တာဝန် ရှိပါသည်။
"တရားဥပဒေ စိုးမိုးရေး၊ပြည်တွင်းငြိမ်း ချမ်းရေးနှင့် ၂ဝဝ၈ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေးကို တပ်မတော်အင်အားစုများ ပူးပေါင်း ပါဝင်ခြင်းဖြင့်အောင်မြင် သည်အထိဆောင်ရွက် သွားမည်ဖြစ်ကြောင်း" ၂ဝ၁၅၊ မတ်လ ၂၇ ရက် တပ်မတော်နေ့ သို့တည်းမဟုတ် ဖက်ဆစ်တော်လှန်ရေးနေ့တွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က တပ်မတော်သား များအား တိုက်တွန်း ထားသည်။
အလားတူပင်နှစ်ပေါင်း ၆ဝကျော်ကြာမြင့်ပြီဖြစ်သော မငြိမ်းချမ်းနိုင်သေးသည့်နိုင်ငံ တစ်ခုအတွက်ငြိမ်းချမ်းရေးရရှိရန်လည်း တပ်မတော်သည် အဓိကကျသည့် အခန်းကဏ္ဍမှ ပါဝင်နေသည်။
ငြိမ်းချမ်းရေးနှင့် ပတ်သက်၍ နှစ် ၇ဝ ပြည့် တပ်မတော်နေ့တွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က "လက်နက်ကိုင်ပဋိပက္ခတွေ ချုပ်ငြိမ်းပပျောက်ရေး အတွက် ဆိုရင် ဒီမိုကရေစီစနစ် နဲ့အညီ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် များကို ဥပဒေဘောင် အတွင်းမှ ဝိုင်းဝန်း ညှိနှိုင်းဆွေးနွေးအဖြေရှာမှသာ တူညီသော ရည်မှန်းချက်ကို ရရှိနိုင် မှာဖြစ်တယ်" ဟု ၎င်း၏ တပ်သားများကို မိန့်ခွန်းပြော ခဲ့သည်။
သို့သော်နှစ် ၇ဝပြည့် တပ်မတော်နေ့၏ ဦးတည်ချက်များတွင် စွမ်းရည်ထက်မြက် သည့်ခေတ်မီတပ်မတော် တည်ဆောက်ရန်၊တိုင်းရင်းသား စည်းလုံးညီညွတ် မှုမပြိုကွဲရေးနှင့် အချုပ်အခြာ အာဏာ တည်တံ့ ခိုင်မြဲရန်တို့ ပါဝင်သည့် ဦးတည် ချက်လေး ရပ်ချမှတ် ခဲ့သော်လည်း "စစ်မှန်သည့် ငြိမ်းချမ်းရေး ရရှိရမည်" ဟူ သည့်ငြိမ်းချမ်းရေးနှင့် ပတ်သက်သည့် ဦးတည်ချက် မပါဝင် ခဲ့ခြင်းသည် အလွန်ဝမ်းနည်းဖွယ် ကောင်းသည့် အချက်တစ်ချက် ပင်ဖြစ်သည်။
သို့အတွက် ဖွဲ့စည်းပုံပြင်ဆင်ရေးနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင် တပ်မတော်သားများ ပူးပေါင်း ပါဝင်ကြရန် မဇ္ဈိမက တိုက်တွန်းသည်။
Credit - Mizzima News
No comments:
Post a Comment