Saturday, March 28, 2015

“တပ်မတော်နေ့ ဝေဒနာ”

ကိုမျိုးသန့်ရေ
ကျွန်တော် ဒီစာကိုရေးနေတာ  မတ်လ ၂၇ ရက်နှစ် (၇၀)မြောက် တပ်မတော်နေ့ပါ။ တကယ် ကတော့ ဖက်ဆစ်တော် လှန်ရေးနေ့ကို တပ်မတော်နေ့ အဖြစ်နာ မည်ပြောင်း ထားတဲ့နေ့ပါ။
Si-Thu-Aung-Myint


မနက်ပိုင်း မှာမြန်မာ့ရုပ်သံ အပါအ၀င် ရုပ်သံလိုင်း တချို့က  တိုက်ရိုက် ထုတ်လွှင့် တဲ့နေပြည်တော်က တပ်မတော်နေ့ အခမ်းအနား ချီတက်ပွဲကို ထိုင်ကြည့်နေ မိတယ်။ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ကြည်း၊ရေ၊လေတပ်မတော် သားတွေ ချီတက် အလေးပြု ကြတာပေါ့။

နောက်တိုက်လေယာဉ် တချို့နဲ့ ရဟတ်ယာဉ် တချို့က လည်းကောင်း ကင်က ၀ဲပျံပြတာ၊ လက်နက် တင်ကားတွေနဲ့ ချီတက် အလေးပြု တာလည်း ပါ,ပါတယ် ။နေပြည်တော်က အဲဒီ စစ်ရေးပြ  အခမ်းအနားကို အနော်ရထာ၊ ဘုရင့်နောင်၊  အလောင်းဘုရား ဆိုတဲ့ ဗမာစစ်ဘုရင် သုံးပါးရဲ့ရုပ်ထုကြီးတွေအောက် မှာပြု လုပ် တာပါ။

ပွင့်ပွင့် လင်းလင်း ၀န်ခံရရင် အဲဒီစစ်ရေးပြ အခမ်း   အနားကို ကြည့်နေချိန်   ကျွန်တော်   မပျော်ရွှင်ပါဘူး။    စိတ်ညစ် ညူးနေတယ် ဆိုရင် ပိုမှန်ပါ လိမ့်မယ်။ အကြောင်းတွေ အများကြီးပေါ့ဗျာ။ ဒီနေ့  အဲဒီတိုက်ဆိုင်တဲ့ အကြောင်း တချို့ပြောပြပါ့ မယ်။နေပြည်တော် မှာထုလုပ် ထားတဲ့ ရုပ်ထုပုံစံ အတိုင်း  ဘုရင့်နောင် မင်းတရားကြီးရဲ့ ရုပ်ထု တစ်ခုမြန်မာပြည်တောင် ဘက်စွန်းကော့သောင်းမြို့က   ထိုင်းနိုင်ငံ ဘက်အခြမ်းကို  လှမ်းမြင်ရတဲ့ ကုန်းမြင့် တစ်ခုပေါ် မှာလည်းတည် ထားပါသေးတယ်။

ဒါပေမဲ့ သိတဲ့ အတိုင်းပဲဟော… ဟိုတစ်ဖက်ကမ်း ထိုင်းနိုင်ငံရနောင်း နဲ့နေရာ  အနှံ့  အပြားမှာ ဘုရင့်နောင်မင်း တရားကြီးရဲ့  သားမြေးတွေဖြစ်တဲ့ ဗမာ အပါ အ၀င်မြန်မာနိုင်ငံ သားတွေဟာ သူတစ်ပါး အနှိမ်ခံ     ပြီးအောက်ခြေသိမ်း   အလုပ်တွေ ၀င်ရောက်      လုပ်ကိုင်နေကြ ရပါတယ်။    ဒါကအရင်က    တည်းက ကျွန်တော်ပြော ခဲ့ဖူးတဲ့စကား။

ဒီနေ့ပိုစိတ်အနှောင့်အယှက် ဖြစ်ရတာက ပြီးခဲ့တဲ့ရက်ပိုင်းကထွက်ပေါ်လာတဲ့ အမေရိကန်အခြေစိုက်အေပီ သတင်း ဌာနရဲ့ Investigative Reporting သတင်း တစ်ပုဒ်ကြောင့်ပါ။ အဲဒီသတင်း ထဲမှာ ထိုင်းကနေ တစ်ဆင့် အင်ဒိုနီးရှားနိုင်ငံကို လူမှောင်ခိုအဖြစ် ကုန်ကူးခံရပြီး အင်ဒိုနီးရှားနိုင်ငံဘန်ဂျီနာ ကျွန်းမှာ ကျွန်တွေ အဖြစ် ရက်ရက် စက်စက်စေခိုင်း အလုပ် လုပ်နေရ တဲ့ ဗမာကျွန်တွေ အကြောင်း သက်သေ  အထောက် အထားတွေ နဲ့တကွဖော်ပြ ထားလို့ပဲ။ ဒီသတင်း ကိုမ ဖတ်ရခင်အချိန်တုန်းက အထိကျွန်တော်ဟာ ထိုင်းငါးဖမ်း စက်လှေတွေ ဆီရောင်းစားခံရ တဲ့မြန်မာရေလုပ် သားတွေအကြောင်း အတော်အတန် သိသလောက် သိထားပါတယ်။

သူတို့တွေ ကျွန်တွေ သဖွယ်စေခိုင်း ခံရတယ် ၊နှိပ်စက်ခံ ရတယ်၊ တစ်ခါ တစ်ရံ အသတ်ခံ ရတယ် ဆိုတာမျိုး ကိုလည်း သိထား ပါတယ်။ ကျွန်တော် ကိုယ်တိုင် လွန်ခဲ့တဲ့ ၁၀နှစ်ဝန်း ကျင်လောက် ကတည်းက ထိုင်းနိုင်ငံ ကမြန်မာ အများစု လုပ်ကိုင်နေ တဲ့ရေလုပ်ငန်းတွေ ကိုသွား ပြီးလေ့လာ ဖူးပါတယ်။ ဒါပေမဲ့ အခုအေ ပီသတင်း ဌာနကဖော် ထုတ်တဲ့ ဗမာကျွန်ဇာတ်လမ်းလောက်တော့ ဆိုးမယ်ထင် မထားခဲ့ဘူး။ အဲဒီ ကျွန်းမှာက ဗမာကျွန်တွေကို ရက်ရက် စက်စက်စေ ခိုင်းကြ တဲ့အပြင်ကျောကုန်းကို လိပ်ကျောက်မြီးနဲ့ ရိုက်တာမျိုး အထိ ရက်စက်တယ် လို့ဖော်ပြ ထားပါတယ်။

နောက် အလုပ်စေခိုင်းပြီးရင် သံလှောင်ချိုင့် လိုနေရာထဲထည့် ပြီးသော့ ခတ်ထား တာကိုလည်း အထောက် အထားနဲ့ တကွတွေ့ ကြရပါတယ်။ အတော်ဆိုးရွား တဲ့ခေတ် သစ်ကျွန်ပြုမှု လို့ပြောရင် ရပါတယ်။ တစ်ဖက်က တိုင်းတစ်ပါးမှာ ဗမာတွေ အဲလိုကျွန်ပြုခံနေရတာကို သိထားတော့ ကျွန်တော့် အနေနဲ့ ဘယ်လိုလုပ် ပြီးတပ်မတော်နေ့ စစ်ရေးပြ အခမ်းအနားကို ခံစားလို့ ရတော့ မှာလဲနော်။

ကိုမျိုးသန့်ရေ

တစ်ပြိုင်နက် တည်းမှာပဲ။ မတ်လ  ၂၅ ရက်ထိ တပ်မတော်ဟာ ကိုးကန့်တပ်ဖွဲ့ ၊ကေအိုင်အေ လို့ခေါ်တဲ့ ကချင် လက်နက် ကိုင်တပ်ဖွဲ့နဲ့ တိုက်ပွဲကြီးတွေဖြစ်နေ သလို မတ်လ ၂၆ ရက်မှာတော့ ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့က အရှေ့မြောက်တိုင်း စစ်ဌာနချုပ် တည်ရှိရာ ဧရိယာကို  အမည်မသိ လက်နက် ကိုင်တွေက အာရ်ပီဂျီပခုံး ထမ်းလောင်ချာတွေနဲ့ ၀င်ပစ်သွား တဲ့ဖြစ်စဉ် ရှိခဲ့တယ်။

ကျွန်တော် နားလည်သလောက် ကတော့ ဒါဟာပြည်တွင်း ပဋိပက္ခပြဿနာပါပဲ။ အခု  လက်နက်ကိုင် တိုက်ပွဲဖြစ်နေတာ ကလည်း ကိုယ့်တိုင်း ရင်းသားအချင်း ချင်းပါပဲ။ သမ္မတဦးသိန်းစိန် တက်လာပြီးနောက်ကေအိုင်အေနဲ့ တိုက်ပွဲတွေပြန်ဖြစ်၊ ကချင်တိုင်းရင်းသားတွေသောင်းနဲ့ချီပြီး ဒုက္ခသည်အဖြစ် ခိုလှုံနေ ကြရတာ ခုဆို သုံးနှစ်ကျော်လေးနှစ် ထဲတောင် ၀င်လာနေပြီ။ အဲဒီ အကြောင်းတွေ စဉ်းစား မိတော့လည်း တပ်မတော်နေ့ စစ်ရေးပြ  အခမ်းအနား ကိုကြည့်ရတာ စိတ်မ သက်မသာ ဖြစ်မိတယ်။

နောက်တစ်ခုဆိုင်သလားမဆိုင်ဘူးလားတော့ မသိဘူး။ တပ်မတော်က ပျံသန်းပြတဲ့ တိုက်လေယာဉ်တွေ၊ ရဟတ်ယာဉ်တွေ၊ လက်နက် တင်ယာဉ်တွေ ကိုတွေ့ ပြီး၊ ပြီးခဲ့တဲ့ ရက်ပိုင်း ရခိုင်ပြည်နယ်မှာ နစ်မြုပ်သွားတဲ့ အောင်တံခွန် (၃) သင်္ဘောပြဿနာ ကိုလည်း သတိရနေ မိတယ်ဗျာ။ အဲဒီမှာ ခရီးသွားပြည်သူ (၇၀) နီး ပါးသေဆုံး ခဲ့တာမို့ အတော်ဆိုးရွားတဲ့ မတော်တဆမှုလို့ မှတ်ယူနိုင် ပါတယ်။

အကြောင်းရင်း ကတော့  အိုမင်းဟောင်းနွမ်း၊  ယိုယွင်း ပျက်စီးနေတဲ့ သင်္ဘောကို အသုံးပြု ကြရတာ၊  ခရီးစဉ် နည်းတော့ လူ  အဆမတန် တင်တာ၊  ကုန်တင် သင်္ဘော မဟုတ်ပါဘဲ ကုန်ကို အဆမတန် တင်တာ။ အဲဒါတွေက အဓိက အချက်တွေလို့ ထင်ပါတယ်။

ခြုံငုံပြောရရင် တိုင်းပြည် ဆင်းရဲမွဲတေလို့  ခုလို  သင်္ဘောနစ်မြုပ်၊ လူသေဆုံး သည်အထိဖြစ် ရတယ်လို့ ပဲကောက် ချက်ချထား ပါတယ်။ အဲဒါနဲ့ တပ်မတော်နေ့ အခမ်းအနားက တိုက်လေယာဉ်တွေ ရဟတ်ယာဉ်တွေ၊ လက်နက်တင်ယာဉ်တွေ အကြောင်း ဆက်စပ်စဉ်းစား မိတာပါ။

တကယ်တော့ ကျွန်တော်တို့ တပ်မတော်ကလည်း ဒီလောက်တောက်ပြောင် တာတော့ မဟုတ်ပါဘူး။ အကြောင်း ကတော့ တိုင်းပြည်ဆင်း ရဲလို့ပါ။ တကယ်လို့ များကျွန်တော်တို့တိုင်းပြည် စစ်မက်ဖြစ်ပွား တာမရှိ ၊ပြည်တွင်းမှာ ငြိမ်းချမ်းနေရင် လူမှုစီးပွား ဖွံ့ဖြိုး တိုးတက်ရေး ကိုလည်း အများကြီးဆောင်ရွက်နိုင်၊ နိုင်ငံတ ကာ ရင်းနှီးမြှုပ်နှံမှုတွေ လည်းများ၊ ကုန်သွယ်ကူး သန်းမှုကို လည်းကောင်းကောင်း လုပ်နိုင်မှာပဲ။ တိုင်းပြည် ချမ်းသာ လာမှာပါပဲ။ အဲလို တိုင်းပြည်ချမ်း သာရင် ကျွန်တော်တို့ တပ်မတော်သားတွေရဲ့ ဘ၀နဲ့ တပ်မတော်လည်း ဒီထက် အင်ပြည့်အားပြည့် ပိုပြီး ပြောင်ပြောင်ရောင်ရောင် ရှိမှာပဲလို့ စဉ်းစားနေမိပါကြောင်း။

Credit - Mizzima News

No comments:

Post a Comment